အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, March 13, 2009

ကျေးဇူးကြီးပါပေ့..... Hacker ရယ်...

ဟိုရက်ပိုင်းက ကျွန်တော့်ဆိုဒ် hack ခံရတယ်။ ဘာlinkတွေ တင်သွားတယ် မသိ။ blog ကိုစောင့်ရှောက်ပေးတဲ့ ညီလေး Augestine အသိနောက်ကျသွားလို့ လာလည်တဲ့ သူငယ်ချင်းတွေ အထူးသဖြင့် အမျိုးသမီး (အမ၊ညီမများ)ကို အားနာ၏။ မည်သို့ဖြစ်စေ..... တောင်းပန်ပါ၏။ ကျွန်တော့် blog တွင် ဘာpost တင်တင် ချစ်ခင်စိတ်ဖြင့် လာရောက်လည်ပတ်ကြသော သူငယ်ချင်များ( အထူးသဖြင့် cbox မှာ လာအော်သွားကြတဲ့ Apprenticeship၊ Black Dream၊ ကိုရင်ညိမ်း၊ ကိုလူလ၊ကိုမိုးမြင့်တိမ်၊ ကိုဒူကဘာ၊ Ah Fong၊ ညီမလေး မေမိုး၊Sin Dan Lar ၊ Minnphyo ၊မအမရာ၊ မလားရှိုးသူ၊ အမ မိုးချိုသင်း၊ အမကြီး မခင်ဦးမေ နှင့် မသက်ဇင်) တို့၏ နှုတ်ခွန်းဆက်စာများကို ဖတ်ရသဖြင့် ၀မ်းသာပီတိဖြစ်ပြီး ကြည်နှုးပျော်မြူးမိပါ၏။ မောင်မင်းကြီးသား Hacker ကိုလည်း ကျေးဇူးတင်၏။ Adult website ကို နောက်တောက်တောက်ဖြင့် တင်သွားသော်လည်း ကျွန်တော်ရေးထားသော post များကို လက်ဖျားနှင့်တောင် တို့သွားပုံမရ။ မဟုတ်လို့ကတော့ သေပြီဆရာ...... ကျွန်တော်ရေးထားသော post အားလုံးက ကျွန်တော့်ဘ၀အတွက် ပြန်လည်ဖန်တီး၍ မရနိုင်သော အမှတ်တရများ ဖြစ်သောကြောင့် ကျွန်တော့်အတွက် အလွန်အရေးကြီးပါသည်။ post များကို မဖျက်မဆီးပဲ အကောင်းအတိုင်း ထားခဲ့သော မောင်မင်းကြီးသား အမည်မသိ လိင်မသိသောပုဂ္ဂိုလ် Hacker အား ကြံဖန်ကျေးဇူးတင်၏။ ဆရာသမား ကျန်းမာချမ်းသာပါစေဗျား။ ( ထမင်းကျွေးပါ့မယ်။နောင်ကို အဲဒီလို မနောက်ကြေးနော်။ လွန်တာရှိဝန္ဒာမိ တောင်းပန်ပါ၏။) ကျွန်တော် သင်တန်းcampက 2009နှစ်ကုန်ထိ ဖြစ်သောကြောင့် ကျွန်တော့် blog နဲ့ ချစ်သော မောင်နှမများအားလုံး လွမ်းသော်လည်း ကျွန်တော် post အသစ် တင်နိုင်အုံးမည် မဟုတ်ပါ။ ဟီ..ဟိ.... မအားသော်လည်း သင်္ကြန်ကိုချစ်သော မန္တလေးသားမို့ နောက်လမှာ ကျင်းပမယ် LAသင်္ကြန်ကိုတော့ သွားဖြစ်အောင် သွား၊ ကဲဖြစ်အောင်ကဲမည်ဟုသာ.....

ရိုသေလေးစားလျှက်

20 comments:

khin oo may said...

မြင်ရတာဝမ်းသာပါတယ။် hack တုံးက မမြင်လိုက်ရတာကိုလည်း ဝမ်းနည်းမိတယ်။ ဆိုလို့hacker က စေတနာနဲ့ ပြန် hack ပေးမှာကို စိုးရိမ်မိသေးတယ။်

ဘလော့တော့မလာ. LA တော့သွားနိုင်တယ်။ :(

khin oo may said...

ဒါကလေး အတော်ကောင်းတယ။် ရှင်းလဲရှင်းတယ် လွယ်လဲလွယ်တယ်။ ကြိုးစားကြည့်ပါ။ ကိုယ်လဲ ပြန်ရေးပါဆိုရင် မရေးတတ်တော့ဘူး။ back up ကလေးကိုတော့ မအားတဲ့ကြာ်ဒးကတည်းက လုပ်ကြည့်ပါဦး

http://www.thanlonengal.co.cc/2008/12/blog-hack-all-blog-posts-import-in-1.html

Apprenticeship said...

အင်း ငါတော့မမြင်လိုက်ဘူး။ ဒါပေမယ့် တစ်ချို့လင့်တွေများ နင်းပိုစ့်အသစ်တင်တယ်ဆိုလို့ လာကြည့်တော့ ဘားမှ မရှိတော့ဘူး။ အင်းကွား အဆင်ပြေရဲ့လား အလုပ်က။ အိမ်လွမ်းသီချင်းလေးအတွက် ကျေးဇူး... ဒီနှစ်တော့ ပြန်ဖြစ်မယ် ထင်တာပဲ...

ရွှန်းမီ said...

:-) တော်သေးတာပေါ့...
ဒေါ်အေးသာကြော့ နတ်ကြီး စောင့်ရှောက်ပုံရတယ်. . .
အဆင်ပြေပါစေ ကိုကြီးဟတ်...

May Moe said...

သင်္ကြန်ရောက်ရင် မနှစ်ကလိုဟာသ ဇတ်လမ်းတွဲရေးအုန်းလေ ။ အဆင်ပြေပျော်ရွှင်ပါစေ :D

Moe Myint Tane said...

ထင်တော့ထင်တယ် ပြတိုက်ရှင်ကြီးရ။ တစ်ခုခုတော့လွဲနေပြီလို့။ အခုလို ပြန်ကောင်းသွားတာ တော်သေးတာပေါ့ဗျာ။ ကျန်းမာ ပကတိ ချမ်းသာစွာရှိတယ် သိရလို့ ၀မ်းသာတယ်ဗျာ။ ပြတိုက်ရှင်ကြီးလည်း စာတွေအမြန်ဆုံး ပြန်ရေးနိုင်ပါစေ ဗျာ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

BLACK DREAM said...

မနှစ်က သင်္ကြန်ကာလက အစ်ကိုရေးခဲ့တဲ့ ပို့စ်တွေကို သတိရတယ်ဗျာ..။ ဒီနှစ်လည်း ထပ်ရေးဦးမယ်လို့ ယုံကြည်တယ်..။ ဟုတ်တယ်ဟုတ်...။ Camp ၀င်နေလည်း Email နဲ့ တင်လေအစ်ကိုရာ..။ တင်ချင်တာတွေရှိရင် နည်းပေါင်းစုံနဲ့တင်လို့ရတယ်..။ အစ်ကို့ ဘလော့ကို ကြည့်ပေးထားတဲ့ သူကိုပဲ တင်ခိုင်းတင်ခိုင်း..။ ကျွန်တော်တို့ကိုပဲ တင်ခိုင်းတင်ခိုင်း...။ တင်စမ်းဘာ..။ ဘာမှ အားမနာနဲ့...။ ဆန္ဒရှိကအမြန်လှုပ်ရှားလော့..။ အသင် ရဲတိုက်...။ မှားလို့..။ ပြတိုက်...။

ရွှေပြည်သူ said...

ကိုအညတရရေ... တွေ့လား။ ဘလော့ကို ပစ်ထားတာကိုး ဖြစ်မှာပေါ့ (ပစ်မထားဘဲ ဆက်ရေးအောင် ခြောက်တား)) ဘာပဲပြောပြော ပို့စ်တွေကို ထိမသွားတာ တော်သေးတာပေါ့။ Black Dream ပြောသလိုပဲ မနှစ်က သင်္ကြန်ပို့စ်တွေကို သတိရမိတယ် (ကိုယ်အနှိပ်ကွပ် ခံရတာတောင် ရွှေပြည်သူတို့က မမှတ်ဘူးနော်း)) အချိန်ရရင် ဘလော့ကိုပြန်ရေးပါဦး ကိုအညတရရေ...

ကိုရင်ညိန်း said...

သက်ပြင်းချတယ်
ခေါင်းခါတယ်
မပြောချင်ဘူး .. မပြောချင်ဘူး
ပြောကို မပြောချင်ဘူး (ဒေါ်မြလေးလေသံဟုမှတ်)

အဟေးဟေး
အဆင်ပြေပါစေ ပြတိုက်ကြီးရေ
လေးစားလျက်
ကိုရင်ညိန်း

မသက်ဇင် said...

ကိုဟ ရေ---
တွေ့လိုက်ရတော့ မယုံနိုင်အောင်ဖြစ်သွားတယ်--
တကယ် ဝမ်းသာသွားတယ်--
သတိတရလေးရှိနေတာကို ပဲ---
လွမ်းနေရပါတယ်--
အစစအရာရာအဆင်ပြေပါစေ--

ပါဂနာ said...

က.တောက် !

ငါမရှိလိုက်တာ နာသကွာ.

(နို့. အဲဒီ Link လေးတွေ Draft ထဲရှိနေသေးလား..ဟင်)

အမ်.သင်တန်း Camp က ခဏလေးဘဲနော်.

တစ်နှစ်နီးပါး. ကောင်းကွာ...

သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ဟတ် ကြီးရေ

“ကလူလ” နဲ့ ထရည် ဆွဲလာခဲ့မယ် :P

sin dan lar said...

အသစ်တင်ထားပြီး ပို့စ်မမြင်လိုက်ရတာပဲရှိတယ်...
တခြားဘာမှမမြင်လိုက်ရဘူး....။
အားရင်လာပါ...

မောင်မျိုး said...

မနှစ်သင်္ကြန်မှာတင်တဲ့ ပို့စ်တွေကို သတိရတယ် အစ်ကိုရေ့ အဲ့တုန်းကတော်တော်ကို ပျော်ခဲ့တာ ။း) ကျနော်တို့လည်းလွမ်းပါတယ်နော် လူစိမ်းကားကြီးး မြန်၂ပြန်လာဗျ ။

ကလူသစ် said...

လင့်ခ်လေးတွေ မှတ်မိသေးရင် ပြန်တင်ပေးစမ်းပါအုန်း :)

khin oo may said...

ဟုတ်တယ် အသစ်တွေ့လို့တော့လာကြည့်ဘူးတယ်။ ဘာမှမတွေ့တာနဲ့ဘဲပြန်သွားတာကို အခုမှ မှတ်မိတ်ယ။ စင်စင်ြေ့ပာမှဘဲ။

khin oo may said...

ချဉ်ပေါင်ဇာတ်လမ်းလေး သိချင်လို့..သိခ်ျငလို့်

Heartmuseum said...

ဗျို့လူကြီး.... ဘာလင့်တွေ လိုချင်တာတုန်းဗျ။

Anonymous said...

emm... informative thread )

Anonymous said...

Hello. And Bye.

Anonymous said...

I think, that you are mistaken. Let's discuss it. Write to me in PM.