အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, October 24, 2008

မွေးဖွားရာမြေ အညာရပ်ဆီသို့

ဟိုး.....အဝေးက မှုန်ပြပြမြင်နေရတဲ့ တောင်စဉ် တောင်တန်းတွေရယ်

တချက်တချက် ခပ်နွဲ့နွဲ့ ညှင်းသွဲ့သွဲ့တိုက်ခတ်တတ်တဲ့ လေပြေလေညှင်းလေးရယ်

ငါ့ခြေရင်းကို အပြေးလေးလာ ဆော့တတ်တဲ့ လှိုင်းကြက်ခွတ်လေးတွေရယ်

ရံဖန်ရံခါ ခပ်သဲ့သဲ့ ကြား ကားသံတွေနဲ့ Free Wayလမ်းမကြီးရယ်............


တသသနဲ့ ငါသတိရတဲ့ ငါတွေ့ချင်သူ ငါလွမ်းတဲ့အိမ် ငါပျော်တဲ့မန္တလေး

ငါချစ်တဲ့အညာ ငါ့မွေးရာမြေသို့ ငါ့ကိုခေါ်မ အရောက်မသွားနိုင်တောင်

ငါ့ကိုချစ်လို့ အထီးကျန် ဘ၀ထဲကိုခုန်ချ ငါအနားမှာနေ ငါ့အပါးမှာ ကြွေသွားတဲ့

ဖ၀ါးလက်နှစ်သစ် ပခုံးလက်နှစ်လုံး ဥမမယ်စာမမြောက် ကလေးဘ၀ကနေ လူဖြစ်အောင်မွေး ကျွေးခဲ့တဲ့သူ

အခုအချိန်ကစ နောင်အချိန်ထိအောင် အတိတ်မှာနေမယ့်သူ အညတရ လေးစားသူ တယောက်ကိုတော့

ရောက်အောင်ပို့ပေး တမာနံ့သင်း တို့ချစ်တဲ့ အညာမြေဆီသို့....................................................။

17 comments:

လူလ said...

မင်္ဂလာပါ ကိုဟ

ဖတ်လိုက်ရတာ တခုခုကို လွမ်းဆွတ်သွားသလိုပဲ

လာရောက်သွားပါတယ်

ရွှင်လန်းချမ်းမြေ့ပါစေ..

khin oo may said...

မြင်ရတာဝမ်းသာပါသည်။ ချမ်းမြေ့ပါစေ။

khin oo may said...

သီချင်းလေးနားထောင်ပြီး ကြည့်ပြီးလွမ်းသွားတယ်။ တို့တွေ ခေတ် က သိတ်နာမည်ကြီးခဲ့တဲ့ မြန်မာ သီချင်း တပုဒ်ပေါ့။ :D အဆိုတော် နာမည် ကိုတော့မေ့သွားပြီ။ သီချင်းနားထောင်ရင်းနဲ့ ကြက်သီး ထအောင် ခံစားရပါတယ်။ :

Moe Cho Thinn said...

အလွမ်းစာလေးကို လာခံစားသွားပါတယ်။
တခါမှ မမြင်ဖူးပေမဲ့ ရက်လည်မှာ တရားအတူနာခွင့်ရတာ ၀မ်းသာမိပါတယ်။
စိတ်အေးချမ်းမှု ရရှိပါစေလို့ ဆုတောင်းပါတယ်နော်။
အမ

Republic said...

ခုလို ကိုပြတိုက် ကြီး ကိုတွေ့ရတာ ၀မ်းသာတယ်ဗျာ ၊၊ ကိုယ်ချင်းလည်းစာပါတယ် ၊၊ ကျနော့် မေမေဆုံးစဉ်တုန်း က ကျနော်လည်း အပြင်မှာ ရောက်နေခဲ့တယ် ၊၊ ဖေဖေ ကတော့ ကျနော်ပြန်ရောက်တဲ့ အချိန်ရောက်မှ ကိုယ်တိုင်စိတ်ကြိုက် သဂြိုလ်စေခဲ့တာ ၊၊ ကြုံတွေ့ခဲ့လို့ ထပ်တူထပ်မျှ အားလုံးကိုခံစားလို့ရပါတယ်၊၊ ငြိမ်းချမ်းပါစေဗျာ ၊၊

ခင်မင်စွာဖြင့်

Republic said...

ခုလို ကိုပြတိုက် ကြီး ကိုတွေ့ရတာ ၀မ်းသာတယ်ဗျာ ၊၊ ကိုယ်ချင်းလည်းစာပါတယ် ၊၊ ကျနော့် မေမေဆုံးစဉ်တုန်း က ကျနော်လည်း အပြင်မှာ ရောက်နေခဲ့တယ် ၊၊ ဖေဖေ ကတော့ ကျနော်ပြန်ရောက်တဲ့ အချိန်ရောက်မှ ကိုယ်တိုင်စိတ်ကြိုက် သဂြိုလ်စေခဲ့တာ ၊၊ ကြုံတွေ့ခဲ့လို့ ထပ်တူထပ်မျှ အားလုံးကိုခံစားလို့ရပါတယ်၊၊ ငြိမ်းချမ်းပါစေဗျာ ၊၊

ခင်မင်စွာဖြင့်

အိမ်မက်ရှင် said...

လွမ်းချင်းစကားပြေ၊ စကားနုလေးကို ဖတ်လိုက်ရတော့ ရင်ထဲမှာ အညာမြေကို လွမ်းနေတဲ့ အလွမ်းရှင်နဲ့ ထပ်တူခံစားလွမ်းဆွတ်မိပါရဲ့ဗျာ။ အရေးအသားနဲ့ တင်ပြပုံလေးကို လေးစားအားကျလို့ လွမ်းငွေ့လွမ်းရည်များ စိုစွတ်ထိရှခံလိုက်ရပြီး အလွမ်းအားတငယ်ငယ်နဲ့ Comments ငယ်ကလေး ထားခဲ့ပါတယ်ခင်ဗျား။

Moe Myint Tane said...

ပြတိုက်ရှင်ကြီးရေ အခုလိုပြန်တွေ့ရတာ ၀မ်းသာပါတယ်ဗျာ။ ဒီကဗျာလေးကို ဖတ်ပြီး ရင်မှာမှာ ဝေဒနာတစ်ခု ကျန်ခဲ့တယ်။ ပြတိုက်ရှင်ဘယ်လိုခံစားနေရမယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့်ပြတိုက်ရှင်ရယ် ကျွန်တော်တို့ကိုယ်တိုင်လည်း တနေ့ အားလုံးကို ခွဲသွားရဦးမှာပါ။ ဒီကဗျာလေးကို ဖတ်ရတော့ ပြတိုက်ရှင်ရဲ့ ရင်တွင်းမှ ၀မ်းနည်းမှုကို ကျွန်တော်စာနာ နားလည်ပါတယ်။ ပြတိုက်ရှင်ရဲ့ ဆန္ဓတွေလည်း ပြည့်သလိမ့်မယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ဒူကဘာ said...

ပြတိုက်ကြီးရေ...မြို့ပြရောက် ကျေးလက်တမ်းချင်း ဆိုရမလားဗျာ!...ရင်ဘတ်ကြီး ထဲက ဝေဒနာတွေ ထပ်တူ ခံစားရပါတယ်၊ အဖေဆုံးတဲ့ ပို့(စ်)လေးဖတ်ရတော့ စိတ်မကောင်းဖြစ်ရ ပြန်တယ်၊ ဒူကဘာတို့ ဆို အဖေဆုံးတာ နှစ်တွေ အတော်ကြာမှ သိခဲ့ရတာ၊ အဆက်သွယ် ပြန်ရပြီး သိပ်မကြာခင် အမေ လိုက်ဆုံးပြန်တယ်....အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ အတွက် ထပ်တူကြေကွဲ ရပါတယ် ဗျာ!

khin oo may said...

kom: သတိရပြီ။ စိုးပိုင် သီချင်း။။

ရွှန်းမီ said...

ဦးဦးအတွက် အမှတ်တရပေါ့။ ..
ဖတ်ပြီးတော့ စိတ်ထဲ ၀မ်းနည်းသွားတယ်။
ဝမ်းနည်းရင်း ပိုဝမ်းနည်းလာတယ်။
ဝမ်းနည်းပြီးတဲ့အခါ တကယ်ပိုဝမ်းနည်းနေမယ့် အစ်ကိုဟတ်ကို ကိုယ်ချင်းစားမိတယ်။

အနားကိုလာနေပြီး အနားမှာကြွေသွားတဲ့ ကြယ်ပွင့်ကြီးရဲ့ အလင်းရောင်တွေကို မသွေမတိမ်း ဆက်လက်သယ်ဆောင်နိုင်ပါစေ။

Apprenticeship said...

ယုံကြည်ပါတယ်... သူ့ဝိညာဉ်ကအညာမြေကိုရောက်နေပီ...
တကယ်တော့ အတိတ်မှာမနေဘူး သူ့ကို ချစ်မြတ်နိုးပီး သူဖြစ်စေချင်တာတွေ ဖြစ်မြောက်အောင် လုပ်နေခြင်းအားဖြင့် အမြဲအတူရှိနေနိုင်တာပါ.. AP ဖေဖေက လွန်ခဲ့တဲ့ ၁၁နှစ်ကတည်းက လောကကြီးကို နုတ်ဆက်သွားတယ် ဒါပေမယ့် AP အတွက်တော့ ဒီနေ့အထိ အသက်ရှင်နေတုံးပဲ... ငြိမ်းချမ်းပါစေ Heart Gyi yae...

Heartmuseum said...

ကျွန်တော့် ရင်ထဲက ဝေဒနာကို လာပြီး ထုံကူးခံစားပေးတဲ့ ညီအကိုမောင်နှမတွေအားလုံးကို ကျေးဇူးကြွေးတွေ များနေပြီ။

မောင်မျိုး said...

အညာကို လွမ်းနေတယ်လား အညာသားလေးရေ့ စိတ်တွေ လန်းဆန်းလာအောင်ကြိုးစားကြည့်နော် ကျန်းမာရေးထိခိုက်မှာ စိတ်ပူလို့  ။

ရှင်မင်းညို said...

အိမ်ကိုလွမ်းသွားတယ်

khin oo may said...

ပြန်လာလွမ်းသည်။

khin oo may said...

ပြန်နားထောင်လို့ရသွားပြီ