အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, August 31, 2013

တဖြည်းဖြည်းနဲ့ဝေး

မြင်နိုင်ပေမယ့် အလှမ်းဝေးတဲ့
တိမ်လွှာတွေလို မင်းလေးနဲ့
တရွေ့ရွေ့ဝေးကွာ သွားတဲ့အခါ
မတားနိုင်ပါလားကွယ်
မတားနိုင်ပါလားကွယ်
တဖြည်းဖြည်း မင်းဟာ မှုန်ဝါး
တဖြည်းဖြည်း မင်းဟာ မှုန်ဝါး

                                 








အတူတူနေထိုင်ရင်း လွမ်းဆွတ်
မကြာခင်အချိန်မှာ ဝေးကြဖို့
အမိန့်ထုတ်ခဲ့ပြီ ဘဝဇာတ်ဆရာ
ဖူးစာ မဆုံတော့ပြီ
ကုသိုလ်ကြမ္မာကမမှီ
ဝဋ်ရှိသမျှ ကိုယ်ခံစား
ဝဋ်ရှိသမျှ ကိုယ်ခံစား







အော်ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ဝေး
တဖြည်းဖြည်းနဲ့ဝေး
တဖြည်းဖြည်းနဲ့ဝေး
ဝေးရတော့မှာလား
ဝေးရတော့မှာလား






သံသရာ ဒီစက်ဝိုင်းကြီးထဲ
ပြန်ဆုံရန် ဆုတောင်းများက
နောက်ဘဝမှသာ ပြည့်တော့မှာ
မဖြစ်နိုင် ဒီဘဝမှာ
အချစ်ရေ ဒီမျှသာ
နောက်ဘဝတွေ့မယ် ယုံလား
နောက်ဘဝတွေ့မယ် ယုံလား 





အော်ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ဝေး
တဖြည်းဖြည်းနဲ့ဝေး
တဖြည်းဖြည်းနဲ့ဝေး
ဝေးရတော့မှာလား
ဝေးရတော့မှာလား


Thursday, June 3, 2010

ကွဲကွာခြင်း


ထားခဲ့ပါတော့ မှားခဲ့တာကကိုယ်
အချစ်စစ် ခုံရုံးမှာ
သစ္စာမဲ့သူ ကတိမတည်သူ
မျက်နှာများသူ ပွေရှုပ်သူ
ကျေးဇူးမသိတတ်သူ မေ့လွယ်သူ
ကြိုက်ရာစွဲချက်နဲ့တင် အမိန့်ချလိုက်ပါတော့
ကိုယ်ဘာမှ လျှောက်လဲချက် မပေးလိုတော့ပါဘူး
နှလုံးမအေးပေမဲ့
ရင်နာစွာနဲ့ အရှုံးပေးလိုက်တယ်။



ချမှတ်တဲ့ အပြစ်ဒဏ်
အလွမ်းထောင်ဒဏ် တသက်
ကိုယ့်မျက်ရည်ကို အဖော်ပြု
တဆွေးမြေ့မြေ့ ခံပါ့မယ်။
ဒါပေမယ့်လဲ........
မင်းမယုံကြည်တဲ့ အသဲကို
သက်သေပြု သစ္စာတခု ဆိုပါရစေ........
မင်းကို ချစ်ခဲ့တယ် ချစ်နေဆဲ
နောက်ဆုံး ထွက်သက်ထိ
ချစ်သွားမယ်.......

***မေ(၃၁) အမှတ်တရ........***

Friday, April 30, 2010

Burma is a land of creation, innovation, inspiration.

The Burmese Student Association at UCLA is proud to present a screening of a brand new documentary: "Rangoon Cocoon", on another side of Burma, a vibrant Burma that hasn't stopped dreaming.

Join us Wed. May 12 @ De Neve Auditorium, starting at 7 pm to discover for yourself, the enduring spirit of the Burmese people.

Press release:
Headlines claim: Burma is a land of blood and tears. A land of raised fists against raised batons. A land scarred by cyclones and drug trade.

And yet, Burma is also a land of creation, innovation, inspiration. A cocoon where a thousand metamorphoses take place and a thousand butterflies take flight - rock stars and intellectuals, journalists and bar owners, high tech monks and transsexuals, contemporary artists and daredevil entrepreneurs. Even caught in a nightmare, Burma never stops dreaming.

The documentary presented this year at UCLA is the fruit of the 15,000 pictures and 40 hours of video they brought back. More than a tribute to the enduring spirit of the Burmese people, “Rangoon Cocoon – A story of Burmese Butterflies” illustrates how the faintest flapping of wings can herald the most profound changes.

Type : Music/Art Opening

Sample of Burmese Culture, Beauty & Art: Video; Music & View Point

Date : Wednesday, May 12, 2010

Time :7:oo P.M to 10:00 P.M

Location :De Neve Auditorium

Street :351 Charles E Young Drive

City/Town : Los Angeles, CA


http://www.rangooncocoon.com/

Friday, July 3, 2009

ရင်ထဲမှာ မင်းရှိတယ်

တချိန်ချိန်မှာ လာလေမလား ရယ်လို့
တယောက်သော သူကို စောင့်နေတယ်။
စက္ကန့်မှ မိနစ်၊ မိနစ်က နာရီ
တမိုးသစ်ပြီး တနေစောင်းလဲ
ချစ်သူလုံးဝ ပေါ်မလာပြီ။

သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လဲ မင်းမထူး
email ပို့လဲ အကြောင်းမပြန်
မင်းတယောက် နေမှကောင်းရဲ့လား............

တမိုးအောက်ထဲပေမယ့်
တယောက်တနေရာဆီ
သတိရရင် ခေါင်းကိုမော့
သာစဲ သာမြဲ လမင်းကြီးကိုကြည့်
စကားတွေ တ၀ကြီးပြော
ကို့အနားမှာ မင်းရှိသလို.............
ချစ်သူရောက်ရာအရပ်မှာ ပျော်ပါစေ။
ငါကတော့ တယောက်ထဲပဲ
ရင်ထဲမှာတော့ မင်းရှိတယ်။


***တချိန်က တနေရာရာမှာ ဖော်ပြခဲ့တဲ့ ကိုယ်တိုင်ရေးပါ။ ဆားချက်တယ်လို့ မထင်ပါနဲ့...... ဆားချက်တာပါ။ အမှတ်တရလေးမို့ မေ့မေ့ ပျောက်ပျောက်ထားရင် ကဗျာလေး ပျောက်ပျက်သွားမှာ စိုးရိမ်လို့ ပြန်လည်တင်ဆက် လိုက်ပါတယ်ဗျာ။ ***