အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, November 3, 2008

အဆင်ပြေတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့

ခင်ပွန်းနဲ့ ဇနီးသည် ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက် ပံ့ပိုးပေးနေတဲ့ အရာတွေထဲမှာ တစ်ဦးအပေါ်တဦး လေးစားမှု၊ ယုံကြည်မှုနဲ့ ဂရုတစိုက်ရှိမှုတွေဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်တာပါ။ဒီတော့...။
နားထောင်ပေးပါ။



ကိုယ့်လက်တွဲဖော် ဘာပြောလဲဆိုတာ သေသေချာချာ နားထောင်ပေးပါ။ ကိုယ့်တစ်ဖက်သတ် ယူဆချက်တွေ၊ ခံစားချက်တွေနဲ့ ပြစ်တင်ဝေဖန်တာမျိုးကို ရှောင်ပါ။



ယုံကြည်မှုနဲ့လေးစားမှု

ယုံကြည်မှုဆိုတာ တစ်ယောက်နဲ့တယောက် စိတ်ရင်းအတိုင်း ဖွင့်ဟပြောဆိုတဲ့ အခြေအနေကို ဖန်တီးပေးပြီး လေးစားမှုကတော့ တစ်ဦးစီရဲ့ ယုံကြည်ချက်၊ ခံယူချက် အတွေးအမြင်ကို ပြစ်တင်ဝေဖန်တာမျိုး မလုပ်ဖြစ်အောင် ဟန့်တား ပေးပါတယ်။

အသင်းအဖွဲ့စိတ်


လင်မယား နှစ်ယောက်ဟာ ရန်စောင်နေရမှာ မဟုတ်ပါဘူး။ တဖက်တည်းမှာ ရှိတဲ့သူတွေပါ။ နိုင်ရင် နှစ်ယောက်စလုံး နိုင်မှာဖြစ်ပြီး ရှုံးရင်လဲ နှစ်ယောက်စလုံး ရှုံးမှာလို့ ခံယူထားပါ။


ချေးခြောက် ရေမနူးနဲ့။

ပြဿနာ တစ်ခုခု ဖြစ်လာရင် အဲဒီ တစ်ချိန်မှာပဲ ပြောကြဆိုကြတာ အကောင်းဆုံးပါ။ စီတ်ထဲမှာ မှတ်ထားပြီး ပြဿနာဖြစ်တိုင်း ဖြစ်ခဲ့တာတွေ ပြန်လှန်ပြောတတ်တာမျိုး ရှောင်ပါ။

ကိုယ်မကျေနပ်တဲ့ အကြောင်းကိစ္စတိုင်းမှာ သူမှားတာ မဟုတ်ပါ။


ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ်လက်မခံနိုင်တဲ့ ကိစ္စရပ်မျိုး ပြုလုပ်ခဲ့ရင်တောင်မှ သူ့ကို မှားတယ်လို့ မစွပ်စွဲပါနဲ့။ ကိုယ်မကျေနပ်တာနဲ့ သူမှားတယ်လို့ ယူဆတာဟာ တစ်ဖက်သတ်ဆန်ပါတယ်။



တာဝန်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အညီအမျှခွဲဝေ အသုံးချပါ။

ကိစ္စရပ်တိုင်းမှာ နှစ်ဦးစလုံးက သာတူညီမျှ လုပ်ပိုင်ခွင့်တွေ ရှိနေဖို့ လိုပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်တင် မဟုတ်ဘူး။ တာဝန်တွေကိုပါ ခွဲဝေယူရမှာပါ။

တရားမျှတစွာ တိုက်ပွဲဝင်ပါ။



တဖက်လူရဲ့ အားနည်းချက်ကို ရန်ဖြစ်တဲ့အချိန်မှာ ထုတ်ဖော်ပြောဆိုတာမျိုး ရှောင်ပါ။ လူထက် ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို အဖြေရှာပါ။



ကိုယ့်ကိုယ်ကို ပြန်မေးပါ။

ကိုယ်ဘာလိုချင်တယ်။ ဘာဖြစ်ချင်တယ်။ ဒါကို ဘယ်လိုရအောင် လုပ်မယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကို သေချာစေပါ။ ဒီအချက်တွေကို တဖက်လူသိအောင်၊ နားလည်အောင် ရှင်းပြပါ။

***တချိန်တခါက မြန်မာတိုင်း(စ်)ဂျာနယ်မှာ ဖော်ပြခဲ့ဖူးတဲ့ စာရေးဆရာဇိုးပွီးရဲ့ ဆောင်းပါးလေး တပုဒ်ပါဗျာ။ ပေါင်းသင်းလာတဲ့ အိမ်ထောင်သက် အနှစ်(၂၀)အတွင်းမှာ အမြဲလိုလို ရန်ဖြစ်နေတဲ့၊ ရန်မဖြစ်ရရင် မနေနိုင်တဲ့ စတုတ္ထမြောက် အမတော်တို့ လင်မယားကို အဓိက ရည်ရွယ်ပါတယ်။ ***

17 comments:

Moe Cho Thinn said...

ဒါမျိုးတွေ အပတ်တကုတ် လေ့လာ သင်ယူ ဖတ်မှတ် နည်းပြ နေတယ်ပေါ့ :))

mgngal said...

မှတ်သားစရာတွေပဲ ။ တချိန်ကျရင်တော့ အသုံးဝင်လောက်
ကောင်းပါရဲ့  ။ အခုတော့ ကျနော်နဲ့  ငါ ကိုပဲ တည့်အောင်
ပေါင်းခိုင်းနေရတယ် ။ :D

ဝါ၀ါခိုင်မင်း said...

ဟုတ်ကဲ့..မှတ်သားသွားပါတယ်။ :P

လူလ said...

မင်္ဂလာပါ ကိုဟ

လာဖတ်သွားတယ်။ ပထမတခါက ကွန်မင်းမပေးဖြစ်ဘူး။ အလုပ်နည်းနည်း ရှုပ်နေလို့..

တင်ပြချက်လေးက လောကမှာ စံထားရမည့်အရာတွေပါ။ ကောင်းပါတယ် ကျွန်နော်တို့လို လူပျိုတွေ ပိုပြီး ဖတ်သင့်တာပေါ့နော် ဟ ဟ။

စကားမစပ် ကိုဟ၏ အမ လင်မယားက အမြဲရန်ဖြစ်တယ် ဆိုတော့ အရမ်းချစ်ကြလို့ဖြစ်မယ် ထင်တယ်။ လင်နဲ့မယား လျှာနဲ့သွား စကားပုံကို ကျင့်သုံးလို့ ဖြစ်မယ်။

ခင်လို့ နောက်တာ..

ရွှင်လန်းချမ်းမြေ့ပါစေ...

အိမ်မက်ရှင် said...

အဟား ကိုဟတ်ရ
ကျွန်တော်က လူပျိုဗျ ... (ကြော်ငြာဝင်ခြင်းမဟုတ်)
ဒါပေမယ့် မှတ်သားသွားတယ်ဗျို့ ... ။

ခင်ခင်မင်မင်လေးလေးစားစားဖြင့်

May Moe said...

သေသေချာချာဖတ်ရှုမှတ်သားသွားပါတယ်။ဦးလေးဂျီးက သီအိုရီ တော့ ကျေနေပြီ but လက်တွေ့အသုံးမပြုရသေး ဟေးဟေးဟေး :P ဝိုင်းရှာပေးရမလား :D

ရှင်မင်းညို said...

ဖတ်သွားတယ်..ဟဲဟဲ

ဇနိ said...

မှတ်ထားမှ ဒါတွေက အရေးကြီးတယ်လေ... ဟီးဟီး
း)
ကျေးဇူး

ရွှန်းမီ said...

တချို့က ရန်ဖြစ်ရတာ ပျော်ကြတယ်။ ဘေးလူသာ စိတ်ညစ်တာ။

khin oo may said...

မုံ့ဆီကြော် ကဖြင့် မကျက်သေးဘဲနဲ. :P

Republic said...

ပြတိုက်ကြီး ရေ ပြောကုန်ကြပြီ ၊၊ လက်တွေ့ပြလိုက်ဗျာ ၊၊ :)

Moe Myint Tane said...

အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ် တဲ့ ပြတိုက်ရှင်ရေ။ ဟုတ်မဟုတ်တော့မသိဘူး ကြားဘူးတာပြောပြတာနော်။

ရွှေပြည်သူ said...

အိမ်ထောင်သည်တွေ၊ အခုလို သီတင်းကျွတ်သွားတဲ့ အချိန်မှာ အိမ်ထောင် ပြုလတ္တံ့သောသူတွေအတွက် မှတ်သားသင့်တဲ့ ပို့စ်လေးပါ ကိုအညတရရေး) စကားမစပ် ကိုအညတရတစ်ယောက် ဒါတွေ ဖတ်မှတ်နေတယ်ဆိုတော့ စဉ်းစားစရာပဲနော်... (နောက်တာနော်း))

thorn musem said...

ညီလေး...ရေ...
အကျိုးရှိတဲ့ စာလေးတွေ တင်ပေးတဲ့အတွက် ချီးကျူးပါတယ်...။
အိမ်ထောင်သည်တွေမှာ ဒီအချက်တွေက လိုကို လိုအပ်ပါတယ်...။

Apprenticeship said...

အင်း အိမ်ထောင်သည်တွေမှ မဟုတ်ဘူး relationship အားလုံးအတွက် အသုံးဝင်မယ်နော်.. ဟိမှတ်သားသွားဧ၊်

Heartmuseum said...

မချိုသင်းရေ... သီအိုရီ ပိုင်ကြောင်းပြတာ...ဟီးးး
ကိုမောင်ငယ်... တကယ်သုံးအုံးမယ်ပေါ့။
မ၀ါရေ... တစုံတရာတော့ အသုံးဝင်ကောင်းပါရဲ့။
ကိုလူလကြီး ကျွန်တော်လဲ သီအိုရီရွတ်ပြရင် လူပျိုဘ၀က အအောင်ပေးနဲ့ လွတ်မလားလို့.... :D
ဟ... အိမ်မက်ရှင်လဲ လူပြိုဆိုတော့ လူပြိုတွေ များနေပါလား....:P
ဂျီးဒေါ်မိုးရေ ဟိုအမတော်တို့ လင်မယားကြည့်ပြီးတော့ စိတ်ကုန်နေပြီဟ။
ရှင်မင်းညိုရေ ဖတ်တာတော့ဟုတ်ပါပြီ... ဟဲ..ဟဲက ဘာတုန်း...ဟိ...
ကိုဇနိ မယက လမ်းထဲမှာ နေတာဆို...ဟီးးးး
ရွှန်းရေ... တော်ပါတော့.. သူတို့လဲ ပျော်မယ် မထင်..
မKOMရေ မုန့်ဆီကြော် ကျက်အောင်စောင့်ရင် နောက်ဘ၀မှ ရေးရလိမ့်မယ်..ဟိ....
ကို Rep လက်တွေ့တော့ မစမ်းပါရစေနဲ့ ဆရာသမားရယ်...ကျေးဇူး.....
ကိုမိုးမြင့်ရေ ရိုက်နှက်ပြီး ကွဲရင်တော်သေးဗျ။ ဒီမှာက အဲဒီလို လုပ်ရင် ရဲက ဆွဲစိသွားမယ်။
မရွှေပြည်ရေ လူအထင်ကြီးမလားလို့ ရွှီးကြည့်တာ...:P
ကိုဆူးရေ... စိတ်တိုလို့ မှတ်ထားတာလေး ပြောမိတာပါ။
အထင်မကြီးနဲ့ သူများရေးတာ....
APက တကယ်သုံးတော့မယ်ပေါ့... ဟီ..ဟိ... စားရတော့မယ်ထင်တယ်။...

မဆုမွန် said...

ကူးသွားတယ် ဗျိုး ဒီစကားလုံးတွေ လိုက်ရှာနေတာ ကြာလှပြီ..ပြန်ပြဖို့  ..သေချာဖတ် နားလည်အောင်ဖတ်လို့  ပြင်းပြင်းထန်ထန် သတိပေးရမယ် ပြောရတာလဲ အာပေါက်နေပြီ..
:)