တချိန်ချိန်မှာ လာလေမလား ရယ်လို့
တယောက်သော သူကို စောင့်နေတယ်။
စက္ကန့်မှ မိနစ်၊ မိနစ်က နာရီ
တမိုးသစ်ပြီး တနေစောင်းလဲ
ချစ်သူလုံးဝ ပေါ်မလာပြီ။
သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လဲ မင်းမထူး
email ပို့လဲ အကြောင်းမပြန်
မင်းတယောက် နေမှကောင်းရဲ့လား............
တမိုးအောက်ထဲပေမယ့်
တယောက်တနေရာဆီ
သတိရရင် ခေါင်းကိုမော့
သာစဲ သာမြဲ လမင်းကြီးကိုကြည့်
စကားတွေ တ၀ကြီးပြော
ကို့အနားမှာ မင်းရှိသလို.............
ချစ်သူရောက်ရာအရပ်မှာ ပျော်ပါစေ။
ငါကတော့ တယောက်ထဲပဲ
ရင်ထဲမှာတော့ မင်းရှိတယ်။
***တချိန်က တနေရာရာမှာ ဖော်ပြခဲ့တဲ့ ကိုယ်တိုင်ရေးပါ။ ဆားချက်တယ်လို့ မထင်ပါနဲ့...... ဆားချက်တာပါ။ အမှတ်တရလေးမို့ မေ့မေ့ ပျောက်ပျောက်ထားရင် ကဗျာလေး ပျောက်ပျက်သွားမှာ စိုးရိမ်လို့ ပြန်လည်တင်ဆက် လိုက်ပါတယ်ဗျာ။ ***
23 comments:
ကဗျာလေးမေ့ပျောက်သွားမှာစိုးရိမ်တာလား
အော် ကောင်တယ်နော် ကိုကြီးအဲ့လို
ဆားချက်တော့ မဟောင်းသွားဖူးပေါ့နော် ကိုကြီး
ဆားကတော့လေးသာပဲနော်
ခင်တဲ့
မြူးလေး
ကိုယ်တိုင်ရေးတဲ့ ကိုယ်ပိုင်ခံစားချက်ပေါ့နော်။
ရေးတတ်တယ်အကိုက။ တော်လိုက်တာနော်.
ကဗျာလေးရေးတတ်သလို၊ ချစ်သူအပေါ်သစ္စာရှိတဲ့သူဖြစ်မယ်။
အရမ်းကောင်းတဲ့ကဗျာလေးပါး။
အားပေးတယ်။
ခင်တဲ့
ဂျာမုန်းဒန်
ကဗျာလေးရေးတတ်သလို၊ ချစ်သူအပေါ်သစ္စာရှိတဲ့သူဖြစ်မယ်။
အရမ်းကောင်းတဲ့ကဗျာလေးပါး။
အားပေးတယ်။
ခင်တဲ့
ဂျာမုန်းဒန်
သဘောကျတယ်။
မင်္ဂလာပါ ကိုဟကြီး
လာဖတ်တယ်နော။
နေပါဦး... ဘုရင်က ဦးပေါ်ဦးကို မေးသလိုပေါ့၊ သူ့ချည်းပဲလော...
အီးမေးတခုတည်း မရဘူးလေ၊ ဖုန်း ဆက်လိုက်ပါဦးး)
ဟဟ ။ ခင်လို့ စ တယ်နော်
ရွှင်လန်းချမ်းမြေ့ပါစေ...
အော် ဦးဟတ်ကြီးကလဲ ဂလိုလား ခိခိ သိဘူုးလေ အရှိဘူးမှတ်နေတာ ဟဟဟ
ဒီလိုလေးရော
မင်နဲ့ ငါနဲ့ တမိုးအောက်ထဲမှာ နေကြပေမယ့် ကံကြမ္မာက ငါတို့ကို တွေ့ခွင့်မပေးပါဘူး ငါလေဖြစ်နိုင်ရင် ငှက်ကလေး တကောင် အဖြစ်နဲ့ မင်းရဲ့ အနားမှာ နေချင်တယ် ဒါကို မင်းယုံလား
ကဲဘယ်လိုလဲ ကောင်းလား ဟဟဟ ဦးဟတ်ကြီးရေးတာလေးကို တွေ့ပြီး လျှောက်ရေးဖြစ်တယ်ခိခိ မကောင်းရင်လဲ စိတ်ချိုးနဲ့ နော်
ဘိုင်
ကိုဟတ်
ကဗျာရေးလည်းကောင်းတာပါပဲ
ခင်မင်လျက်
အကြွေဆင်ပဲ ကိုဟရေ ...
ဂွတ်ဗျာ ....
ဆားချက်တယ်ဆိုပေမယ့် မဖတ်ရသေးတဲ့ ကျွန်မတို့အတွက်တော့ အသစ်ပါပဲ ကိုအညတရကြီးရေ။ ကဗျာက တကယ်ကို ဆွေးဆွေးမြေ့မြေ့လေး...
တခါတလေတော့ မေ့ပစ်ရတဲ့ အတိတ်ဆိုတာ ရှိတယ်ဟဲ့ ကိုအညတရရဲ့။ ကျမ လည်း ရောက်ကြောင်း ခြေရာလေးချန်ရင်း ပြောခဲ့တယ်ဗျ။
ဟင်း..တို့အကိုကြိးရိုးတယ်ရိုးတယ်နဲ့
တယ်ဟုတ်ပါကလား..............
ကိုဟတ်ကြီးရေရရ...
ဆားချက်တာကို ဆားချက်တယ်လို့ မြင်မိဖူးပဲ..
မဖတ်ရသေးသူ အားလုံးအတွက်တော့ အသစ်
တော်တော့်ကို ခင်မိတဲ့....
ဘယ်တစ်ယောက်ကို ပြောတာလဲ :P နှောက်တာနော်.. အဆင်ပြေပါစေ... အရမ်းချစ်တတ်တာ အကောင်းဘူး။
တချိန်က တစ်နေရာရာမှာ ကိုယ်တိုင်ကြွေပြီး ကိုယ်တိုင်အန်ချခဲ့တဲ့ ကာရန်တွေလား။ ကဗျာလေးကတော့ ခုထိ သစ်လွင်ဆဲပါ။ အရင်က အလွမ်းတွေရော ရှင်သန်နေတုန်းလား။ အဆွေးတွေပျောက်ပြီး အပျော်တွေရောက်နေပြီလား။ အိမ်သစ်တက်ပွဲ မုန့်စားရမှာလား။ လား..လား...လား....
ကောင်းပါ၏ဗျာ။ =)
အင်းးးးးး ဒီကဗျာလေးကို ဖတ်မိတော့ တချိန်က ကိုယ်အဖြစ်အပျက်ကို ကိုယ် သတိရမိသွားတယ်.....
ပြတိုက်မှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းကဗျာလေးက နွေးနေဆဲ .. =)
သတင်းစကားလေးသိပါရစေ. သတိရလို့လာရှာပါတယ။်
သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လဲ မင်းမထူး
email ပို့လဲ အကြောင်းမပြန်
မင်းတယောက် နေမှကောင်းရဲ့လား............
ကဗျာရေးသူလည်းပျောက်နေတယ်
ဗျို့--------အိမ်ရှင်တို့----??????????//
ရောက်ပါတယ်ဗျာ
လာလည်ပါတယ်ရှင်
လင့်ထားခွင့်ပြုပါ
ဖုံတက်နေသောပြတိုက်ကြီးထဲ လာချောင်းကြည့်ပါသည် =)
Post a Comment