အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Tuesday, September 16, 2008

သက်ငြိမ်ပန်းချီ



ဘ၀ဆိုတာ........
တခါတလေတော့လည်း လှိုင်းထန်
တခါတလေတော့လည်း လေကြမ်း
တခါတလေတော့လည်း တည်ငြိမ်
တခါတလေတော့လည်း လှိုင်းကြက်ခွတ်
နေသာတခါ မိုးအုံတလှည့်
မှိုင်းတခါ မှုန်တလှည့်
လင်းတခါ မှောင်တလှည့်
ဆေးရောင်စုံ သက်ငြိမ်ပန်းချီကား
ဘ၀ဆိုတာ ပင်လယ်အလား..............။

***ကိုRepublicရဲ့ ပင်လယ် postလေးကို ဖြန့်ကျက်တွေးတောပြီး comment ရေးဖြစ်တယ်။ Blogမှာ post တခုအနေနဲ့တင်ရင်ကောင်းမလား စဉ်းစားနေတုန်း ရွှန်းမှီက အဲဒီpostမှာ သူရေးထားတဲ့ comment ကဗျာကို လက်စွမ်းပြ သူ့စုတ်ချက်ပန်းချီလေးနဲ့တွဲပြီး တင်ထားတာ အားကျလာလို့ အမြန်အိမ်ပြန်ပြီး တင်လိုက်ပါတယ်။ သူ့လိုတော့ ပန်းချီမဆွဲတတ်ပါခင်ဗျာ။***

13 comments:

ကိုတိုးလေး said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ။ ဘဝနဲ့ချီပြီးရေထားတာဆိုတော့ ခံစားချက်တွေ အရမ်များနေလား အစ်ကိုရေ။

Republic said...

ကိုပြတိုက်ကြီး ကို ပင်လယ်ကြီးက ဘ၀တွေ အကြောင်းပြောပြ နေ တာကိုသိချင်လို့ လာနားထောင်တာပါ ၊၊ သူပြောတာ အမှန်တွေပါပဲဗျာ ၊၊

ရွှန်းမီ said...

း-)
အကြံတူသွားတာပေါ့..။ အဟဲ..
လက်စွမ်းပြတာ မဟုတ်ရပါဘူး။ အတွေးတွေများလို့ ထွက်ပေါက်ရှာရင်း လက်ကနေ ကွန်ပြူတာထဲ ၀င်ကုန်တာ။ နောက်တော့ ပုံပါ ဆွဲမိသွားပြီး (ကြွားချင်စိတ် အဲလေ.. အင်း.. ကြွားချင်စိတ်ပဲ ဆိုပါတော့.. ပေါ်လာလို့) တင်လိုက်မိတာပါ။ =)
မိုက်ခရိုဆော့ဖ် ပိန့်တ် ကို အလကားရတိုင်း တန်အောင်အသုံးချတာ =)

မိုးမြင့်တိမ် said...

ကဗျာလေးကကောင်းလိုက်တာ ပြတိုက်ရှင်ကြီးရေ ဘ၀မှာတွေ့ကြုံရတဲ့ လောကဓံကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဘဲ။ ကြိုက်တယ်ဗျာ။
"အပြောကျယ်လှ လူ့ဘ၀ဟု ဆိုကြလေသည် လြူ့ပည်ဇာတ်ခုံ လူတို့ဘုံမှာ ဖြစ်တည်ပျက်ယွင်း ဤအချင်းကို မည်တွင်ဖော်ထုတ် သရုပ်လုပ်၍ ဟုတ်တိုင်းမှန်စွာ ဖော်ထုတ်ပါသည် မည်တွင်သညာ
မှည့်ခေါ်သည်ကား နှလုံးသားပြတိုက် ပါတကား"

လူလ said...

မင်္ဂလာပါ ကိုဟ
သက်ငြိမ်မိုးတိမ်ကို ဖတ်သွားတယ်။ ဒါဗေမဲ့ အောက်က ကဗျာလောက် ကျွန်နော်မကြိုက်ဘူး။ ဝေဖန်တာ မဟုတ်ဘူးနော်။ ပရိဿတ်တစ်ယောက်အနေဖြင့် ဆွေးနွေးတာပါ။ ကျွန်နော်အမြင်ပေါ့ စိတ်မကောက်ကြေး ဟဲဟဲ။ စကားမစပ်.. ဟုတ်ပဗျ၊ ကိုဂကြီး ပျောက်ချက်ကောင်းနေတယ်။ သတိရလို့ သူ့ဘလောင်္ဂကို သွားကြည့်ဖြစ်တယ်လေ။ အင်း.. ရွာပြန်ရောက်သွားပြီ ထင်တယ်။ ဘာဖြစ်ဖြစ် ကိုဂ တစ်ယောက် အဆင်ပြေပါစေလို့ စိတ်ကူးနေပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ

Dream said...

ဝါး..မိုက်တယ်ကွာ..ကဗျာလေးက
တော်တော်လန်းတယ်။။ ဦးဦးတိုက်ဂျီးဂမိုက်
တယ်ကွာ... ဟီးဟီး..

:P :P

BLACK DREAM said...

သက်ငြိမ်..........။ ဟင်း!

လားရှိုးသူ said...

လှိုင်းထန်၊ လေကြမ်း၊
ငြိမ်တချီ၊ လှုပ်တလှည့်နဲ့
အုံဆိုင်းကာ မှိုင်းလို့၊
လင်းပြန်ပေါ့ နောက်တချီ
သည်ပန်းချီကားကိုဖြင့်
သက်ငြိမ်လို့အမည်တွင်စေခဲ့
အပြောကြယ်တဲ့ ပင်လယ်လိုတဲ့
ဘဝကိုလေး တင်စားနေရဲ့.....
ကိုအညတရ ကဗျာကိုခံစားပေးလိုက်တာလေ။

နှင်းပွင့်ဖြူလေး said...

ပန်းချီးကားက အရမ်းမိုက်တယ်နော်

Apprenticeship said...

ဘ၀က တစ်ခါတစ်လေတော့ ချစ်စရာပေါ့နော် :P

ကိုရင်နော်ခင်လေးငယ် said...

ဘဝဆိုတာ....

ဟုတ်တယ်.. ဒီပန်းချီကားနဲ့ ဒီကဗျာလေးလိုပဲ....

~..မုန်းတိုင်းကြားက လှေငယ်ရှင်လေး အားတင်းထားလိုက်ဦးကွယ်..~

အိုင်လွယ်ပန် said...

ဟုတ်တယ်ဗျ...ဘဝ ဟာပင်လယ်နဲ့တူတယ်....
ဒါပေမယ့်
အကုန်လုံးနဲ့လည်း တူတယ်.....အစ်ကိုပြောသလို
ဆေးရောင်စုံတယ်.......

Heartmuseum said...

ကိုတိုးရေ...စောစောစီးစီး လာဖတ်တာ
ကျေးဇူးတင်တယ်ဗျာ။
ကို Rep အတွေးတူ၏။
ရွှန်းရေ.... ငါလဲ နင့်လို့ ပုံဆွဲတတ်ချင်လိုက်တာဟာ...
ဂွကျတာက မြန်မာပြည်မြေပုံတောင် ဖြောင့်အောင် မဆွဲတတ်ဖူး....ဟ..ဟီ...ဟိ..... ပုံကို ကြည့်ပြီး ဝေဖန်ရေးနဲ့ လေကန် ရေးတော့ရတယ်။
ကိုမိုးမြင့် Thank U.
ကိုလူလရေ... ဝေဖန်ပေးတာ ကျေးဇူးဗျ။ အဲဒီလို ဝေဖန်ပေးမှ ကိုယ့်အခြေအနေကို အမှန်အတိုင်း သိမယ်။
တကယ်တော့ ကျွန်တော်လည်း ဒီကဗျာကို သိတ်ပြီး စိတ်တိုင်းမကျဘူးဗျ။ Topic တခုကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖြစ်တာလေးကို အမှတ်တရဖြစ်အောင်တင်လိုက်တာဗျ။
Dreamရေ သဘောကျတယ်ဆိုရင် ကျေးဇူးဗျ။
Black ရေ Titleက ထူးအိမ်သင်ရဲ့ သီချင်းလေကွာ။
မလားရှိုးသူရေးထားတာ ကျွန်တော့်ထက် ကောင်းတယ်ဗျ။
နှင်းပွင့်ဖြူရေ ကျွန်တော့်လက်ရာ မဟုတ်ပါ ခင်ဗျား။ ဟီးးး ဟီးးးး
Ap ရေ... မှန်ပါ့ဗျာ။
ကိုရင်နော်ခင်လေးငယ်ရေ အားတင်းထားပါတယ်ဗျာ။
ကိုအိုင် တကယ်ကို ရောင်စုံဗျ။