အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, March 28, 2009

အညတရရဲ့ မဟာသူရဲကောင်း





အဖေဟာ ရိုးအသူ တယောက်တော့မဟုတ်ပါ။
ဒါပေမယ့် အဖေဟာ ရိုးရိုးသားသား
သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားသောက် အသက်မွေးဝမ်းကျောင်းသူဖြစ်တယ်။






အဖေဟာ မြန်ပြည်တလွှား ထင်ရှားကျော်ကြား
စီးပွားရေးသမား တော့မဟုတ်ပါ။
ဒါပေမယ့် အဖေဟာ မိန်းမနဲ့ သားသမီးတွေကို
တင့်တောင်းတင့်တယ် ထားနိုင်ခဲ့တယ်။





အဖေဟာ ဘယ်သားသမီးကိုမှ အမူအရာနဲ့ရော
စကားနဲ့ပါချစ်တယ်လို့ ပြောခဲ့သူ မဟုတ်ပါ။
ဒါပေမယ့် အဖေဟာ သားသမီးတွေ အားလုံးက
ချစ်ကြောက်ရိုသေအောင် အနေတည်တံ့ခဲ့သူ ဖြစ်တယ်။





အဖေဟာ ပညာတတ်တယောက်တော့ မဟုတ်ပါ။
ဒါပေမယ့် အဖေဟာ သားသမီး (၉)ယောက်လုံး ပညာတတ်ဖြစ်အောင် ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ပဲ့ကိုင်လမ်းညွှန် ပေးခဲ့တယ်။




အဖေဟာ သမိုင်းမှာ လူတိုင်းကလေးစားတဲ့ သူရဲကောင်း
တယောက်တော့ မဟုတ်ခဲ့ပါ။
ဒါပေမယ့်အဖေရဲ့ အတွေ့အကြုံပုံပြင်တွေဟာ
ကျွန်တော်တို့ သားသမီးတွေအတွက် လမ်းပြကြယ်ဖြစ်ခဲ့တယ်။




*** သင်္ချိုင်းကန်တော့ပွဲ ကာလမို့ အဖေနားခိုရာမြေကို သွားရင်း အဖေ့ကို သတိရမိတယ်။
သေသောသူ ကြာရင်မေ့ဆိုပေမယ့် ဂုဏ်ကျေးဇူးတွေ သိတ်များလွန်းလို့ လွမ်းဆွတ်တမ်းတမိတယ်။
အဖေရောက်ရာအရပ်မှာပျော်ပါစေ။ ကောင်းရာသုဂတိ လားပါစေ။***
ပုံ(၁)၊(၁၀)က အဖေ ထာဝရာ လဲလျောင်းရာ တောင်ကုန်းမြေကနေ မြင်ရတဲ့ Los Angeles မြို့
ပုံ(၂)၊(၈)က အဖေအိပ်ရာမြေနဲ့ ကျွန်တော်စီးတဲ့ မီးခိုးရောင် 2008 Toyota Prius
ပုံ(၃)၊(၄)၊(၅)၊(၇)၊က အဖေရဲ့ နားခိုရာမြေနဲ့ အဖေ့နာမည် ကမ္ဗည်းစာသား
ပုံ(၆)၊(၉)က အဖေမှေးစက်ရာမြေနားက ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားရှစ်ခိုးကျောင်း

6 comments:

khin oo may said...

ဖတ်နေရင်းနဲ့စိတ်မကောင်းပါ.

မောင်မျိုး said...

ဖတ်ရင်းစိတ်မကောင်းထပ်ဖြစ်မိတယ် အစ်ကိုရေ့........ ကောင်းမွန်တဲ့လုပ်၇ပ်တွေအများကြီးပြုခဲ့တဲ့ ဘဘကြီင်္း ဘ၀သစ်လေးမှာ ပျော်ရွှင်နေမှာပါ။ ဒါမှမဟုတ် ...ဘာပူပင်မှုမှမရှိတဲ့ လောကရဲ့ နိဗ်ဗာန်ဘုံမှာ အေးချမ်းနေမှာပါ ..။

လူလ said...

မင်္ဂလာပါ ကိုဟရေ...

ရိုးသားစွာ ဖြတ်သန်းခဲ့သော သူတယောက်အတွက်တော့ ကောင်းမွန်တဲ့ဘုံတခုအတွင်း ရောက်ရှိနေမှာပါ၊

ကွေကွင်းရခြင်း၏ တမ်းတမှုများကို ကိုယ်ချင်းစာနာခဲ့ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ....

ရွှန်းမီ said...

အစ်ကိုကြီးဟတ်ရဲ့  သူရဲကောင်း ဖခင်ကြီးကို လာရောက်အရိုအသေပြုသွားပါတယ်။
ငြိမ်းချမ်းရာ ရောက်နှင့်နေမှာပါ။

ရွှေပြည်သူ said...

တကယ်ကို စိတ်မကောင်းပါဘူး ကိုအညတရရေ။ မိဘအပေါ်သိတတ် တာဝန်ကျေခဲ့တဲ့ သားလိမ္မာတစ်ယောက်အတွက် ကိုအညတရရဲ့အဖေလည်း ဂုဏ်ယူသွားမှာပါ...

BLACK DREAM said...

အစ်ကိုတို့ တာဝန်ကျေခဲ့ကြပါတယ်...။