အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Tuesday, June 2, 2009

ကျွန်တော့်အမြင်

ကျွန်တော့်အမြင်ကတော့ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျပ်ချုပ်ကနေ အင်းစိန်ထောင် ပို့လိုက်ခြင်းအားဖြင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဆိုတဲ့ အဖွဲ့ချုပ်ရဲ့ အတွေးအခေါ်ကို တရားဝင် အကြောင်းပြန်လိုက်ပြီး မြောင်းထဲထည့်လိုက်ပါပြီ။ commando ပုံစံ စုဖွဲ့မှုအသစ်နဲ့ လက်တဆုပ်စာ အာဏာရှင်တစုကို အနီးကပ် လုပ်ကြံတဲ့နည်းလမ်းကို လူသိနည်းတဲ့ လူငယ်တွေ တွေးတောကြံဆသင့်ပါပြီ။ ဒါက ပြည်သူလူထု အထိအခိုက်နည်းပြီး တပ်တွင်းက ဒီမိုကရေစီ လိုလားသူတွေရဲ့ စိတ်ဓာတ်ကို အားပေးမြှင့်တင်ရာ ရောက်မယ်ထင်ပါတယ်ဗျာ။ ငြိမ်းချမ်းရေးဆိုတာ တောင်းယူလို့မရမှတော့ တိုက်ယူရုံမှတပါး အခြားမရှိပြီ။

***အချိန်ရလျှင် အကျယ်ဆွေးနွေးပါအုံးမည်။***

7 comments:

မြူး said...

ဟုတ်တယ် ဦးဟတ့်ကြီးရေး
တိုက်ယူမှရတော့မယ်သိလား
ရဲဘော်ကြီးအဆင်သင့်ပဲလား?????

လူလ said...

မင်္ဂလာပါ ကိုဟရေ...

အမြင်ကိုတော့ ဖတ်သွားတယ်။
ငြိမ်းချမ်းရေးဆိုတာ တောင်းယူလို့မရမှတော့ တိုက်ယူရုံမှတပါး အခြားမရှိပြီ။ ဒါကိုတော့ လက်ခံတယ်။


--- အချိန်ရလျှင် အကျယ်ဆွေးနွေးအုံးမည်---

တကယ်လို့ ဆွေးနွေးချက်များ ရှိရင် လာရောက်အားပေးမှာပါ၊

ရွှင်လန်းချမ်းမြေ့ပါစေ...

ငှက်ကလေး said...

ကို ဟတ်ကြီးရေ ညီမ မပါဘူးနော် ညီမကကြောက်တတ်တယ် ရှင့် အဟီး ခွီးခွီး
လာတယ်နော်
ညီမ ဆီကို လာလည်တာ ကျေးဇူးတင်ပါတယ်

mabaydar said...

ကိုဟတ်ကြီးတော့ အပျင်းစားပေါက်ကွဲနေပြီ... ကွန်မန်ဒိုဆိုမိုက်တယ်.. ကိုဟတ်ကြီးပါဝင်လုပ်လိုက်လေ... ရုပ်ရှင်ထဲမှာတော့ ကွန်မန်ဒိုတွေက အရမ်းချော..
ကိုဟတ်က အတည်ရေးထားတာကို အပြောင်ပြောနေမိတယ်.. ကန်တော့နော်...
ဟုတ်ပါတယ်... အဲလိုဖြစ်သင့်တာလဲကြာပါပီ.. ဘာလို့များ ဘယ်သူမှ အဲဒါကို ခုထိမလုပ်ကြတာလဲသိဘူးနော်... နောက်ထပ်ဆက်ဆွေးနွေးမှာတွေကို စိတ်ဝင်တစားနဲ့ မျှော်နေတယ်နော်...

Heartmuseum said...

မမြူးရေ.... ကျွန်တော်လဲ ဒီလိုပဲ မြင်ပါတယ်။
ရဲဘော်ကြီး အဆင်သင့်လားဆိုရင်တော့.... နောက်နဲ့နော်........ ဟီးးးးး
ကိုလူလကြီး.... ခင်ဗျား ဆောင်းပါးလေး ဖတ်ပြီးရတဲ့ အတွေးပါ။ ဟုတ်ကဲ့ အကျယ်ဖြန့်ပြီး တွေးချင် ဆွေးနွေးချင် ပါသေးတယ်ဗျာ။ လောလောဆယ်တော့ စာမေးပွဲက ခေါင်းဆောင့်နေပြီ။
ငှက်ကလေး..... အားမငယ်နဲ့... ငါလဲကြောက်တယ်... :D
မဗေဒါရေ.....အသေခံ လုပ်ကြံမှု ဖြစ်သင့်ရဲ့သားနဲ့ မဖြစ်တာက ငွေရေးကြေးရေး၊ ဘာသာရေး၊ ကြောင့်လေ.... ကျန်နေတဲ့ မိသားစုကို ဘယ်သူတွေက ရေရှည် စောင့်ရှောက်မှလဲ။ နောက်ပြီး ဗုဒ္ဓဘာသာက မိမိကိုယ်ကိုယ် စတေးပြီး လုပ်ကြံခွင့် မပေးဘူးလေ။ ပြည်တွင်းမှာက လူလွတ်တောင် သွားဖို့လာဖို့ မလွယ်တာ လက်နက်ပါရင်တော့ စဉ်းစားကြည့်လေ။ ဒါပေမယ့် သေသေချာချာ စီစဉ်ရင် ဖြစ်နိုင်ပါတယ်။ လျှို့ဝှက်မှုနဲ့ ငွေရေးကြေးရေးသာ မလွယ်သေးတာပါ။

Apprenticeship said...

အင်း လျှို့ဝှက်မှုရှိဖို့ အရမ်းခက်သွားပီ.. ငွေရရင် ဘာမဆိုလုပ်တဲ့ လူတန်းစားတွေများနေတော့ အပြောင်းအလဲတွေကြာအုံးမှာပဲ ဟတ်ရာ.... :(

Heartmuseum said...

ဟုတ်တယ်နော်..... AP
သတိထားစရာ အဓိက အချက်တွေပါပဲ။