အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Tuesday, March 17, 2009

လက်တွဲဖော်


ဆယ်ကျော်သက်အရွယ်
ရည်းစားလိုချင်တုန်းက
စိတ်ကူးယဉ်မိတယ်
ချောရမယ် လှရမယ် ကဗျာဆန်ရမယ်
ဘာရယ်... ညာရယ်နဲ့ပေါ့...



နှစ်ဆယ်ကျော် အစိတ်ပိုင်း
ချစ်သူကိုတမ်းတတုန်းက
စိတ်ကူးယဉ်မိတယ်
ပညာတတ်ရမယ်... ဥစ္စာပြည့်ုရမယ်
ဘာရယ်... ညာရယ်နဲ့ပေါ့...



သုံးဆယ့်ငါး လေးဆယ်
အိမ်ထောင်ဖက်ကိုစဉ်းစားစဉ်က
စိတ်ကူးယဉ်မိတယ်
စိတ်ထားကောင်းရမယ်... သဘောထားပြည့်ရမယ်
ဘာရယ်... ညာရယ်နဲ့ပေါ့...



ငါးဆယ်ကျော် ခြောက်ဆယ်
ဘုရားသွားကျောင်းတက် ပါရမီဖြည့်ဖက်ကို
စိတ်ကူးယဉ်မိတယ်
စိတ်သဘောညီရမယ်... ဒါနစိတ် ရှိရမယ်
ဘာရယ်... ညာရယ်နဲ့ပေါ့...




ခုနှစ်ဆယ်ကျော် ရှစ်လစွန်းတော့
"လာတုန်းကလဲ တယောက်တည်း
လက်တွဲခေါ်လာ ဖော်မပါဘူး
ပြန်သွားတော့လဲ တယောက်တည်းပေါ့
လက်တွဲခေါ်ကာ ဖော်မပါဘူး။"
ဘာရယ်... ညာရယ် မလိုပါတယ်....။


***သူငယ်ချင်းတယောက်က နောက်တောက်တောက်နဲ့ အူကြောင်ကြောင်ဘူကောင် ကျွန်တော့်ကို စချင်လို့ပို့လိုက်တဲ့ ကဗျာလိုလို၊ စာလိုလို လေးပါဗျာ။ သဘောကျလို့ သူရေးတာလားမေးတော့ သူရေးတာမဟုတ် မူရင်းရေးသားသူလဲ မသိပါတဲ့ဗျ။ သူငယ်ချင်းတွေကို စိတ်ပန်းပြေစေဖို့ ဝေမျှခြင်း သက်သက်သာ......***

10 comments:

Apprenticeship said...

Heart Gyi yae.. ဘက်တွဲဖော်က ဘယ်လိုပုံစံပါလိမ့်... အလွမ်းညများထဲက မင်းသမီးလေးနဲ့ အဆင်ပြေပါစေ :D :) :P

အိပ်မက်ရှင် said...

ကိုဟက်ရေ .... တော်တော်သဘောကျသွားတယ်ဗျာ
ဖတ်နေတုန်းက ကိုဟက်ရေးတာမှတ်လို့ ...
အဲထဲက သဘောတရားလေးတွေက မှန်လည်း သိပ်မှန်၊ လှလည်း သိပ်လှတယ် ... နှစ်သက်သွားတယ် ...
အခုလို ပြန်မျှဝေပေးတာ အထူးကျေးဇူး ...
ပျော်ရွှင်ပါစေဗျာ ...

ရွှန်းမီ said...

:-)
. . .
ဘာရယ်... ညာရယ်နဲ့ပေါ့...
ပြုံးမိသွားပါတယ်။

မောင်မျိုး said...

ကဲ...အစ်ကိုကကော ဘယ်လိုလဲ လက်တွဲမလား တစ်ယောက်တည်းလျှောက်မလား.....လမ်းတော့လျှောက်နေပေါ့
လမ်းမှာတွေ့တဲ့ ဗယာကြော်ရောင်းတဲ့ တရုတ်မလေးဖြစ်ဖြစ် တွေ့တော့လဲ ဆွဲထားလိုက်
အဲ့တာလည်းလက်တွဲဖော်ပဲ ဟဟားးး)

ကိုရင်နော်ခင်လေးငယ် said...

သြော်...
လက်တွဲဖော်.. လက်တွဲဖော်ရေ..
ဘယ်များရောက်နေပါလိမ့်နော်...
တယ်ခက်ပါကလား..

:P

Moe Myint Tane said...

ပြတိုက်ရှင်ကြီးရေ

ဒီလိုနဲ့ဘဲ ဒီလိုနဲ့ပေါ့ ။ အင်း...ဒီလိုပါဘဲလေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကြယ်ပြာ said...

ကိုပြတိုက် ....

ဒီကဗျာလေးသဘောကျလို့ screen shot လုပ်ပြီး အလုပ်က သူငယ်ချင်းတွေကို ရှဲလိုက်တယ်နော် ...

မသက်ဇင် said...

ခုနှစ်ဆယ်ကျော် ရှစ်လစွန်းတော့
"လာတုန်းကလဲ တယောက်တည်း
လက်တွဲခေါ်လာ ဖော်မပါဘူး
ပြန်သွားတော့လဲ တယောက်တည်းပေါ့
လက်တွဲခေါ်ကာ ဖော်မပါဘူး။"
ဘာရယ်... ညာရယ် မလိုပါတယ်....။

ကိုဟ---
အဲဒီအပုဒ်ကိုအကြိုက်ဆုံးပါပဲ--
ပျော်ရွှင်ပါစေ--

BLACK DREAM said...

အခုတော့ ၂၀ ကျော် ၅ နှစ်ပတ်လည်ထဲမှာ ဆိုတော့ကာ..။ လာတုန်းကလည်း တစ်ယောက်ထဲပဲ..။ လက်တွဲဖော်ခေါ် တော့ပါဘူးလေ...။

ရွှေပြည်သူ said...

ကိုအညတရရေ... အခုဘယ်လိုပုံစံကို စိတ်ကူးယဉ်နေတာလည်းဆိုတာ သိချင်နေကြပါတယ်...း))