အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, May 29, 2009

MAY 31

မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က မပါသလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်


CHO: ( မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ )
Rap: { အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ် မေ၃၁
ထာဝစဉ်မိုးများ ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ }
CHO: ( မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁ )
ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး



CHO: ( မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ )
ဒီသီချင်းကို ဒီနေရာလေး ကရပါတယ်။

6 comments:

သက်ဝေ said...

ကိုယ်တောင် မနက်ဖြန်ကျရင် အဲဒီသီချင်းလေး တင်ရင်ကောင်းမလားလို့ စဉ်းစားနေမိသေးတယ်...
သီချင်းလေးအတွက် ကျေးဇူးပါ...

မြူး said...

အလှည့်းးးးးးးးးးးးးးးးးးးကိုကြီးလဲ
တကယ့်ဟတ့် ထိဖူးတယ်ထင်တယ်
မေ ၃၁ ဟုတ်လား မှတ်ထားလိုက်ပြီ
နောက်မေ့သွားရင်သတိပေးမလို့ ပါ

ရွှန်းမီ said...

အဆင်ပြေပါစေ..

လူလ said...

မင်္ဂလာပါ ကိုဟကြီး၊

လာလည်သွားတယ်။ ကျွန်နော် မပျောက်ပါဘူး။ သတင်းမှတ်စုတွေ တင်နေတာလေ ဟဲဟဲ။ ကိုဟက အခုမှ တင်တာလေဗျ၊ ရေးထားပါတယ်။ ဆောင်းပါးတော့ ရေးထားတယ်။ ဒီလ ကုန်ရင် တင်မယ်လေ။ ကျွန်နော် အခုတလောပျင်းနေတယ်။ တလကို ဆောင်းပါး တပုဒ်ပဲ တင်မယ်လို ဆုံးဖြတ်ထားလို့ပါ။ ကိုဟလို အချစ်ကြောင်းလေးတွေ ရေးတတ်ရင်ကောင်းသား၊ ဒါမှ များများတင်နိုင်မှာပေါ့နော်း)၊ ရင်ဘတ်ကြီးက အခုထိ မနုသေးဘူး အဟက်ဟက်..

နေကောင်း အဆင်ပြေရဲ့လား...
သတိရပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

ရွှေပြည်သူ said...

ကိုအညတရကြီးရေ... မေ ၃၁ နီးခါမှ တိုက်တိုက်ဆိုင်ဆိုင် ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ “မေ ၃၁” ကို တင်ထားပေးလို့ ငယ်နုတဲ့ အရွယ်ကိုတောင် လွမ်းသလိုလို ဖြစ်သွားမိတယ်။ ညီမလည်း မျိုးကျော့မြိုင်သီချင်းတွေ တော်တော်များများကို ကြိုက်ပါတယ်။ ကိုအညတရကြီး ဒီသီချင်းကိုမှ ရုတ်တရက် ရွေးပြီးတင်ပုံထောက်တော့ အကြောင်းတစ်ခုခုတော့ ရှိရမယ်း))

ငှက်ကလေး said...

မကောင်းဘူး သူများက တင်မရို့ဟာကို တူက အရင်တင်လိုက်တယ် ခိခိ စ တာနော် ညီမလဲ တင်မယ်သာလုပ်တာ အဲဒီနေ့က မအားဘူးရယ် သိတယ်မလား ရှုတင်တွေက များတယ်လေ ငွားငွား