ရင်ထဲက ဆန္ဒကို တိုတိုတုတ်တုတ် ပြောရရင်တော့ မြန်မာပြည်ကို ပြန်ချင်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေ မှာတော့ ဘယ်လိုမှ မပြန်နိုင်သေးပါ။ နိုင်ငံခြားကို ရောက်ကာစက ကျွန်တော့် ရည်မှန်းချက်တွေ မပြည့်သေးတာ ကြောင့် မပြန်ဖြစ်ခဲ့ဘူး။ အနေနဲနဲ ကြာလာတော့ ပညာရေးကလဲ တပိုင်းတစနဲ့မို့ ပန်းတိုင်မရောက်သေးခင် မပြန်သေးပါဘူးလေဆိုပြီး အလည်တောင် မပြန်ဖြစ်ခဲ့ဘူး။ (စားရိတ်မတတ် နိုင်တာလဲ ပါတာပေါ့လေ။) ပညာတတ် ပြန်တော့ကော ကျွန်တော့်ပညာရေးနဲ့ အံ့ဝင်ဂွင်ကျဖြစ်မဲ့ အလုပ်နဲ့ဝင်ငွေကို မြန်မာနိုင်ငံမှာ ရှာဖို့ဆိုတာ မဖြစ်နိုင်သေးတာမို့ ပြန်ဖြစ်ပါ့မလား မသိပါ။ (ကုန်ထားတဲ့ ပိုက်ဆံနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး ရင်းနှီးခဲ့ရတဲ့ အချိန်တွေအတွက် ထိုက်သင့်တဲ့ ငွေကြေး မရှာလို့ မဖြစ်သေးဘူးလေ... ဟုတ်တယ်ဟုတ်)

လက်ရှိ ဆန္ဒကတော့ တက်နေတဲ့ကျောင်း မြန်မြန်ပြီး ချင်နေတယ်။ ဒါပေမယ့် မနှစ်က အဖေ နေမကောင်းတော့ ဆေးကုသမှုစားရိတ်၊ အဖေ ကွယ်လွန် အနိစ္စရောက်တော့လဲ သူ့ဆန္ဒအတိုင်း ဂူသွင်းသဂြိုလ်စားရိတ်၊ အဲ... အဖေ ခေါင်းချရာ နေရာလေး ဘေးမှာလဲ တရုတ်ထုံးစံအရ အမေ့အတွက် မြေနေရာ ကြိုဝယ်ထားရတဲ့ စားရိတ်စတဲ့ သောက်သောက်လဲ ကုန်ထားတဲ့ငွေတွေကို ပြန်ရှာနေပါတယ်။ အဖေက ကျွန်တော်နဲ့ လာနေရင်း အမေရိကန်မှာပဲ ကွယ်လွန် အနိစ္စရောက်ပါတယ်။ ကျွန်တော် အထက်တန်းအောင်စာရင်း ထွက်ပြီး မကြာခင်မှာပဲ အဖေက လေဖြတ်သွားလို့ ကျွန်တော် (၁၈)နှစ်သား လောက်ကတည်းက မိသားစုတာဝန် ထမ်းလာတာ အခုအချိန်ထိ ဆိုပါတော့လေ။ ဘာလိုလိုနဲ့ ပညာရေးတဖက်၊ အလုပ်တဖက်နဲ့ မိသားစုတာဝန်ယူခဲ့တာ ၁၈နှစ်တောင် ကြာခဲ့ပြီကောလေ။ မြန်မာပြည်ကဘွဲ့က လူသိတ်မလေးစားလို့ လူရိုသေ ရှင်ရိုသေ ခံချင်လေတော့ ဒီနိုင်ငံက လူတွေ လေးစားလောက်တဲ့ ဘွဲ့လေးတခု ရအောင်လဲ အသက် (၃ဝ) ကျော်ပေမယ့် ခွေးအိုကြီး လက်ပေးသင်သလို ကျောင်းစာကို ကြိုးစားသင် နေလေရဲ့..... အလုပ်လုပ်ရင်း ၊ အမေကိုစောင့်ရှောက်ရင်း နဲ့ပေါ့လေ။

မောင်နှမသားချင်းလား..... ရှိတာပေါ့ဗျာ... ရှိတာမှ သိတ်ရှိ အမေက ထိုင်ဝမ် အထွက်တိုးမျိုးဗျ။ မောင်နှမက ကျွန်တော်အပါအဝင် (၉)ယောက်တောင် မွေးထားတာ။ ကျွန်တော်က အငယ်ဆုံးသားလေ..... ဒီနေရာမှာ မိဘတာဝန်ကို ကျန်တဲ့သူတွေက မယူဘူးလားလို့ မေးစရာပါ။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့လေ။ "တာဝန်ဆိုတာ တာဝန်သိမှ တာဝန်ရှိတာပါ။" သူတို့လား.... အားလုံး ကျွန်တော့်ထက် ချမ်းသာတာပေါ့....။ ဒါပေမယ့် အမေနဲ့ အဖေက ကျွန်တော်နဲ့ နေတာကိုပဲ ပျော်သတဲ့ ဟဲဟဲ..... သူတို့ အပြောပေါ့လေ။ ကျွန်တော်ကလဲ မိဘကို လုပ်ကျွေးပြုစုပြီး ကျေးဇူးဆပ်ခွင့်ရတာကို ဝမ်းသာပါတယ်လေ။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ကျွန်တော့်မိဘတွေ ကြိုက်တဲ့နေရာမှာ နေပါစေလေ.... အခုလားးးးး အမေက အိမ်မှာနေရတာ ပျင်းလို့ဆိုပြီး နယူးယောက်ဖက်ကို လည်လည်သွားနေလေရဲ့.... ခရီးစားရိတ်လားးးး မမေးပါနဲ့။ ဒီကောင်ကြီးပဲပေါ့ဗျာ။

နောက်ထပ် ဆန္ဒတခုကတော့ အိမ်ဝယ်ချင်တဲ့ ရောဂါပေါ့ဗျာ။ ဒီ အမေရိကန်မှာ နေတာ (၄)နှစ်ရှိပြီဆိုတော့ ကိုယ်ပိုင်အိမ်နဲ့ နေချင်တဲ့ရောဂါ ထပြီပေါ့လေ။ "အမေရိကန်အခက် ကျွန်တော်တို့အချက်" ဆိုပြီး မြန်မာပြည်ကနေ ကျွန်တော်နဲ့ အတူတူ ဘုရင့်နောင်ထုံး နှလုံးမူပြီး ဖောင်ဖျက်လာတဲ့ သူငယ်ချင်းက အိမ်ဝယ်ဖို့ တိုက်တွန်းနေလေတော့ ကျွန်တော်ကလဲ ရူးပြီပေါ့လေ။ မြန်မာပြည်မှာနေတုန်းကလဲ ကျွန်တော်လုပ်တဲ့ အဓိကစီးပွားရေးထဲမှာ အိမ်ရောင်း၊အိမ်ဝယ်က ထိပ်ဆုံးကပါခဲ့တယ်လေ။ အဲဒီတော့ အိမ်ဝယ်ဖို့ အရူးထတာ မဆန်းပါဘူးလေ။ အမေရိကန် စီးပွားရေးက သိသိသာသာ ထိုးကျနေလေတော့ အမေရိကန်လူမျိုးတွေ စီးပွားပျက်ပြီး အိမ်ကြွေး မဆပ်နိုင် ဖြစ်ကုန်ကြတော့ အိမ်တွေကို ဘဏ်တွေက သိမ်းပြီး အောက်ကြေးနဲ့ ပက်ပက်စက်စက် ချရောင်းနေတာ ပွဲတော်ကြီး ကျနေလေရဲ့...... အာရှက တရုတ်တွေတောင် ဒီမှာ မနေပဲ အမျှော်အမြင်ရှိရှိ ဒီမှာလာ အိမ်တွေဝယ်ပြီး ရင်းနှီးမြှုပ်နှံ နေကြတဲ့အချိန်မှာ ကျွန်တော်တို့က အောက်ကြေးနဲ့ လိုက်မဝယ်ရင် နောင်ဝယ်ဖို့ မစဉ်းစားပါနဲ့။ ဈေးတက်သွားရင် ဘယ်လိုမှ လက်လှမ်းမမှီ နိုင်ပါဗျာ။ (အိမ်ဝယ်တာနဲ့ ပက်သက်ပြီး post တခု သီးသန့် ရေးပါအုံးမယ်။)

ကျွန်တော်ကို တိုက်တွန်းတဲ့ သူငယ်ချင်းဆိုရင် သူနေတဲ့အိမ် အပါအဝင် ဒီနှစ်အတွင်း ဝယ်တာ အိမ်(၃)လုံးတောင် ရှိပါပြီ။ ကျွန်တော်လဲ အခု အိမ်ဝယ်ချင်တဲ့ဆန္ဒ ချဉ်ချင်းတက် နေပါတယ်။ ဒီလအတွင်း အိမ်တလုံး ဝယ်ဖြစ်အောင် ဝယ်ပါ့မယ်။ အိမ်ဝယ်မယ်ဆိုလို့ အထင်မကြီးပါနဲ့။ ဘဏ်ကနေ ငွေချေးပြီး ဝယ်မှာပါ။ အဲဒီ သူငယ်ချင်းက ဘဏ်မှာ ငွေချေးအရာရှိ လုပ်နေသူပါ။ ဘယ်သူဘယ်ဝါကို အိမ်ဝယ်ဖို့ ငွေချေးမယ်။ ဘယ်သူဘယ်ဝါ ကတော့ဖြင့် မယုံကြည်ရလောက်လို့ ငွေမချေးဘူး စသည်ဖြင့် ဘဏ်ကိုယ်စား သူက ဆုံးဖြတ်ရတဲ့သူပါ။ သူနဲ့ ကျွန်တော်က မြန်မာပြည်မှာ အထက်တန်းမှာကတည်းက ကျောင်းနေဖက်တွေပါ။ အမေရိကန်ကို ထွက်လာတော့လဲ အတူတူပါပဲ။ ကျွန်တော်တို့ မြန်မာပြည်က ထွက်ဖို့ လေယာဉ်လက်မှတ် အတူတူဝယ်ဖို့ စီစဉ်ပြီးကာမှ ကျွန်တော်က အိမ်မှာလုပ်စရာ အလုပ်လေးတွေ မပြတ်လို့ (၂)လပဲ နောက်ကျ တာပါ။ ဘဏ်ကငွေချေးဖို့ သူက အကူအညီတွေ အများကြီး ပေးခဲ့တာပါ။ (ကျေးဇူး အရမ်းတင်တယ် သူငယ်ချင်းရေ.... ငါ့အတွက် သမီးလေး မွေးပေးရင် မင်းကျေးဇူးကို ချွေးနဲ့ တသက်လုံး ပြန်ဆပ်ပါ့မယ်.... :D)

ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးနဲ့ အလုပ်ချင်ဆုံး ဆန္ဒကတော့ အသက်ကလေး နည်းနည်းရရင် မြန်မာပြည်မှာ ပြန်နေပြီး ခိုကိုးရာမဲ့ ကလေးတွေ အတွက် မိဘမဲ့ ကလေးကျောင်း၊ အသက်ကြီးမှ ဒုက္ခတွေ့နေတဲ့ လူကြီးတွေအတွက် မြေချချိန်ထိ တာဝန်ယူပေးမယ့် ဘာသာစုံ ဘိုးဘွားရိပ်သာနဲ့ မရှိဆင်းရဲသား နာမကျန်းသူတွေကို ပြုစုစောင့်ရှောက်ပေးမယ့် ဆေးရုံ တည်ထောင် ဖွင့်လှစ်ချင်တာပါပဲ။ မြန်မာပြည်မှာ နေခဲ့တုန်းကလဲ ကျွန်တော်အားရင် ဒီနေရာတွေကိုပဲ သွားပြီး လိုအပ်တာတွေကို စီစဉ်လုပ်ကိုင်ပေးခဲ့ ငွေရေးကြေးရေးအရ ထောက်ပံ့ခဲ့တာပါ။ ကျွန်တော် ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘုရားကျောင်းကန်တွေမှာ ငွေ၊ပစ္စည်း လှူခဲပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အယူအဆအရဆိုရင် ဂေါတမ မြတ်စွာဘုရားက ဒီစည်းစိမ် ချမ်းသာတွေကို မလိုချင်လို့ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်ခဲ့တာမို့ ဘုရားကိုသွားပြီး ငွေလှူတာကို သိတ်ပြီး သဘောမတူ ပါဘူးခင်ဗျာ။ ( ဒီနေရာမှာ တချို့ မိတ်ဆွေတွေ လွတ်လပ်စွာ သဘောကွဲလွဲ နိုင်ပါတယ်။) တနေ့နေ့ တချိန်ချိန်မှာ အထက်က ပရဟိတလုပ်ငန်းတွေကို အသက်ထက်ဆုံး လုပ်ကိုင်သွားဖို့ ဆန္ဒတွေ ငယ်ငယ်ကတည်းက ပြင်းပြခဲ့၊ ပြင်းပြနေဆဲမို့ တတ်နိုင်သလောက် အကောင်အထည် ဖော်ပါမယ်ခင်ဗျာ။
***ညီမလေးမြူးသျှရီ တောင်းဆိုတဲ့ "အဖြစ်ချင်ဆုံးဆန္ဒ" Tagကို ရေးလိုက်ပါတယ်။ ကျေနပ်မည်ဟု ထင်ပါသည်။ ***

25 comments:
ဦးဟတ့်ကြီးရေးးးးးးးးးးးးးးးးးးးးးး
ကျေးဇူးနော် အဆင်ပြေပါစေရှင့်
ဟ... comment ရေးတာလဲ မြန်ထှာ..... Thank u.
အဖြစ်ချင်ဆုံး ဆန္ဒတွေထဲ ယောက္ခမလောင်းလဲ ပါသကိုး
:D
အဆင်ပြေပါစေ...
မိဘကိုသိတတ် လုပ်ကျွေးသူဟာ ဘယ်တော့မှ ဆင်းရဲဒုက္ခ မရောက်ဘူး။ အခက်အခဲတွေ့လဲ ခဏပါပဲ။
ဖြစ်ချင်တဲ့ဆန္ဒကို ဖြစ်အောင်လုပ်နိုင်တဲ့ အရည်အခြင်း ရှိမယ်ဆိုတာ ယုံကြည်တယ်။
ဘလောဂ့်တွေမှာ ကွန်မန့်မရေးပေမယ့် ဘလောဂ့်စလုပ်ကထဲက ရင်းနှီး ခင်မင်ရသော မိတ်ဆွေကောင်းမို့ အမှတ်တရ ရေးခဲ့ပါတယ်။
All the best!!
SMNTL
ရွှန်းရေ... တမျိုး မထင်ပါနဲ့..... အဲဒီကောင်ကြီးကို ကျေးဇူးဆပ်ချင် လွန်းလို့ပါ.... ဟီးးးးးးးးး :D :P
နန္ဒာရေ..... အဲဒါကြောင့်လားတော့ မသိဘူးဟ.... ဒုက္ခရောက်တိုင်း တယောက်မဟုတ် တယောက်က နှုတ်၏ စောင်မခြင်း၊ ကိုယ်၏ စောင်မခြင်းနဲ့ ကူညီကြလေရဲ့....
ငါ့ဆီ ရောက်ရင် comment မှာပဲဖြစ်ဖြစ်၊ c-box မှာပဲဖြစ်ဖြစ် ရေးပါဟာ..... နင် အထီးကျန်ပြီး အဲဒီလို lonely နေတာ မြင်ရင် စိတ်မကောင်းလို့ပါ...... ငါတို့ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင် blogging ကြရအောင်.....
ကိုဟတ်ကြီးရေ...... ကိုဟတ်ကြီး အမေက NY ကို လာလည်တာလား ကျနော်စီကို လွှတ်လိုက်နော် ပြုစုပါရစေနော် ..... ကျနော်က ဒီမှာ နေတာပါ
ဆန္ဒတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးသွားတယ်ဗျို့း))
ဖြစ်ချင်တာတွေလဲ မနဲဘူးနော်.. ငါလဲ အိမ်ပြန်ချင်တာာာ ဒီနွေအတွက် အားခဲထားတာ ပိုအရေးကြီးတဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် မပြန်ဖြစ်တော့ဘူး :(
အိမ်ဝယ်ချင်တာကလွဲရင် ဖြစ်ချင်တာတွေ အတော်တူတယ်။ ဒါပေမယ့် ၂ နှစ်လောက်နေပီးရင် ပြည်တော်ပြန်ဖို့ စိတ်ကူးထားတယ်ဗျ... ကျောင်းတက်လာတာ ၆ နှစ်တောင် ပြည့်တော့မှာလေ... မနေချင်တော့ဘူး။ တတ်သလောက်မှတ်သလောက်နဲ့ ပြန်တော့မယ် :)
ပြတိုက်ရှင်ကြီးရေ ဖြစ်ချင်တဲ့ဆန္ဒတွေက တယ်များသကိုး။
အလုံးစုံ ပြည့်ဝပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
လူလ: မင်္ဂလာပါ ကိုဟကြီး။ ဆန္ဒတွေပြည့်ဝပါစေ
ပြတိုက်ကြီးရေ ...
မဖြစ်နိုင်တာမပါတဲ့ ဆန္ဒတွေဆိုတော့
ဖြစ်လာမှာပါဗျာ ။
အဆင်ပြေပျော်ရွှင်ပါစေဗျို့
အဟေးဟေး
(ရင်ဘတ်တွေတော့ အတော်လေးတူသား)
I BELIEVE YOU CAN DO IT!
ကိုဟတ်ရေ
အကြိုက်ဆုံးကတော့
အောက်က စာပုဒ်လေးပါပဲ။ ကျမနဲ့တူနေတယ်။
အခုတောင် ပြန်ချင်နေတာ။
ခင်မင်လျက်
ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးနဲ့ အလုပ်ချင်ဆုံး ဆန္ဒကတော့ အသက်ကလေး နည်းနည်းရရင် မြန်မာပြည်မှာ ပြန်နေပြီး ခိုကိုးရာမဲ့ ကလေးတွေ အတွက် မိဘမဲ့ ကလေးကျောင်း၊ အသက်ကြီးမှ ဒုက္ခတွေ့နေတဲ့ လူကြီးတွေအတွက် မြေချချိန်ထိ တာဝန်ယူပေးမယ့် ဘာသာစုံ ဘိုးဘွားရိပ်သာနဲ့ မရှိဆင်းရဲသား နာမကျန်းသူတွေကို ပြုစုစောင့်ရှောက်ပေးမယ့် ဆေးရုံ တည်ထောင် ဖွင့်လှစ်ချင်တာပါပဲ။
ကျမလည်းတရုတ်ဘဲလေ..ဆွေမျိုးပေါက်ဖော်တွေပေါ့..အတိုလား အရှည်လား လက်စကလားလို့ မမေးတော့ပါဘူး တရုတ်လိုဘာမှနားမလည်လို့ပါ..အဖေလေဖြတ်တာတူတယ်. ဒါပေမဲ့ အသက်ရှိနေသေးတယ်..
အိမ်ဝယ်ချင်တဲ့စိတ်ရှိတာတော့ မတူဘူး..ရှိသမျှအကုန် မိဘမောင်နှမတွေပေးလိုက်လို့ ..ဒါပေမဲ့ ကျေနပ်တယ်..လည်စရာဘလော့ဂ်အိမ်လေးတွေရှိနေသေးလို့ ကိစ္စမရှိဘူးဗျ,အိမ်မပိုင်လဲ....
နောက်ဆုံးအချက်လည်းတူတယ်...အိမ်ပြန်ချင်တာတော့မပြောပါနဲ့တော့ဗျာ...ခင်ဗျားကကျုပ်ထက် ကံကောင်းတယ်..အမေကအနားရှိနေလို့...ကျုပ်ကဒီမှာတယောက်ထဲ..
ခင်ဗျားအမေ နယူးယော့ခ် လာတယ်ဆိုတော့ တွေ့ရင်တော့ ခင်ဗျားပုံစံကိုမှန်းလို့ရတာပေါ့လေ..အမေနဲ့တူတယ်ဆိုရင်ပေါ့လေ....
မိဘပေါ်တာဝန်ကျေတဲ့သားတယောက် ဆန္ဒနဲ့ထပ်တူကျပါစေ.....
mie nge
မိဘကို ပြုစုစောင့်ရှောက်ရတာ မင်္ဂလာ တပါးပဲ မဟုတ်လား? ပြတိုက်ကြီး၊ အိမ်ဝယ်တဲ့ ပို့(စ်)လေးဖတ်ချင်ပါတယ်၊ အချို့သူတွေလည်း အိမ်ထိုးအပ်ကြတယ် ဘာကြောင့်လဲ ? သိချင်ပါတယ်ဗျားးးးးးးးးးးး
အိမ်ဝယ်တဲ့အကြောင်းလေး step by stepေ၇းပေးနော်။ သိတ်နားမလည်သေးလို့အိမ်ဝယ်ဖို့လန့်နေ
သေးတယ်။
ဦးဟတ်ကြီးရေ မိဘကျေးဇူးသိတတ်လှချဉ်လား မပူနဲ့ ကောင်းစားဦးမှာ သိလား ဦးက တကယ်ပြောတာ သမီး က မလိမ်ဘူး ဟဟဟဟ ၃၀ ဖြစ်နေပြီနော် တကိုယ်တည်းပဲနေတော့မလား ကြီးလာရင် ဆေးပေးမီးယူလေး တယောက်တော့ ရှိသင့်တယ်နော် ဦး ဟတ်ကြီးရေ အဟက် အဟီး (မြှောက်ပေးလိုက်ဦးမှ ) ဟဟဟဟ
တာ့တာ
သေချာဖတ်သွားပါသည်.
ကျန်းမာချမ်းသာပါစေ။
သေချာဖတ်သွားတယ်၊ ဆန္ဒဆိုတာ စိတ်ကူးမှု့ပေါ်မူတည်တယ်၊ စိတ်ကူးမရှိဘဲ အနာဂတ်ဆိုတာ ရှိမလာဘူး၊ အလုံးစုံသော ဆန္ဒတွေက မဖြစ်နိုင်တဲ့ အခြေအနေလုံးဝ မရှိလို့၊ ဖြစ်လာမှာ သေချာတယ် ဆုတောင်းပေးစရာတောင် မလိုတော့ဘူး။ အိမ်ရောင်း အိမ်ဝယ် ပိုစ့်လေး စောင့်နေမယ်နော်။
အော်....... ကိုဇော် (ခြေလှမ်းသစ်) က NY သားကိုးဗျ။ သိတာ နောက်ကျ သွားတယ်ဗျာ။
ကိုရင်နော်၊ ခင်လေးငယ်ရေ..... Thank U. ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။
AP ရေ..... သိနေတယ်လေ..... အဲဒါကြောင့် မင်းသမီး မရေးခင် အရင်ရေး လိုက်တာ.... :D :P
၂နှစ် နေရင် တကယ် ပြန်တော့မှာလား။ ငါတော့ နေရအုံးမယ်ဟာ.....
ဟောဗျာ.... မမီးငယ်ကလဲ NY သမီးပျိုကိုး.... ကောင်းကွာ.. ဟားးးးး ကျွန်တော်က လက်စက.. :D ဟိုမရောက် ဒီမရောက်မို့ဗျို့... အမေက NY ကနေ ဇွန်(၁၇) ပြန်မယ်ဗျ။ Queens က ဦးလေး အိမ်မှာ တည်းတယ်။
ကိုဒူကဘာကြီး လည်လည်လာတာ ကျေးဇူးနော်။ ဟုတ်... ကျွန်တော်လဲ အိမ်post ကို ရေးအုံးမယ်လို့ စိတ်ထဲမှာ တေးထားတယ်။
Anonymous ရေ ဟုတ်ကဲ့ ကျွန်တော်ရေးပါ့မယ်။
ငှက်လေးရေ..... အသက်ကို မေ့ထားတယ်။ ခလုတ်မတိုက်ကြေးလေ.... အမြင်မတော်ရင် တယောက်အမြန်ရှာပေးးးးး :D.... နောက်တာပါဟာ...
တယောက်ထဲပဲ နေပါရစေတော့.... :P
အမ ခင်ဦးမေရေ.... လာလည်ပြီး သေသေချာချာ စာဖတ်တာ၊ ဆုတောင်း ပေးတာအတွက်Thank U.
ဟ.. မလားရှိုးသူတော့ အသက်ရှည်အုံးမယ်။ ဒီက သူ့ဆီ မရောက်တာ ကြာနေပြီမို့ လာလည်မလို့ တွေးနေတုန်း သူကဦးသွားပြီ။ ကျွန်တော်လဲ ဖြစ်အောင်လုပ်မယ် ဆုံးဖြတ်ထားတယ်။ တည်ထောင်တာထိ လုပ်နိုင်တယ်။ လန့်တာက တည်ထောင်ပြီး ရေရှည်တည်တန့်အောင် ထိန်းသိမ်းဖို့က မလွယ်ဘူးဗျ။
ဦးဟတ်ကြီးရေ ရေးပြီးသားမို့လို့ မတဂ်တော့တာ နော်သိလား အိမ်မှာလဲ ဒီအကြောင်းရေးထားတယ် ရှင့် မအားဘူးထင်တယ် ဘာလဲ တယောက်တည်းမနေချင်တော့လို့ ၂၀၁၀ အမီ ရှာနေပြီလားးးး ဟဟဟဟဟဟ
တာ့တာ ဦးဟတ်ကြီးရေ ဘိုင်
ကိုဟတ်ရေ
ကျမလည်းလုံးဝကိုမအားတာ
သတိတရရှိပါတယ်
မိဘကျေးဇူးသိတတ်တဲ့ကိုဟတ်
လိုအင်ဆန္ဒပြည့်ဝပါစေ
ခင်မင်လျက်
ကိုဟတ်ရေ
ဖြစ်ချင်တဲ့လိုအင်ဆန္ဒပြည့်ဝပါစေ..
မိဘကို လုပ်ကျွေးတဲ့ သားသမီး ဘယ်တော့မှမဆင်းရဲပါဘူး ဒွတ်ခရောက်လဲ ခဏပါဘဲ ..ကြိုးစားပါရှင် အားပေးနေပါတယ် ..မေလေးလဲ စင်ကာပူမှာ အိမ်ဝယ်ချင်နေတာရှင့် တသက်လုံးမြန်မာပြည်မှာ နိုင်ငံခြားသားအနေနဲ့နေလာရတဲ့ မိဘ နှစ်ပါးကို စင်ကာပူမှာ အခြေချပေးနိုင်အောင် ကြိုးစားနေပါတယ်
အကို့ပျော်ရွှင်ပါစေ
ခင်တဲ့
မေလေး
ကိုအညတရကြီးရေ... မောင်နှမ ၉ ယောက်ထဲမှာမှ မိဘကို လုပ်ကျွေးပြုစုခွင့်ရတာ ကုသိုလ် ကောင်းလိုက်တာ။ မိဘမဲ့ကလေးတွေနဲ့ ဘိုးဘွားတွေ မရှိဆင်းရဲသား နာမကျန်းသူတွေ ကို ကူညီချင်တဲ့ မွန်မွန်မြတ်မြတ်ဆန္ဒလည်း ပြည့်ဝပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးပါတယ်...
Post a Comment