အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Thursday, June 3, 2010

ကွဲကွာခြင်း


ထားခဲ့ပါတော့ မှားခဲ့တာကကိုယ်
အချစ်စစ် ခုံရုံးမှာ
သစ္စာမဲ့သူ ကတိမတည်သူ
မျက်နှာများသူ ပွေရှုပ်သူ
ကျေးဇူးမသိတတ်သူ မေ့လွယ်သူ
ကြိုက်ရာစွဲချက်နဲ့တင် အမိန့်ချလိုက်ပါတော့
ကိုယ်ဘာမှ လျှောက်လဲချက် မပေးလိုတော့ပါဘူး
နှလုံးမအေးပေမဲ့
ရင်နာစွာနဲ့ အရှုံးပေးလိုက်တယ်။



ချမှတ်တဲ့ အပြစ်ဒဏ်
အလွမ်းထောင်ဒဏ် တသက်
ကိုယ့်မျက်ရည်ကို အဖော်ပြု
တဆွေးမြေ့မြေ့ ခံပါ့မယ်။
ဒါပေမယ့်လဲ........
မင်းမယုံကြည်တဲ့ အသဲကို
သက်သေပြု သစ္စာတခု ဆိုပါရစေ........
မင်းကို ချစ်ခဲ့တယ် ချစ်နေဆဲ
နောက်ဆုံး ထွက်သက်ထိ
ချစ်သွားမယ်.......

***မေ(၃၁) အမှတ်တရ........***

10 comments:

khin oo may said...

လူပျိုကြီးဖြစ်ရခြင်းအကြောင်းရင်း..........

Anonymous said...

အားပါး ....
လေးစားသွားပြီ
နောက်ဆုံးထွက်သက်အထိဆိုပါလား

မနော်

Anonymous said...

ကဗျာဖတ်ပြီး ENRIQUE သီချင်းနားထောင်သွားပါတယ် ...

mie nge

သစ်သစ် said...

မိုက်တယ်ကွာ....စာသားတွေကလန်းနေတာပဲ...း)

မေလေး said...

အလဲ့
တယ်ဟုတ်ပါလား
နောက်ဆုံးထွက်သက်ထိဆိုဘဲ :D

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဦးဟတ်ရေ

ဖတ်သွား မှတ်သားသွားပါတယ်။

အချိန် ရရင်ရသလို စာတွေဆက်ရေးပါ။

နန္ဒာ :))

ရွှန်းမီ said...

ကိုကြီးဟတ်..
ကဗျာတင်ထားတာ ခုမှတွေ့တယ်..
ကဗျာက အသက်ဝင်နေတယ်..
စာသားတွေက စကားပြောနေတယ်..
နုနေတာ ငါးနှစ်လောက် ပြန်ငယ်သွားသလိုပဲ =)
(လူကြီးကို မလေးစားသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ)

အမရာ said...

ပြတိုက်ကြီးကတော့
နုနေတာပြောချင်တော့ဘူး....

Heartmuseum said...

အာ..... အမKOM ကလဲ လုပ်ပြီ:D
လူရှိန်မလားလို့ပါ မနော်......
Thanks မမီးငယ်......
မသစ်ရေ..... မလန်းဘူး အသဲကွဲနေသည် :P
အာ... နန္ဒာရေ.....ရက်ရက်စက်စက် ဦးဟတ်တဲ့ :D အမြဲတမ်း ၁၈နှစ် သဘောပေါက် :P summer အတန်း မဖွင့်ခင်၊ သင်တန်း မသွားခင် ရက်ပိုင်းလေးအားလို့..... ဟီးးးးး
you လဲ comment တွေ လက်ခံသင့်ပြီ။ ဒေါ်မာမာအေး ဗျုးထားတာ ကောင်းတယ်။
ရွှန်းရေ... ၁၂နှစ်၊၁၅နှစ် ငယ်တယ်ပြောမှ ထမင်းကျွေးမယ်။:P
အမရာကလဲ.... နုဆို ငယ်သေးတယ်လေ... ဟိုနေ့ကမှ အမေက အပြင်ကို တယောက်ထဲလွတ်တာ.... :P

ရွှေပြည်သူ said...

စွဲမြဲတဲ့ အချစ်ကို လေးစားမိပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်သက်အထိတော့ ဒီလိုကြီးပဲ မခံစားစေချင်ဘူး ကိုအညတရကြီးရေ... ပျော်ရွှင်ပါစေ...