အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Thursday, April 2, 2009

အညတရရဲ့ မဟာသင်္ကြန်

ကိုရင်နော် မခင်လေးတို့က ကိုယ်ကြိုက်တဲ့ post လေးကို ပြန်တင်ပေးပါ ဆိုပြန်တယ်။ ကျွန်တော် တကယ်တန်းကြိုက်တာ သရော်စာဗျ။ ကိုယ်တိုင်က ကြိုက်ပေမယ့် မရေးဖြစ်တော့ သရော်စာ ရေးတတ်တဲ့ ကိုရင်ညိမ်း၊ ကိုရင်နော် မခင်လေး၊ ကိုကိုဖရီး၊ ဟန်သစ်ငြိမ်တို့ဆီသွားပြီး ငေးနေကျဗျ။ ဒီသင်္ကြန် post လေးကတော့ ကျွန်တော် ရှားရှားပါးပါး ရေးထားတဲ့ သရော်စာ ဝတ္ထုလေးပါဗျာ။ မနှစ်က သင်္ကြန်မှာ သူငယ်ချင်း blogger တွေကို နောက်ပြီး ရေးထားတဲ့ အပျော်ဖတ်လေးပါ။ အချို့ blogger တွေက ဒီ blog လောကကို စွန့်ခွာသွားကြပေမယ့် အမှတ်တရအဖြစ် ပြန်တင်ပေးလိုက်ပါတယ်။ ဘာတခုမှ မတည်းဖြတ်ဖဲ နဂိုမူရင်းအတိုင်း ပြန်တင်ပါတယ်။ ရေးတုန်းက အပိုင်း(၅) ပိုင်း ခွဲရေးပါတယ်။ အခု (4)ပိုင်းကို တပေါင်းတည်း တင်ပါတယ်။ အားလုံးပျော်နိုင်ပါစေ။

***C Box မှာ ပေါက်ကရ လာအော်ကြသော သူငယ်ချင်းများ၏ စာများကို အမှတ်တရ အနေဖြင့် မောင်အညတရ ကသိမ်းထားလိုပါသောကြောင့် ရောသမမွှေ လုပ်လိုက်၏။ ခွင့်လွှတ်တော်မူကြပါကုန်***

*** အကျင့်ကောင်းသော မောင်အညတရက သင်္ကြန်ဓာတ်ပုံကို ငယ်သူငယ်ချင်း မောင်ဘဦး(မန္တလေး) ၏ Blog မှ ခွင့်မတောင်းပဲ ခိုးယူဖော်ပြ၏။ "ဘဦးရေ ခွေးလွှတ်ဟ။ မောင်ရင့်ဆီကခွင့်တောင်းနေရင် ကိုးနတ်ရှင် နှိပ်စက်တာနဲ့ သင်္ကြန်ပြီးတောင် ငါ့post ကို ဘယ်သူမှ ဖတ်ရမှာမဟုတ်ဘူး....:P" ***


ကြည်သာချမ်းမြေ့တဲ့ အတာသင်္ကြန်ရဲ့အတက်နေ့သို့ပင် ရောက်လာပေပြီ။ အသက်တွေသာ ကွာခြားလျှင် ကွာခြားမည် မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးသည့်စိတ်၊ ခုံမင်နှစ်သက်သည့်စိတ် ကတော့ အားလုံး အတူတူပင်ဖြစ်၏။ ထို့ကြောင့်လည်း ရေခြားမြေခြား ဝေးကွာသောအခါ မြန်မာတို့ အလွမ်းဆုံးပွဲတော် ၊ အမျှော်လင့်ဆုံး ပွဲတော်ကား သင်္ကြန်ပွဲတော်ပင်ဖြစ်နေသည် မဟုတ်ပါလော။ ယခုလဲကြည့်လေ သင်္ကြန်မောင်၊ သင်္ကြန်မယ်၊ Blogerမောင်၊Blogerမယ် တို့ သင်္ကြန်(၄)ရက်လုံးလုံး သပြေခက်နှင့် ရေပက်သူကပက်၊ ရေမွှေးပုလင်းလေး တကိုင်ကိုင်နှင့် ခြေဆုံးခေါင်းဆုံး ရေမွှေးဖြန်းသူကဖြန်း၊ စတုဓီသာ အလှုလုပ် ကျွေးသူကကျွေး၊ သင်္ကြန်သီချင်းဆိုကာ ကသူက ကနှင့် မြန်မာအပေါင်း မင်္ဂလာ ခညောင်း နေကြသည် မဟုတ်ပါလော။

သို့သော်ငြားလည်း အော့ကြောလန်မောင်မျိုးနှင့် သရုပ်ပျက်အညတရတို့ အုပ်စုကား ရေခွက်တလုံးနှင့် ခွက်စောင်း ခုတ်သူကခုတ်၊ ချီးဖတ်(Chevas)ပုလင်း ခါးကြားထိုးပြီး မူးသူကမူး၊ မီးသတ်ပိုက်ကြီးတကိုင်ကိုင်နှင့် လာလည်သူ ဖော်သဟာ အပေါင်းအား သင်္ကြန်ရေပက်၍ အစွမ်းကုန်ဧည့်ခံနေ၏။ အလိုလေး အဲဒီလောက် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည့် ကာလသားတို့၏ မဏ္ဍ ယခုအခါသမယ သင်္ကြန်အတက်နေ့တွင် မဒီကညာ အပျိုကြီး အပျိုလေး အပျိုပေါက်စကွေး ပေါင်းစုံနှင့် ဆူဆူညံညံ တိုးမပေါက်အောင် စည်ကားနေ၏။ အံ့သြကုန်နိုင်ဖွယ် ထူးဆန်းပေစွ။ အဘယ် အကြောင်းများ ကြောင့်နည်း။ ကြိတ်ကြိတ်တိုးသည့် အကြောင်းရင်းကို သိပါက ထူးသော်လည်းမဆန်းပေ။ အညတရမဏ္ဍ၏ လေးဖက်လေးတန်သော ထောင့်များတွင် နေရာယူထား သည့် ကြေငြာဆိုင်းဘုတ်ကြောင့်ပင် ဖြစ်၏။ အဘယ်သို့သော ကြေငြာဆိုင်းဘုတ်ပါလဲဟု အမေး မစောလိုက်ပါနှင့်။ ဖတ်ကြည့်တော်မူကြပါကုန်။

"မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်"

မြန်မာ့ရိုးရာ သင်္ကြန်အခါသမယတွင် အညတရမဏ္ဍသို့ လာလည်ကြကုန်သော အပျိုကြီး၊အပျိုလေး၊
အပျိုကျန်ရစ်၊အပျိုရွာကျန် အပေါင်းနှစ်သစ်တွင်ပျော်ရပါစေခြင်း အကျိုးငှာ ကျွန်တော် အညတရ၏
ဦးရီးတော် "ဘူးတကာ့ထိပ်ခေါင်၊ ဦးလေးပြောင်"အား သင်္ကြန်အတက်နေ့တွင် ဦးရာလူစနစ်ဖြင့် မဲပေးရွေးချယ်ပြီး စုလျားရစ်ပတ်နေရာချထားမည်ဖြစ်ပါသဖြင့် စောစီးစွာကြွရောက်
နေရာယူပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။ဖုန်းကညာတပါးလုံးရာကပြားသူများမပါ။
ယခုအစီအစဉ်တွင် မပါဝင်သော်လည်း ထိုသူများအတွက် ကြောင်သူတော် ကိုရင်မျိုးက သီးသန့်အစီအစဉ်ရှိပါသဖြင့် ၎င်းထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
ို"ဟိုက်ရှားပါး "မြတ်စွာဘုရား၊ မောင်အညတရတယောက် သူ့ဦးလေး ဘယ်လိုနည်းဖြင့် ကြိုးစားကြိုးစား ရည်းစားမရတဲ့ လူပျိုသိုးကြီး ရှေ့တတောင်လောက်ထွက်နေသည့် ဘီယာဗိုက်ပိုင်ရှင်ကို သင်္ကြန်ခါတော်မှီ အစွန်ထုတ်ဖို့ ကြိုးစားနေပါလားကွယ်ရို့။အော်... ဒါကြောင့် အညတရတို့မဏ္ဍက ဘုမသိဘမသိ အပျိုကြီးများ၊ သိသိကြီးနှင့် ဒီဘ၀က လွတ်ပြီးရောဆိုသည့် အပျိုကြီးများ၊ အပျိုကြီးဖြစ်မှာကြောက်သည့် အပျိုမကြီးတကြီးများ ၊ဦးလေးကြီးအရွယ်ကိုမှ ရင်ခုန်သောအပျိုမလေးများ၊ မဲမနှိုက်သော်လည်း လာကြည့်သည့် စပ်စပ်စုစု အပျိုလေးများနှင့် ကြိတ်ကြိတ်တိုး ကြက်ပျံမကျ ကြက်သစ်ပင်ပေါ်တက်နေရအောင် စည်ကားနေခြင်းကိုး....။ အံ့သြကုန်နိုင်ဖွယ် ပါတကား။ ဦးလေးပြောင်၏ တူတော်မောင်အညတရပင် တအံ့တသြဖြစ်ရ၏။ ရွာကျန်အပျိုကြီးများ ဒီလောက်များလိမ့်မည်ဟု သူကြိုတင်သိမထား။ နောက်ဆုံးမည်သို့မှ ထိန်းမရဖြစ်လာသဖြင့် အရက်ပုလင်း ခါးကြားထိုးပြီး မဏ္ဍချောင် တနေရာတွင် မူးပြီးမှေးနေသော အနက်ရောင်အိမ်မက်ကြီးကိုနိုးပြီး အကူအညီတောင်းရ၏။ မူးသာမူးသည် ဒီနေရာမှာတော့ ဒီကောင်ကြီးက အားကိုးရလောက်၏။ အခုလဲကြည့်ပါအုံး။ ကွိကွိကွကွလုပ်ပြီး ဖုန်းတလုံးနှင့်ဘာတွေပြောလိုက်သည်မသိ။ တခဏအတွင်းမှာပင် မျှားပြာညိမ်းညိုမောင်ကောင်းအောင်မင်းကျန်စစ်တင့်ထူးရွှေနတ်ရှင်နောင်ကိုရင်ညိန်း ၊ တို့ ဦးဆောင်သည့် ဂေါ်မစွန်အုပ်စု ဂျင်းဘောင်းဘီဆင်တူဝတ်ပြီး အလျှိုလျှိုရောက်လာ၏။ ကိုမျှားပြာက "နှစ်သစ်မှာ အဆင်ပြေပါစေ ကိုအညတရရေ"ဟု ရေကစားမဏ္ဍပေါ်တက်ပြီးနှုတ်ဆက်၏။ မောင်အညတရကလည်း "အမျိုးသမီးတွေ ထိန်းမရသိမ်းမရ အရမ်းတိုးလို့ ဇောချွေးပြန်တာကလွဲရင် အဆင်ပြေပါတယ်ဗျာ"ဟုပြန်ဖြေရာ မျှားပြာက "ဒါတော့မပူနဲ့ ကျုပ်တို့တာဝန်ထား"ဟု အာမခံပြီးစင်အောက်ဆင်းသွား၏။ သူအာမခံ၍သာ "ကျေးဇူးပါဗျာ"ဟု ပြောလိုက်ရသည် အပျိုတွေကြောက်လောက်အောင် သူတို့ခါးကြားမှာ ဗျောက်လည်းမပါ၊ ရေပြွတ်သေနတ်လည်းမရှိ။ ရေမွှေးပုလင်းလေးတောင် အလှပြဆောင်မထားပေ။ ဒုတ်ခေါ သူတို့ဘယ်လို ထိန်းမည် မသိ။ ယနေ့တော့ မောင်အညတရတို့ အြံ့သစရာတွေချည်းဆက်တိုက်တွေ့နေရ၏။ ကိုမျှားပြာ တစုံတခု ပြောလိုက်ပြီးနောက် အမျိုးသမီးများတယောက်မှရှေ့တိုးမလာတော့ပေ။ စပ်စုသည့်အညတရ စင်ပေါ်မှာဆက်မနေနိုင်တော့ မျှားပြာ ဘာပြောလိုက်သည်ကို သိချင်ဇောဖြင့် စင်အောက်ဆင်းလိုက်လာ၏။

မောင်စပ်စု ခေါ် မောင်အညတရက စင်အောက်ဆင်း ကိုမျှားပြာနားကပ်ပြီး " မောင်ရင့်စကား ထိရောက်လှ ချေလား။ ဘာပြောလိုက်တာတုန်းဟ"ဟု မေးရာ မျှားပြာက "မင်းကလဲ ဒါများး လွယ်လွယ်လေးပါကွာ။ တခွန်းထဲပဲ ပြောလိုက်တယ်။ " " အမျိုးသမီးတွေ တားထားတဲ့ကြားထဲက ဇွတ်ရှေ့မတိုးနဲ့နော်။ တားမရလို့ ငါတို့အုပ်စု စိတ်ဆိုးလာရင် စည်းကျော်သူမှန်သမျှ လူကြားသူကြားထဲ မွှေးမွှေးပေးလိုက်မယ်။ ဒါပဲလို့ ပြောလိုက်တယ်ကွာ" ဟု နှုတ်ခမ်းလေးချွန်ကာ ရီရင်းရှင်းပြ၏။ "ဟိုက်ရှားပါး၊" ကိုမျှားပြာကို မောင်အညတရက ဒီစကားတခွန်းတည်းဖြင့် သမ္ဘာကိုသိသွားပြီး အကြီးအကျယ် လေးစားသွား၏။ သူ့ပုံစံကလည်း အဟုတ်လုပ်မည့်ပုံပေါက်၏။ သြော် ဒီလိုအချက် သိတော့လည်း ငှက်ပျောသီး အခွံခွာ စားတာထက်တောင်လွယ်၏။ ဒါကြောင့်လည်း ဟိုအမူးပါး အမည်းရောင်တယောက် မဏ္ဍထောင့်မှာ ဆက်မမူး၊အိပ်မက်မမက်တော့ပဲ လူကောင်းယောင်ဆောင် ဂေါ်မစွန်အုပ်စုထဲ ၀င်ရောကာ ခြေသွက်လက်သွက် စေတနာတွေ ဗလပွနှင့် "ရှေ့မတိုးနဲ့နော်" ဟုတကြော်ကြော် အော်နေသည်ကိုး။ :P "ဘူးတကာ့ထိပ်ခေါင်၊ ဦးလေးပြောင်" ကိုစိတ်ဝင်စားသော်လည်း မျှားပြာတို့ လက်တွေ့သမားအုပ်စု ကိုတော့ အမျိုးသမီးများ ကြောက်ပုံရ၏။ တယောက်မျှ ရှေ့မတိုးရဲတော့ချေ။ သူ့ပညာနှင့်သူတော့ဟုတ်နေ၏။ :P

စင်ပေါ်တက်မည်အလုပ် အပျိုကြီးမရွှေပြည်က လှမ်းခေါ်ကာ ရန်ထောင်တော့သည်။ သူတို့ အပျိုကြီးများက အညတရကိုတော့ နိုင်သည်။ "ဒီမှာအညတရ၊ ငါ့ခေါင်းမှာ ပိတောက်ပန်းတွေ ဦးဦးဖျားဖျား ဘယ်သူမှပန်မပေးဖူးဘူး""ဟုတ်၊ဟုတ်" အညတရတယောက် ခေါင်းကုတ်ခါ နားထောင်နေ၏။ "ရေတခွက်ကိုလည်း ဦးဦးဖျားဖျား ဘယ်သူ့ကိုမှ မရည်စူးဖူးဘူး" "ဟုတ်၊ဟုတ်" နားသာထောင်နေ၏ အညတရတယောက် မရွှေပြည် ဘာဆိုလိုသည်ကို နားမလည်သေး။ "ဦးဦးဖျားဖျား စိတ်ကူးအဆန်းအပြားနဲ့ ရေပွဲသဘင် ဆင်နွှဲပျော်ရွှင်တာလည်း မရှိခဲ့ဖူးပါဘူး" "ဟုတ်၊ဟုတ်" ကြောက်၍သာ တဟုတ်ဟုတ် လုပ်နေသည် အပျိုကြီး ဘာတွေပြောနေသည်ကိုနားမလည်နိုင်။ "သိလားအညတရ ငါလေဒီသင်္ကြန်ပဲ အပျိုကြီး ဘ၀ကလွတ်အောင် အလည်ထွက်ဖူးတယ်။ နင်တို့မဏ္ဍမှာ ကြေငြာဆိုင်းဘုတ်တွေ့လို့ ကြုံတုန်းလေး ၀င်ပြီးကံစမ်းမလို့" အော်ဟော်... အခုမှသဘောပေါက်၏။ အပျိုကြီးက ဦးလေးကိုမျှော်ပြီး တူလေးကိုလာ ကြော်ငြာနေသကိုး။( မှတ်ချက်။ ။ မရွှေပြည်သင်္ကြန်လွမ်းချင်း ကဗျာကိုဖတ်ရှုပါရန်။ :P )




မောင်အညတရ တသက်လုံး လေးစားကြောက့်ရွံ လာရသည့် မရွှေပြည်ကို ဒီတခါ အခွင့်အရေးရတုန်းလေး ဟောက်ဖူးတယ်ရှိအောင် ဟောက်ထားအုံးမှ "အဲဒီလိုဆိုရင်လဲ မဲနှိုက်ဖို့ တိုကင်ယူလေဗျာ။" ဟီ...ဟိ ခပ်တည်တည်နှင့် ဟောက်ရတာ အရသာရှိလိုက်တာ။" "ဟိုလေ.... ဟိုဟို ၊ငါရောက်တာ နည်းနည်း နောက်ကျသွားတယ် အညတရ" "သြော်... ဟုတ်၊ဟုတ်" "အဲဒါနဲ့ မဲနှိုက်တဲ့တိုကင် နံပါတ်က နဲနဲနောက်ကျသွားတယ်။အဲဒါ ငါ့ရှေ့ကလူတွေတော့ မပေါက်ပါဖှူးနော် " "တော်ကြာငါ အစောင့်ကြီးစောင့်ပြီးမှ မပေါက်ရင် ရှက်စရာကြီးဟ။" ဒုက္ခ၊ အပျိုကြီးမရွှေပြည်နှယ် ပူတတ်ရန်ကော၊ ရှက်တတ်ရန်ကော။ "နင်ဟိုနေ့က မူးလဲတုန်းကလဲ ငါကူညီသေးတယ်လေ" "အခုဆို သင်္ကြန်အကျနေ့က မောင်လေးမူးပြထားလို့ အရက်မူးလွန်ပြီး မထနိုင်တဲ့သူကို ပြုစုနည်းလည်းသိပြီဟ" "နင့်ဦးလေးကြည့်ရတာ ဗိုက်လုံးလုံးလေးနဲ့။ ဧကန်န သူလဲ ဘီယာကြိုက်ပုံရတယ်။ "သြော်... ဟုတ်၊ဟုတ်" ဒါပေမယ့် အညတရရေ ငါတို့ဆီမှာ မီးခဏ၊ ခဏပျက်တော့ ရေခဲတုံးရဖို့ မလွယ်ဖူးဟ။ နင့်ဦးလေး အမူးလွန်ရင် ရေခဲတုန်းနဲ့ ထုဖို့မလွယ်ဘူး။ အဲဒီတော့ ငါသင်္ကြန်အကျနေ့က မောင်လေးကိုလောင်းတဲ့ ရေပုံးကြီးကြီးနဲ့ပဲ မထမချင်းထုတော့မယ်။ ဖြစ်တယ်မလား " ဟု မျက်လုံးလေး ကလယ်ကလယ်နှင့် မေး၏။ အောင်မလေးဗျာ မဲပေါက်ဖို့က ဘယ်ဆီနေမှန်းမသိ မရွှေပြည် တယောက်ကတော့ လွှတ်စိတ်ကူးယဉ်နေ၏။ ကြည့်ရသည်မှာ အပျိုကြီးဘ၀ကို အတော်စိတ်နာနေပုံရ၏။ ဟီ... ဟိ...:P :P ( မှတ်ချက်။ ။ အညတရအညတရရဲ့မဟာသင်္ကြန် ၀တ္ထုတိုကိုဖတ်ရှုပါရန်။ :P )

ဘုရားရေ အခုမှစဉ်းစားမိ၏။ မရွှေပြည် တယောက်မဲပေါက်၍ လုံးဝမဖြစ် အညတရဦးလေး အမူးလွန်ပါက မနိုးမချင်း၊ မထမချင်း ရေပုံးကြီးကြီးနဲ့ထုလို့ကတော့ နဂိုကမှပြောင်တဲ့ ဦးလေးပြောင်နဖူး အမာရွတ်များဖြင့် တန်းစီနေလိမ့်မည်။ ဒီအပျိုကြီး မဲပေါက်ရင် အညတရဦးလေးတော့ မလွယ်ရေးချာမလွယ်။ မရွှေပြည်မဲပေါက် ဖို့ထက် ဦးလေးပြောင် အသက်ရှည်ဖို့က အရေးကြီး၏။ တိုကင်ဝေဖို့နဲ့ မဲနှိုက်ဖို့ စီစဉ်သည့် ကြောင်မျိုးကို ရှင်းပြပြီး အပျိုကြီးမရွှေပြည်ကို ဗလာမဲကျအောင် စီစဉ်မှဖြစ်မည်။ ရွှေပြည်တော် မျှော်တိုင်းဝေးသည့် မရွှေပြည်ရေ့ အပျိုကြီးဘ၀နဲ့ပဲ ဆက်နေပါတော့ဗျာ။ အညတရလေးကို ခွင့်လွှတ်ပါတော့ဗျို့။ဟီ... ဟိ...:P
အပျိုကြီးမရွှေပြည်ကို ကြောက်ကြောက်နှင့် အမြန်နှုတ်ဆက်ပြီး လှည့်အထွက် "နေအုံးကောင်လေး ဒါဘယ်သွားမလို့လဲ" ဟု ပြောပြောဆိုဆိုဖြင့် လက်ကိုဆွဲထားသဖြင့် လှည့်ကြည့်လိုက်ရာ စိတ်တိုလက်မြန်သည့် Ms., Apprenticeship အား ဘွားကနဲတွေ့လိုက်ရ၏။ မြန်မာပြည်သတင်း၊ ပညာရေးနှင့်ငွေကို ခြိုးချန်ချွေတာ ကပ်စီးနည်းဖို့ ကလွဲရင် ဘာမှစိတ်မ၀င်စားသော အပျိုကြီးတယောက် မဟုတ်မှလွဲရော အညတရ၏ ဦးလေးဗိုက်ပူကိုတော့ စိတ်ဝင်စားသည်ထင်၏။ "အညတရရေ နင့်ဦးလေးက နင့်အတိုင်းပဲ ချောတယ်နော်... အဟိ" ပြောရင်းဆိုရင်း အပျိုကြီးမျက်နှာ ကြက်ပန်းရောင်သန်းသွား၏။ အခြားသူများ ရှက်သွေးဖြာပါက မျက်နှာကကြက်သွေးရောင် ( သို့မဟုတ်) ပန်းနုရောင်သန်း၏။ ဟီ...ဟိ ဒီအပျိုကြီးကတော့ သူ့Blogက Profile အတိုင်း ဟိုမရောက်၊ ဒီမရောက် မျက်နှာအရောင် ကြက်ပန်းရောင်သန်း၏။ "နောက်ပြီး ဗိုက်ကလဲ ဘီယာဗိုက် လုံးးလုံးလေးဆိုတော့ အစုအဆောင်း ကောင်းပုံရတယ်နော်။" အညတရကလဲ အချိန်ကိုက် ကြော်ငြာဝင်၏။ "ဟုတ်တယ်ဗျ။ လူပျိုပေါက်ကတည်းက စုထားတာတဲ့။" "အင်း....နင်မပြောခင်ကတည်းက ထင်တော့ထင်သား။ တော်သေးတယ်။ ရောက်တာစောလို့။ မဟုတ်ရင် မဲနှိုက်ဖို့ ကိုအတော်စောင့်ရမယ်။ အေးအေး....နင်လုပ်စရာရှိတာလုပ်လေ။သွား....သွား " အပျိုကြီးကတော့ လေးပြောင်ဗိုက်ကြီးကို ကြည့်ပြီး ဇယားချနေပုံရ၏။ အညတရစိတ်ထဲမတော့ ဦးလေးရေ ဘုရား၊တရားသာ တပြီးနေပေတော့ဗျို့။ မတော်၍ သူမဲပေါက်ပြီး ဦးလေးပြောင်ကို ပိုင်သွားလို့ကတော့ မြင်ယောင်နေ၏။ "ဒီမယ် ကိုကိုပြောင် ရှင့်ဗိုက်ကြီးရွှဲနေတာ ရှင်အနှစ်နှစ်အလလ စုထားတဲ့အစာတွေ၊ ဟိုသေရည်တွေကြောင့်ရှင့်။ အဲဒီတော့ ဒီနှစ်ဆန်းတရက် နေ့ကစပြီး အစာမစား၊ ဘီယာမသောက်နဲ့တော့ သိလား။" "ရေပဲသောက်ပြီး အလုပ်ကြိုးစား ရသမျှကျမကိုအပ်။ ကျမက အသုံးစာရင်း ရှင့်ကိုအပ်မယ်။ ဘာတွေသုံးလဲ လာမမေးနဲ့။ ဒီကဘယ်လောက် အသုံးအစွဲ စည်းကမ်းရှိတယ်ဆိုတာ ရှင့်တူအသိ။ သူကျမရဲ့"အမွေအနှစ်" post ကိုဖတ်ထားပြီးသား။ သူ့သာမေးကြည့်" ဆိုမှဖြင့် ဒွတ်ခ။ ဦးလေးရေ အစား၊အသောက် မပျက်ချင်ရင်တော့ ထုံးစံအတိုင်း ကိုရင်မျိုး နှင့်ညှိပြီး ဒီအပျိုကြီးပါ ဗလာမဲကျအောင် စီစဉ်ပေတော့ဗျို့။...... ဟီ......ဟိ



အောင်မယ်မင်း၊ မဏ္ဍစင်ထိပ်တွင် ကိုရင်မျိုးတယောက် မမေကို တတွတ်တွတ်နှင့် ဘာတွေပြော နေသည်မသိ။ အညတရက ဒါမျိုးဆို စပ်စုတာဝါသနာပါ၏။ နားထောင်အုံးမှ။ အညတရတယောက် သူတို့နားအရောက် မောင်မျိုးကမမေကို "အဟုတ်ပြောတာမမေရေ။" ဟုဆိုပြန်သည်။ ဘုရားရေ၊ တသက်နှင့်တကိုယ် တခါမှ စကားကောင်း မပြောဖူးသည့် ကိုရင်မျိုး မမေကို ဘာတွေကို အဟုတ်လို့်ပြောပြီး လှိမ့်နေတာပါလိမ့်။ " မမေ ဘုရားဘယ်လောက် ကန်တော့တယ်။ တရားဘယ်လောက် ကြိုးစားမှတ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့ဗျာ။ " " ဒါပေမယ့် မမေရေ ယောင်္ကျားစင်စစ်ဧကန်ဖြစ်ဖို့ နောက်ဘ၀ထိ စောင့်ဦးမှာလား။ ကျွန်တော်သာဆို စောင့်ရမှာ ပျင်းတယ်ဗျာ။ ဖြစ်ချင်ရင် ဒီဘ၀မှာတင် ဖြစ်လို့ရတယ်ဗျ" "မြတ်စွာဘုရား၊ ကြောင်မျိုး အဟုတ်ပြောတာဆိုပြီး မဟုတ်တာတွေပြောပြန်ပြီ။ " သို့သော် မမေတယောက်ကတော့ နားလေးကိုစွင့်ပြီး မောင်မျိုး၏ အပြောမှာ မြောနေ၍ အညတရတယောက် သူ့အနားရောက်နေသည်ကို ပင်သတိမမူမိတော့။ "မောင်မျိုး နင်ငါ့ကို တကယ်ပြောနေတာလားဟင်။ ငါလေ ယောင်္ကျားစင်စစ် ဧကန်ဖြစ်ချင်လို့ ညတိုင်းဆုတောင်းနေတာ နင်လဲသိသားနဲ့ဟယ်။" "သိနေတယ်လေ။သိနေတယ်။ ဒါကြောင့်လဲ ကျွန်တော်က မမေကို နောက်ဘ၀ထိ မစောင့်နဲ့လို့ပြောနေတာပေါ့။ " "အေးဟာ ငါလဲ ဒီဘ၀မှာ မဖြစ်နိုင်ဖူးထင်လို့ နောက်ဘ၀ကို စောင့်နေတာဟ" "နင့်ကိုငါပြောမယ်။ဒီဘ၀မှာဖြစ်နိုင်တယ်။နောက်ဘ၀ကိုစောင့်မနေနဲ့။" "ကျွန်တော် မောင်မျိုး ထိုင်းမှာနေသည် ဆိုကတည်းကသဘောပေါက်တော့။ မဏ္ဍကဆိုင်းဘုတ်ကိုလည်း သေသေချာချာ ဖတ်ကြည့်အုံး။ ငါ့မှာ ပိုနေတဲ့ဖောက်သည်တွေ..... အဲလေ ယောင်လို့ သူငယ်ချင်းတွေ အများကြီးရှိတယ် မပူနဲ့။ " "ဒီနေ့ကနေစပြီး အလုပ်ကိုကြိုးစား၊ ပိုက်ဆံစု ပြီးရင် ငါရှိတဲ့ထိုင်းကိုလာခဲ့။ ကျန်တာငါ့တာဝန်ထား။ ဟုတ်ပြီလား။ ကဲ.... သွားတော့ ငါလဲတိုကင်ဝေရအုံးမယ်။" " မောင်မျိုး တကယ်နော် အဲလိုဆို ငါမဲနှိုက်ဖို့ တိုကင်မယူတော့ဘူး။ ကျေးဇူး အရမ်းတင်တာပဲဟာ။ သူတပါးကို ကူညီတတ်တဲ့ ကောင်လေးမောင်မျိုး ဘုန်းကြီးပါစေ။သက်ရှည်ပါစေ။ " "ငါသွားတော့မယ်ဟာ။ ဒါပေမယ့် ပြည့်စုံတဲ့တနေ့ နင်ကိုငါ ပြန်လာရှာမယ်။" "ဘုရား.... ဘုရား .... ဦးလေးပြောင် ကံသီပေလို့။ ကောင်လေးမောင်မျိုး ကျေးဇူးကြီးပါပေတယ် ဘုန်းကြီးပါစေ။သက်ရှည်ပါစေ။ " အညတရတယောက် ဆုတောင်းရင်း ဇောချွေးပြန်နေ၏။



စင်ပေါ်တက်လာသော အညတရကို မြင်မြင်ချင်းပင် အပျိုကြီးလည်းမဟုတ်၊ အပျိုလေးလည်း မဟုတ်သည့် ဟိုမရောက်၊ဒီမရောက် အပျိုမကြီးတကြီး စိုးမြမြနန္ဒာသက်သက်လွင် (နာမည်ကတိုနေလို့ ဖြည့်ပေးလိုက်သည်။) က နားဝင်ပီယံ ကျီးအာသံဖြင့် " အညတရကြီးရေ..... come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx " ဟိုက်ရှားပါး၊ ဘယ်ကအိုးကို လာလှုပ်ခိုင်းနေသည်မသိ။ ဒွတ်ခ! အညတရဆိုသည့်ကောင်က အတော်ချမ်းသာတာကို သူမသိလေရော့သလား။ လှုပ်စရာ အိုးလဲမရှိ။ ကိုရင်မျိုးပြောသလို ဇလုံလဲမရှိ။ ဘာမှမရှိ၍ ထမင်းတောင် လပေးနှင့်စား၏။ ဒါတောင် ညီမလေးလိုခင်သော အေးယဉ်သူထံက တလစာအကြွေးရ၍ ဖြစ်၏။ (အေးယဉ်သူရေ ဟုတ်လားဟေ့... ဟီ....ဟိ....) မဖြစ်ချေဘူး မင်းသမီးကလည်း လူနိုင်ဆိုတော့တခုခုတော့ လှုပ်ပြမှဖြစ်မည်။ မဟုတ်လျှင် လက်ထဲကကိုင်ထားထဲ့ ပုလင်း အညတရထံ ခွင်းလာလိမ့်မည်။ အလိုလေး ပုလင်းဆို၍ သူ့လက်ထဲ ကိုင်ထားသည့်ပုလင်းက မြင်ဖူးသလိုလိုရှိ၏။ အခြေအနေကောင်းရင် ၀င်မော့ရအောင် အော်မေးပြီးစပ်စုကြည့်အုံးမှ။ " နန္ဒရေ ... အိုးတော့မရှိဖူး။ဒါပေမယ့် ရှိတာလှုပ်ပြပါ့မယ်။ ဒါနဲ့ ညည်းလက်ထဲက ချီးဖတ်က ဘယ်ကရတာတုန်းဟ။ ၀ယ်လာတာလား။" " ညံ့ပါ့ အညတရရယ် အောက်စဖို့တက္ကသိုလ်က စိန့်ကက်သရင်းကျောင်းတော်သူပဲလေ။
ဘာလို့်ဝယ်သောက်မလဲဟ။ ဟိုငမူး အနက်ရောင်အိပ်မက် ဆီက စီးပွားရေးပညာ တတ်၍မနေသာ အသာတကြည်နဲ့ ခိုးထားတာဟ။" ဟိုက်ရှားပါး သူသာ Bank Investment လုပ်ရင်တော့ မလွယ်ရေးချာမလွယ်။ ......ဟီ....ဟိ။ "ဒါပေမယ့် မမိုက်ပါဖူးဟာ... ပုလင်းက အခွံကြီးဟ။ အနက်ရောင်ကြီးက အကုန်သောက်ပြီး ခပ်တည်တည်နဲ့ ခါးကြားထိုးထားတာ။ အခု ငါတောင် ချီးဖတ်( Chevas ) နံ့ရှုပြီး မူးနေရတယ်ဟ။" "
ကဲ ကဲ အညတရကြီးရေ..... come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx " "အေးပါဟ။ ငါ့မှာတော့ ဘာမှမရှိဘူး။ ငါ့လေးလေးပြောင်မှာတော့ Beer ဗိုက်ရှိတယ်။ လေးပြောင်ရေ.... come on! come on! ဗိုက်လေးလှုပ်ပါဟေ့ xxxx ဗိုက်လေးလှုပ်ပါဟေ့ xxx come on! come on! ဗိုက်လေးလှုပ်ပါဟေ့ xxxx ဗိုက်လေးလှုပ်ပါဟေ့ xxx " ဦးလေးပြောင်ကား ဗိုက်လေးလှုပ်ကာ ကွေးနေအောင်ကလေသတည်း။

အညတရတို့ တူအရီး နှစ်ယောက် ကွေးနေအောင်ကနေစဉ် "ဗျို့! ဦးလေးဂျီး " ဆိုပြီး လင်းတကြွက်ကိုက်သံဖြင့် အော်နေသည့် အော်သံတခုကို ရုတ်တရက် ကြားလိုက်ရ၍ လေးလေးပြောင်ကို သတိပေးရ၏။ "လေးပြောင်၊ ဦးလေးဂျီးဆိုတဲ့ ခေါ်သံကြားတယ်။ ဧကန်န လေးပြောင်ရဲ့ ပရိတ်သတ်အသစ် Baby ဟန်နီထင်တယ် Say hi! လုပ်ပြီး သွားဧည့်ခံလိုက်အုံး" ဟုသတိပေးရ၏။ ဧည့်ခံဖို့ ကမန်းကတန်း ထွက်သွားသည့် လေးပြောင် ချက်ချင်းပင် ပြန်ရောက်လာ၏။ "ဟေ့ကောင် အညတရ ကိုယ့်ဧည့်သည်တောင် ကိုမသိဖူးလား။ သောက်ခွေး ငါ့ကို အဖိုးတဲ့" အောင်မလေးဗျာ! ငယ်ငယ်ရွယ်ရွယ် ကျုပ်ဦးလေးပြောင်ကို အဖိုးခေါ်ပြီး နုနုထွတ်ထွတ် ဟောလီးဝုဒ်က ရုပ်ရှင်မင်းသား တွမ်ခရုက လေးစားအားကျရသော ရုပ်ရည်ပိုင်ရှင် တွမ်ပက်ကျိခေါ်အညတရကို ရာရာစစ ဦးလေးခေါ်တာ ဘယ်သူတုန်းဟ။ ဒီက Night Club သွားတဲ့အချိန်နဲ့ Beer သောက်တဲ့အချိန် 21 နှစ် ဖြစ်တာကလွဲရင် အမြဲတမ်း18နှစ်ကို မဦးမချွတ် ဦးလေးခေါ်တဲ့သူ တွေ့ကြသေးတာပေါ့ကွာဟု စိတ်ထဲမှာ ကြုံးဝါးရင်း မဏ္ဍထောင့် ကိုလှမ်းအကြည့် လားလား ဒေါ်မေမိုး ပါလားကွယ်ရို့။ "ဟေ့! ဒေါ်မိုး ပါလား။ ဘာကိစ္စတုန်းဟ။ မဲလာနှိုက်တာလား " ဟုမေးလိုက်ရာ ဒေါ်မေမိုးတယောက် ဆတ်ဆတ်ခါ နာသွားပုံရ၏။ "အောင်မယ်၊အောင်မယ် ဒီကကိုကို ရှိတယ်နော်ဟင်း။သူများ ဘေးမှာ ကိုကိုရှိတာ ဒီနေ့ဆို 2563 ရက်ရှိပြီ။" ဟိုက်ရှားပါး! ဒေါ်မိုးတယောက် ဦးရွှေရိုး ရှိတယ်ဆိုပါလားဟေ့။ "အဲဒီလိုဆို ဘာကိစ္စ" "ဦးလေးဂျီး အညတရကို ငါ့ကိုကိုနဲ့ မိတ်ဆက်ပေးမလို့လေ။" သြော်ဂလိုကိုး။ ရှိစေတော့၊ ရှိစေတော့။ "ကိုရေ မိုးပြောပြောနေတဲ့ အညတရဆိုတာလေ။" "ဟိုနေ့က အမူးလွန်ပြီး ခေါင်းမထူနိုင်တော့လို့ မိုးရေခဲတုံးနဲ့ ပြုစုလိုက်ရတာသူပေါ့။" သွားပြီ။ ဒေါ်မိုးတို့က အညတရ၏ ရှိစုမဲ့စု ဂုဏ်သိက္ခာတွေကို ဖော်ကျူးပြီး ပွဲထုတ်၏။ မဖြစ်ဖူး အမြန်လျှောချမှဖြစ်မည်။ "ဟုတ်ကဲ့၊ ဦးရွှေရိုး အဲလေယောင်လို့... အကို တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော်က သွေးအားနည်းတတ်တယ်။ အဲဒီလို အချိန်ဆို အရမ်းမူးတာဗျ။ " "အောင်မယ်၊ အရက်မူးပြီး လဲတာကိုများ ဘာလို့ သွေးအားနည်းပြီး မူးတာလို့ လိမ်နေတာလဲ" "ဒီကဦးလေးဂျီး နဖူးကဘုကိုပြပြီး ကိုကိုလဲ အဲဒီအရည်တွေသောက်ပြီး မူးလို့ကတော့ ဆော်ပြီသာမှတ်ဆိုပြီး နမူနာလာပြတာ။" "နေကြအုံးနော်။ လုပ်စရာရှိတာလေးတွေ သွားလုပ်လိုက်အုံးမယ်။" မဖြစ်ချေဖူး နဖူးကို မြန်မြန်ပြပြီး မြန်မြန်လစ်မှ မဟုတ်လျှင် ယခုအခါ မထင်မရှားဖြစ်နေသည့် နဖူးကဘုကို သူ့ဘဲကြီးမြင်ရအောင် ထပ်ဆော်နေလျှင် ဒွတ်ခ။

"မသွားနဲ့အုံး။ ဒီမှာမေမိုးမခရော ပါလာတယ်။သူကမှ နှိုက်မှာဟ။" "ဘုရားရေ၊ သားသားလေး အညတရကိုတော့ ချမ်းသာပေးပါ။ အမဆို ခြင်မတောင် အကိုက်မခံဖူးပါဘူး။" ထိုအခါ မိုးမခက "အယ်မယုတ်မာနဲ့။ ဒီက မဲနှိုက်မယ်လို့ပြောတာ။ ဒါတောင် သူ့ဦးလေးမို့သိလား" ဟုပြောရင်း လေးပြောင်ဗိုက်ကို ခိုးကြည့်၏။ "သိဖူးလေဟာ။ နင်တို့ကလဲ မရှင်းမရှင်း ပြောတာကိုး။ဒီကသင်္ကြန်ဆို လက်သရမ်းတဲ့သူ ပေါလွန်းလို့ ကြောက်တယ်။" "နို့ မိုးမခ ဟိုနေ့က ငါနဲ့တွေ့တော့ အမေနဲ့ရွာကို လွမ်းလို့ဆို" " အိုး! အမေနဲ့ရွာကို လွမ်းတာတခြား အချစ်ရှာတာတခြား။" "အဖေနဲ့ရွာကို လွမ်းလို့ဆို" "အိုး! အဖေနဲ့ရွာကို လွမ်းတာတခြား အချစ်ရှာတာတခြား။" "ဒီလိုဆို မဲနှိုက်တာကကော" "" အိုး! မဲနှိုက်တာတခြား အချစ်ရှာတာတခြား။" "ဘုရားရေ၊မိုးမခ" "စိတ်ကြီးလှချေလား မိုးမခရဲ့" "ကျုပ်ဦးလေးကို ရဖို့ရာအတွက်လဲ မဲနှိုက်မယ်။ တခြားအချစ်ကိုလည်း ရှာအုံးမယ်။ အမယ်မင်း အချစ်ကြီးလှချေလားဟဲ့။" ဟူး မဖြစ်ဖူး၊မဖြစ်ဖူး ဒီကောင်မလေးတွေ ကျစ်တာနဲ့ဆိုရင် ငါ့ဦးလေးရဲ့ နဂိုကမကောင်းတဲ့ ဦးနှောက်ချောင်ပြီး သွက်သွက်ခါအောင် ရူးရချေသေးရဲ့။ မောင်ရင်မျိုးရေ ထုံးစံအတိုင်း ဗလာမဲလေးဟ။ဟီ.....ဟိ.....

"အောင်မယ်၊အောင်မယ် အညတရရှေ့မှာ ပြုံးတုံးပြုံးတုံး လုပ်နေတာ မှန်းစမ်းဟဲ့ ဗေဒါလေး မဟုတ်လား။" "မှန်လှပါ အရှင်အညတရ" "ဟာ... အညတရ ဘာတွေလဲ။ ဘာတွေလာပြောနေတာလဲ။ နင်လျှောက်မေးတာနဲ့ ငါတောင် အူကြောင်ကြောင် လျှောက်ဖြေမိပြီ။" "ဟဲ...ဟဲ... နောက်တာပါဟာ အသဲကွဲနေတဲ့ ဗေဒါလေး ဆိုစမ်းဘာကိစ္စ" "ဆိုရရင်တော့ အညတရရာ မဲနှိုက်ဖို့ကိစ္စပါ။" "ဟဲ့...ဟဲ့... ဗေဒါလေး စိတ်ထိန်းဦး နင်က အသဲကွဲနေတာလေ။" "အာ... အလိုက်တဲ့ အညတရ အသဲကွဲနေလို့ မြန်မြန်ဆက်အောင် ဒီမဏ္ဍလာ မဲနှိုက်တာပေါ့ဟ။ ကောင်လေးရေ အဲဒီလောက်ထိ မအူစမ်းပါနဲ့။ အသဲမကွဲရင် လာပြီးမဲနှိုက်စရာလားဟဲ့" "အော်... အော်... ဂလိုဆိုတော့လဲ ဟုတ်ပေသားပဲ။ဆော်တီး... ဆော်တီး... " "ငါဆော်ပြီး တီးထည့်လိုက်လို့ ခေါင်းမှာဘုထပြန်အုံးမယ်။" သြော် မဗေဒါ မဗေဒါ သိတ်ရှာမနေနဲ့ စပါးခင်းထဲမှာ ပထမဆုံးတွေ့တဲ့ စပါးနှံဟာ အကြီးဆုံးဆိုတဲ့ သူ၏ အိမ်ထောင်ရေးနှင့်အချစ် ဒဿနအဆိုအတိုင်း အရင်ဆုံးတွေ့သော ဦးလေးပြောင်၏ ကံစမ်းမဲရွေးပွဲကို အတော်မျှော်လင့်ထာပုံရ၏။ဘာတွေဘဲဖြစ်ဖြစ် ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဖဲဆိုတဲ့ မဗေဒါတယောက် အံသွားမနာအောင် ရေသောက်ပြီး အဖုံးပြန်မပိတ်မိဘဲ လက်ထဲမှာ ယောင်ရမ်းပြီး ပါလာတဲ့ ရေသန့်ဗူး အဖုံးလေးပေးထားအုံးမှ။ "မဗေဒါရေ ရော့ရော့ ဒီဟာလေးယူထားလိုက်" "ဟဲ့... ဟဲ့ ပလုတ်တုတ် နင့်ရေသန့်ဗူးဖုံးကို ငါ့လက်ထဲ ဘာလို့ လာထည့်ထားတော့ ငါကဘာလုပ်ရမှာတုန်းဟ" "ဟို...ဟို ဟိုလေ မဗေဒါရယ် နင်ပန်းပန်တာကိုပဲ ငါကြည့်ချင်တာဟ။ အံခဲတာ ငါမကြည့်ရက်လို့ပါဟာ။ ဒီရေသန့်ဗူးဖုံးလေး ငုံပြီး အံခဲတော့ နင်အံသွားနာတာ သက်သာတာပေါ့ဟာ။ ရော့ရော့... ယူပြီးငုံထားလိုက်။ ဘာမှအားမနာနဲ့ သိလား။ ငါလုပ်စရာ ရှိတာလေးတွေ သွားလုပ်လိုက်တော့မယ်။ နောက်မှတွေ့မယ် ဗေဒါရေ့" မဗေဒါတယောက် အကြင်နာတရားနှင့်ပြည့်စုံသော အညတရပေးသည့် ရေသန့်ဗူးအဖုံးလေးကို ကိုက်ရင်း အညတရအား ကျေးဇူးတွေလွှတ်တင်နေတော့၏။

မဏ္ဍစင်ပေါ်အရောက် ကိုရင်မျိုးတယောက် အနားနားသို့ ပြေးလာရင်း "ဟေ့ကောင်အညတရ ဘယ်တွေလျှောက်သွားနေတာလဲ။ ဒီမှာ ပရိတ်သတ်တွေ စုံနေပြီ။ မိုးချုပ်လို့ မီးတွေတောင် ထွန်းထားပြီးပြီ။ ဖိတ်ထားတဲ့ ဂုဏ်သရေရှိလူကြီးမင်း ဦးဆိုးသွမ်းတို့၊ Dr.ဦးစိုးထက်တို့ တောင်ရောက်နေပြီ။" "ဟင့် မင်းဥစ္စာ ဂုဏ်သရေရှိလူကြီးမင်းလည်း ပြောသေးတယ် ဦးစိုးသွမ်းတဲ့။" စိတ်တိုဟန်ပေါက်နေသည့် မောင်မျိုးက " ဟေ့ကောင် အညတရ လျှာမရှည်နဲ့။ ကိုဆိုးသွမ်းက အိမ်တိုင်ချွတ်ပြီး ဘောလုံးပွဲ လောင်းတာကလွဲရင် ကျန်တာအကုန်ကောင်းတယ်။ ကိုစိုးထက်ကလည်း စာမကျက်၊အိမ်မကပ်ပဲ ထမင်းမေ့၊ဟင်းမေ့ Blog လည်တာပဲရှိတယ်။ မင်းလျှောက်မပြောနဲ့။ ငါနားရင်းအုပ်လိုက်လို့ သွား၃၂ချောင်းလုံး လေညှင်းခံထွက်ပြီး သွားချီး ယိုးဒယားကသွားမယ်။" "မင်းက ဟိုလူ့လဲ ဗလာမဲ၊ ဒီလူလဲဗလာမဲ ကျအောင် လုပ်ခိုင်းနေတော့ အခုပေါက်မယ့်သူဆိုလို့ လွမ်းလွမ်းဆွေးဆွေး ဗေဒါလေးပဲ ရှိတော့တယ်။" ထိုအခါ အညတရက အပြင်းအထန် အပြီးကန့်ကွက်လေ၏။ "မဗေဒါလဲ ဗလာမဲပေးပါ ကိုရင်မျိုးရယ်။ သူရဲ့ Blog မှာ တင်ထားတဲ့ လက်ရှိ စိတ်ကူး အခြေအနေက ကြောက်စရာကြီးကွ။ ဘာတဲ့ Man may come and Man may go ... But i go on forever... တဲ့ ။ မင်းဟာသူမင်းသာ စဉ်းစားကြည့်ပေတော့.... .... ဟီ.....ဟိ" "ဟင်မြတ်စွာဘုရား ဟတ်လား။ ဒါဆိုရင် သူလဲဗလာမဲပေါ့။ ကြည့်လဲလုပ်ပါကွာ။ အားလုံးဗလာမဲတော့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဟ။ အညတရရာ ခဲထုခံရအောင်တော့ အလုပ်ပါနဲ့ကွာ။ " "ဖြစ်ပါတယ် ကိုရင်မျိုးရယ် ဒီလိုလုပ်ရအောင်။" ဟုဆိုကာ အညတရတယောက် မောင်မျိုးအနီးသို့သွားပြီး ဘာတွေပြောသည်မသိ။ မောင်မျိုးတယောက် ပြုံးတုန်း ပြုံးတုန်းနှင့် နားထောင်နေ၏။ပြီးနောက် "အညတရရေ ဒီလိုဆိုလဲ ဘုရား၊တရားတပြီး အဲဒီ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့ကွာ။ အဲဒီလိုဆို မင်းစင်နောက်သွားတော့" ဆို၏။

" ကြွရောက်လာကြသော ဦးလေးပြောင်၏ ဧည့်ပရိတ်သတ်ကြီးနှင့် ဂုဏ်သရေရှိလူကြီးမင်း အပေါင်းတို့ခင်ဗျာ ၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်အဖြစ် အညတရ၏ဦးရီးတော် "ဘူးတကာ့ထိပ်ခေါင်၊ ဦးလေးပြောင်"အား ဦးရာလူစနစ်ဖြင့် မဲပေးရွေးချယ်ပြီး စုလျားရစ်ပတ် နေရာချထားမည့် အစီအစဉ် စတင်ပြီဖြစ်ပါသဖြင့် အတင်းတိုးဝှေ့ခြင်း မပြုလုပ်ကြပါရန် တောင်းပန်အပ်ပါသည် ခင်ဗျား။" အလဲ့ တယ်ဆိုတဲ့ စာပါလားဟ။ ဒီလိုဆိုတော့လဲ ဒီလိုဆိုတော့လည်း အခမ်းအနားမှုး မောင်မျိုးက တယ်ဟုတ်လှချေလား။ " ကဲကဲ မတိုးနဲ့၊ မတိုးကြပါနဲ့ တိုကင်နံပါတ်အတိုင်း စည်းကမ်းတကျ နေရာယူပေးကြပါ။" အနက်ရောင်ကြီး၏ အသံကိုကြားရ၏။ံ ထိုစဉ် "ဟဲ့ပလုတ်တုတ် ဘာဖြစ်တာတုန်းဟ။ ဟဲ့... ဟဲ့ ဟိုတယောက် ငါ့ဖိနပ် မနင်းနဲ့။ " ဆူဆူညံညံ အသံများဖြင့် မဏ္ဍတခုလုံး အမှောင်လွှမ်းသွား၏။ ခဏအကြာတွင် အခမ်းအနားမှုး ဦးမျိုး အသံထွက်လာ၏။ "ကြွရောက်လာကြသော ဦးလေးပြောင်၏ ဧည့်ကရိတ်သတ်ကြီးနှင့် ဂုဏ်သရေရှိလူကြီးမင်း အပေါင်းတို့ခင်ဗျာ။ ကျွန်တော်များ အစီအစဉ်ကို ဆက်လက်ကျင်းပလိုသော်လည်း မညှာမတာ မီးပျက်သွားပါသဖြင့် အထူးအစီအစဉ်အား နောင်နှစ်သို့ ၀မ်းနည်းစွာရွှေ့ဆိုင်းလိုက်ပါကြောင်း ကြေညာအပ်ပါသည် ခင်ဗျား။" ဦးလေးပြောင်၏ ချစ်ပရိတ်သတ်ကြီး မှာ အချို့က "နောင်နှစ်ထိစောင့်နိုင်ဖူး။ အခုပေး"ဟုဆိုသူကဆို၊ " အခုရရင်ရ မရရင် ခိုးပြေးမယ်" ဟုပြောသူကပြောနှင့် ဆူညံစွာပြောဆိုကြပြီး တဖြေးဖြေး လူစုကွဲသွားလေသတည်း။

xxxx အပျိုကြီးတို့ရေ...... နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ် xxx လေးပြောင်ပြန်လာမယ် xxx လာပါမယ် xxx ဒီနှစ်လိုပဲ ဆီးလို့ကြိုကွယ် xxx လေးပြောင်ပြန်လာမယ် xxx

***အစအနောက်သန်သော အညတရကို စိတ်မဆိုးပဲ သည်းခံခွင့်လွှတ်ကြသော သူငယ်ချင်းများ အားအထူးကျေးဇူးတင်ပါသည်။ လာလည်ဖတ်ရှုပြီး ဆက်ရေးရန် အားပေးကြတဲ့ သူငယ်ချင်းများ ကိုလည်း အထူးကျေးဇူးတင်ပါသည်။***


15 comments:

Nandar said...

I missed that moment sooooo much as i enjoy and appreciate to reading it.

You made me smile and laughs. Thanks ever so much for bring back the greatest memories for all!!!

The best awesome ThinGyan memories post ever in Myanmar Blogosphere.

Warm Regards..,
Nandar :))

sin dan lar said...

ခုမှ ဖတ်ဖူးတာ.. ကောင်းတယ်....။

မလိခ said...

ရယ်ရတယ်ဗျိုး.... ဇာတ်ကောင်တွေက ဘယ်သူတွေမှန်းမသိပေမဲ့ ရယ်ရတယ်.... ကျေးဇူး

ကိုရင်ညိန်း said...

ရှေ့ကလူပြောသလိုပဲဗျ
ကျုပ်လည်းခုမှဖတ်ဖူးတာ ။အဟေးဟေး
အဟောင်းဆိုပေမယ့် ခုမှရေးတဲ့ အသစ်အတိုင်းပဲ
ပြန်ဖတ်ရတာကျေးဇူးပဲဗျို့ ...
အဟေးဟေး
ဒါနဲ့ ဒီနှစ် သင်္ကြန်ကော ဘာအစီအစဉ်ရှိလဲဗျ
ကျုပ်ကတော့ ပြတိုက်ထဲ ယိမ်းတိုက်မလို့
Shakira လိုကတတ်တဲ့ Blogger မမတွေလိုက်
စည်းရုံးနေတယ်
အဟေးဟေး :P

အဆင်ပြေပျော်ရွှင်ပါစေ ပြတိုက်ကြီးရေ
လေးစားချစ်ခင်လျက်
ကိုရင်ညိန်း

ကိုရင်နော်ခင်လေးငယ် said...

ကိုဟတ်ကြီးကတော့ လုပ်ပြီ...
သံချောင်းမခေါက် ဘာမခေါက်နော်...

ကျေးဇူးအရမ်းတင်ပါတယ် ကိုဟတ်ရေ..

ဟီးး ဘူတွေကဲတယ်..
ဘူလေးတွေက အပျိုကြီးလေးတွေလို ချစ်ဖို့ကောင်းစွာ သင်္ကြန်ကို ကျော်လွန်ကြတယ်
ဆိုတာ သိသွားပြီကော...!!

ဟဲ..ဟဲ... အရေးကတော့ လန်းတယ်..
ခုမှ ဖတ်ဖူးတာ ကိုဟတ်ကြီးရေ...
ပြန်လည်ဆန်းသစ်ပေးမှု အတွက် ဂယ်ရီး
လေးစားချစ်ခင်မိတယ်ရှင်ဗျာ...

ချစ်ခင်ခြင်းအားဖြင့်...

Republic said...

ပြတိုက်ကြီး ပို့စ် က ဒီနေ့ ကျနော် ဖတ်တဲ့ ပို့စ်တွေထဲမှာ အရှည်ဆုံးပါပဲ ၊၊ ပျော်စရာလည်းကောင်းပါတယ်၊၊

ရွှေပြည်သူ said...

ကိုအညတရကတော့ လုပ်ပြီ။ အသစ်ရေးမလားလို့ ပြောကြည့်တာ (၂)နှစ်ဆက်တိုက် အထိနာသွားတယ်း)) ဘာပဲဖြစ်ဖြစ် တကယ်ကို ပျော်စရာပို့စ်လေး တစ်ပုဒ်ပါ။ ဒီပို့စ်လေးဖတ်ပြီး မနှစ်က သင်္ကြန်အချိန်ကိုလည်း လွမ်းနေမိတယ်။ အရာရာဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေတာပဲနော်။ မေ့ကိုလည်း သတိရတယ် ကိုအညတရရေ... ပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ရယ်လည်းရယ်ရ လွမ်းလည်းလွမ်းရတဲ့ ပို့စ်တစ်ပုဒ်ပါ...

မသက်ဇင် said...

အခုမှဖတ်ဖူးတယ် ကိုဟရေ---
လူစုံတယ်နော်---
ရေးတတ်ပလေတယ်--
ပျော်ရွှင်ပါစေ--

လားရှိုးသူ said...

အဟောင်းလို့ဆိုပေမဲ့ ပထမဆုံးဖတ်ဘူးသူ တယောက်တယောက်အတွက်တော့ အသစ်ပေါ့ ဖတ်ရင်းနဲ့ အမြင်ထဲပေါ်လာစေတဲ့ ရသလေးပေးလို့ ကျေးဇူး။

khin oo may said...

ဖတ်သွားပါသည်။

BLACK DREAM said...

လူဟောင်းတွေကို လွမ်းတယ်ဗျာ....။

mabaydar said...

အော်.. သူများကို ရေသန့်ဗူးဖုံးပဲကိုက်ခိုင်းလိုက်သေးတယ်.. ဟွန့်.. စပါးခင်းမှာ ပထမဆုံး စပါးနှံက ကြီးတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.. လူ့စိတ်ကိုပြောတာပါ.. ပြီးတော့ အဲဒိပိုစ့် မူရင်းက ကိုပီကေဆီက ကူးထားတာ.. ဟဲ.. ဟဲ.. (သူကတော့ဘယ်က ပြန်ဖော်ပြလဲမသိ).. ဒါနဲ့နေအုံး.. မဗေဒါကို မဲပေါက်အောင်တော့လုပ်ပေးအုံးနော်..၁နှစ်ကျော်ပြီ.. အသဲနုလေး ပြန်လည်မွေးဖွားသင့်ပြီ.. ဟီး..

Apprenticeship said...

ဒီနှစ်အတွက်လဲ လုပ်အုံးလေ... ပျော်စရာနေ့တွေ လွမ်းတယ်ဗျာ... ငါလဲ အလုပ်များလို့ မတင်ဖြစ်သေးဘူး။
ဟတ်ကြီးလဲ အလုပ်တွေ မပြီးသေးဘူးထင်ပါတယ်။။
ဘာပဲဖြစ်ဖြစ် ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ....

အမရာ said...

ပြတိုက်ကြီးရေ....ခုမှဖတ်ဖူးတာ.....
ခွက်ထိုးခွက်လန်ရယ်သွားတယ်......
ပျော်ရွှင်ပါစေ......

ဝေလေး said...

ရီရတယ်...... :))