အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, September 24, 2008

ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးများ

ပြီးခဲ့တဲ့အပတ်က ကျွန်တော်နေတဲ့ Los Angeles မြို့မှာ အရင်ကတည်းက ရထားလိုင်းရှိပေမယ့် မနေ့တနေ့ကမှ ဓာတ်ဆီဈေးတက်လို့ ခေတ်ထလာတဲ့လူစီးရထား အမေရိကန်ရထားသမိုင်းမှာ အဆိုးဝါးဆုံး မတော်တဆဖြစ်မှု မှတ်တမ်းဝင်အောင် ရပ်ထားတဲ့ကုန်တင်ရထားကို ၀င်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်တော့ ရထားလမ်းကြောင်းထိန်းတဲ့ အင်ဂျင်နီယာက over time အဆင်းလွန်ပြီး ၂နာရီသာ အိပ်ပါသတဲ့။ ၀န်ထမ်းတယောက်က ၂နာရီသာအိပ်ပြီး အလုပ်လုပ်ရအောင် အမေရိကန်လို နိုင်ငံမျိုးမှာ အဲဒီလောက် အင်ဂျင်နီယာ ရှားပါးသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ရထားမောင်းတဲ့ဝန်ထမ်းကလဲ လက်ကိုင်တယ်လီဖုန်းနဲ့ Taxt massege ပို့နေလို့ ရထားတိုက်မလို ဖြစ်တဲ့အချိန်မှာ ဘရိတ်အုပ်ဖို့ လုံးဝမကြိုးစားခဲ့ပါဘူးတဲ့ဗျာ။ ကောင်းကြသေးရဲ့လား။ ရထားကော်မရှင်နာ မင်းကြီးက တာဝန်ယူတဲ့အနေနဲ့ ရာထူးက နှုတ်ထွက်သွားတယ် ဆိုပေမယ့် ဘာနဲ့မှအစားထိုးမရတဲ့ သေဆုံးသွားတဲ့ ခရီးသည်(၂၅)ယောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ဒဏ်ရာရရှိပြီး ဒုက္ခိတ ဖြစ်ကျန်ခဲ့မဲ့လူ တွေအတွက် နှုတ်ထွက်မှုတခုထဲက လုံလောက်မယ်မထင်ပါဗျာ။ ရထားဆိုတာကလဲ သိတဲ့အတိုင်း အရှိန်ရတဲ့အချိန်ဆို ကားထက်လည်းမြန်၊ ကားလိုယာဉ်တိုက်မှုဖြစ်ရင် အထိအခိုက်သက်သာအောင် ခါးပတ်ပတ်စရာလည်းမပါတဲ့အတွက် ရပ်ထားတဲ့ကုန်တင်ရထားကို တိုက်မိတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရသူ တွေထဲမှာ ဦးခေါင်းထိခိုက်သူတွေ အတော်များပါတယ်။ ထိခိုက်သူတွေထဲမှာ ဒဏ်ရာအပြင်းအထန် ရသူတွေများပါတယ်။ အဲဒီအတွက် သွေးလိုအပ်မှု ရုတ်တရက်ထိုးတက်သွားလို့ အမေရိကန်ကြက်ခြေနီက သွေးအလှူခံမှုကို ရုပ်မြင်သံကြားသီတင်းဋ္ဌာနတွေ ကနေတဆင့် အကြီးအကျယ် ကြေငြာခဲ့ရပါတယ်။ ဆရာဝန်မှားရင် လူနာတယောက်သာ သေနိုင်ပေမယ့် အင်ဂျင်နီယာမှားတဲ့အခါမှာတော့ လူတွေအများကြီး သေဆုံး၊ဒဏ်ရာ ရနိုင်တယ်ဆိုတာကို လက်တွေ့ညွှန်းဆိုပြသလိုက်တဲ့ သက်သေသာဓကတခုပါပဲ။

သွေးလှူရှင်တွေ အရမ်းလိုနေတယ်ဆိုတဲ့ ကြေငြာသတင်းကို တွေ့တော့ ကျွန်တော်လည်း သူတို့ပြောတဲ့ အမေရိကန် ကြက်ခြေနီအသင်းရဲ့ အင်တာနက်စာမျက်နှာ ကတဆင့် သွေးလှူလို့ရတဲ့နေရာကို ကျွန်တော်နေတဲ့ ရပ်ကွက်နံပါတ် ရိုက်ပြီး စုံစမ်းလိုက်တယ်။ အဆင်ပြေချင်တော့ တခါထဲပဲ သူတို့ သွေးအလှူခံတဲ့ကား ကျွန်တော်တက်နေတဲ့ကျောင်းးကို လာမယ်။ အဲဒီကားပေါ်တက်ပြီး သွေးလှူလို့ရတယ်ဆိုပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း တထိုင်ထဲ အင်တာနက်ကနေ booking လုပ်လိုက်ပါတယ်။ Sept 16, 2008 ရက်မနက်(၁၀)နာရီကို ကျွန်တော် သွေးလှူမယ်ပေါ့ဗျာ။ သွေးလှူမယ့် အင်္ဂါနေ့ မနက်(၁၀)နာရီ မထိုးခင် (၁၀)မိနစ်အလိုမှာ ချိန်ထားတဲ့နေရာကို ကျွန်တော်ရောက်တော့ တွေ့ပါပြီဗျာ သွေးအလှူခံတဲ့ ကြက်ခြေနီကားကြီး အဆင်သင့်ရပ်ထားတာ။ ဒါနဲ့ ကားတံခါးပွင့်လာတာကို မနက်(၁၀:၁၀)နာရီထိ စောင့်နေတာ မဖွင့်ဘူးဗျ။ ကျွန်တော်လည်း စိတ်မရှည်လို့ ကားတံခါး သွားခေါက်ပြီး မနက် (၁၀:၀၀)နာရီကို သွေးလှူဖို့ appointmentလုပ်ထားတယ်။ ကားတံခါးမဖွင့်ပဲ ဘာလုပ်နေကြတာလဲ။ ဒီမှာကျွန်တော့်လို သွေးလှူမဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ၄၊၅ယောက် စောင့်နေတယ် ပြောတော့မှ တံခါးဖွင့်ပြီး တောင်းပန်တယ်။ အမေရိကန်ကို ကျွန်တော်ရောက်ပြီးနောက် ပထမဆုံးအကြိမ် အချိန်မလေးစားသူတွေနဲ့ ဆုံဖူးခြင်းပါဗျာ။

နောက်ဆုံးမှတော့ ကျွန်တော့်ကို ကွန်ပျူတာရှေ့မှာထိုင်ခိုင်းပြီး ကျန်းမာရေးနဲ့ ဆိုင်တဲ့မေးခွန်းတွေ ဖြေခိုင်းတော့ တာပဲဗျို့။ အတိုချုပ်ပြောရရင် ကူးစက်ရောဂါ ရှိ၊မရှိ၊ မတည့်တဲ့ဆေး ရှိ၊မရှိ၊ ဘယ်နိုင်ငံကလာတယ်။ ဘယ်နိုင်ငံတွေရောက်ဖူးတယ်၊ ဘာလူမျိုးလ၊ဲ သွေးလှူဖူးတဲ့ အတွေ့အကြုံ ရှိ၊မရှိ ဘာရောဂါတွေ ဖြစ်ဖူးလဲ။ ခွဲစိတ်ခံဖူးလား။ ခွဲစိတ်ခံဖူးရင်လဲ ဘယ်တုန်းကခွဲတာလဲ စသည်ဖြင့် ရစ်လိုက်တဲ့ မေးခွန်းတွေ များလွန်းလို့ မှတ်တောင်မမှတ်မိတော့ဘူး။ စစ်ဆေးပြီး ကျွန်တော့်လက်မောင်းက သွေးဖောက်မယ့်နေရာကို betadine သုတ်ပြီး သွေးကို ဖောက်ပါတယ်။ အဲဒီအချိန်မှာ သွေးထွက်အားကောင်းအောင် လက်ထဲမှာ ရာဘာဘော်လုံးလေး ကိုင်ထားပြီး မကြာမကြာ မသိမသာ ညှစ်ပေးရပါတယ်။ ဒီနေရာမှာ အံ့သြစရာ ကောင်းတာက ကျွန်တော့လိုပဲ သွေးလာလှူတဲ့ မက်ဆီကန် ကောင်မလေးဗျ။ အမှန်က ကျွန်တော်က အရင်ဆုံးကားပေါ်တက် သွေးဖောက်လှူတဲ့လူဗျ။ ကျွန်တော့် သွေးကိုဖောက်ပြီး လှူနေတုန်း တ၀က်လောက်နေမှ ကောင်မလေးရဲ့သွေး ဖောက်လှူတာဗျ။ သူ့သွေးလှူတာမြန်လိုက်တာဗျာ။ ရေစုပ်စက်နဲ့ သွေးကို စုပ်ထုတ်သလား အောက်မေ့ရတယ်။ ကျွန်တော်တောင်လှူလို့ မပြီးသေးဖူး သူကပြီးပြီဗျို့။ ဟေးးဟေးး ရေရေလည်လည်မိုက်တယ်။ သူလှူပြီးလို့ (၁၀)မိနစ်လောက်နေမှ ကျွန်တော်ပြီးတာဗျ။ ဘယ်လောက်မြန်တယ် ဆိုတာ တွက်သာကြည့်တော့ဗျ။ ကျွန်တော်သွေးလှူပြီးတော့ လက်မောင်းကိုပတ်တီးစီး ကြက်ခြေနီအဖွဲ့က ကျွေးတဲ့ လိမ္မော်ရည်လေးသောက်ပြီး ခေါင်းမူး၊မမူး ၁၅မိနစ်ထိုင်စောင့်နေရတယ်။ ပြီးတော့မှ ဒီနေ့အတွက် အလေးအပင်မ မဖို့နဲ့ အိပ်ရေးပျက်မခံဖို့၊ ခေါင်းမူးရင် အိပ်ဖြစ်အောင်အိပ်ဖို့ သတိပေးပြီး အိမ်ပြန် လွှတ်လိုက်ပါတယ်။

ကဲ...ဒါတွေကတော့ ကျွန်တော့်ရဲ့ဘ၀မှာ ပထမဆုံး သွေးလှူတဲ့ အတွေ့အကြုံ ပေါ့ဗျာ။ ညီလေး မောင်မျိုးက ပထမဆုံး အတွေ့အကြုံတွေ ရေးပြပါဆိုလို့ သွေးလှူတဲ့ အကြောင်းလေးစပြီးရေးလိုက်ပါတယ်။ ကျန်တာတွေတော့ လာမယ်ကြာမယ်ပေါ့ဗျာ။

16 comments:

May Moe said...

သာဓု သာဓု သာဓု ပါ :)

မောင်မျိုး said...

ဝိုးး....တော်လိုက်တာ သွေးလှူချင်ပေမယ့် ကိုယ့်ကိုယ်ကိုတောင် အနိုင်နိုင်မို့  လေတိုက်ရင်မလဲရအောင် သတိထားနေရတယ် သွေးလှူခြင်းကတော်တော် မြင့်မြတ်တာပဲ လေးစားတယ်ဗျို့  အခန်းဆက်တွေအများကြီးဖတ်ရတော့မှာပေါ့ ။

မုဒိတာ said...

မသာဓုပါ သာဓုပါ သာဓုပါရှင် နောက်လဲ
ထပ်လှူနိုင်ပါစေ

BLACK DREAM said...

ကျွန်တော် ၁၈ နှစ်ပြည့်ကတည်းက တစ်နှစ် ၂ ကြိမ်လှူလာတာ အခုဒီရောက်မှပဲ မလှူဖြစ်တော့ဘူး...။

p.s- ရှေ့တန်းရောက်နေတဲ့ အချိန်တွေတုန်းက တော့မလှူဖြစ်ဖူးပေါ့ :)

mgngal said...

သာဓု သာဓု သာဓု ပါခင်ဗျ။ မွန်မြတ်တဲ့ အလှူဒါန ပါဗျာ။
နောက်လည်း လှူဒါန်းနိုင်ပါစေဗျာ။ ကျနော်လည်း ကြုံကြိုက်တဲ့ အခါ လှူဖို့  စိတ်ကူးထားတယ်ဗျ။

khin oo may said...

Republic ကယ်ပေလို. ဒီတခါ ဘဲ အိမ်ရောက် ဘူး တော.တယ်။ လိပ်စာဖွက် ထားတော့လဲ ဘယ် သီပါ.မလဲ။ ဖတ်သွားတယ်။ တို. တွေ သိတာတော. သွေ.ဖောက် ကာနီး အရက်ပြံ သုတ် တာဘဲ မှတ် မိတယ်။ လိမ်မော်ရည် လေးဘဲ တိုက် လိုက် သလား။ ဒါ ဆို အခု တလော အိပ်ရေးဝ အောင်အိပ်. ဘလော . သိတ် မလည် နဲ. အားဆေး ပြန် သောက်။ အပင် ပန်း မခံ နဲ။့ ဒီလို သာ တစ်ခု ချင်းရေးရင် တော. နှစ်ချီ ပြီး ကြာလိုက် မယ်။

လူလ said...

မင်္ဂလာပါ ကိုဟ
ဤသို့ပြုရသော ကုသိုလ်ကြောင့် ဘ၀ဆက်တိုင်း ချစ်ခင်နှစ်သက်သူနှင့် ကွေကွင်းရခြင်းမှ ကင်းဝေးရစေသား...သာဓု သာဓု သာဓု

ရွှင်လန်းချမ်းမြေ့ပါစေ...

အိုင်လွယ်ပန် said...

ပထမဆုံးအတွေအကြုံက အမွန်မြတ်ဆုံးနဲ့စတာကိုး...
တစ်ကယ်တမ်းလူတိုင်းကလွယ်လွယ်ပြောကြပေမယ့်
ပျင်းတာရော...မကြုံတာရောနဲ့...လက်တွေ့အစ်ကို့လို
လုပ်ဖြစ်ကြဖို့တကယ်ခဲယဉ်းတယ်ဗျ....
သာဓု...သာဓု...သာဓုပါဗျာ....

မသက်ဇင် said...

ကိုဟ ရေ---
သွေးလှူခြင်းအကြောင်းကိုစိတ်ဝင်စားလို့ပါ--
အလုပ်များနေလို့ အခုမှပဲလာဖြစ်တယ်--
အသက် ၁၈ နှစ်လောက်က ပေါ့ စစ်တပ်မှာလုပ်နေတဲ့ အစ်ကိုရှိရာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကို လာလည်ရင်း
ဆေးရုံဘက်ရောက်တော့ အစ်ကို့သူငယ်ချင်း ဖြစ်တဲ့ ဒေါက်တာဇော်ထွန်းက သူခွဲစိပ်ရမဲ့ ကိုယ်ဝန်ဆောင် လူနာအမျိုးသမီးတယောက် အတွက် လတ်ဆတ်တဲ့ သွေး လိုနေ တယ်လို့ ပြောတယ် ကျမ ဘာမှ မပြင်ဆင်ပဲ ချက်ချင်းသွေးဖေါက်လှူလိုက်တယ်--
၃ ရက်လောက်အကြာ ကျမဆေးရုံရောက်သွားတော့လေ-- ခွဲစိပ်ပြီးမိခင်နှင့်ကလေးကို ကျန်းမာစွာတွေ့လိုက်ရတဲ့ မြင်ကွင်းဟာ ကျမဘဝမှာပထမဆုံး ပီတိတွေနဲ့
အကြည်နူးဆုံးမြင်ကွင်းတရပ်ပါပဲ ---
တိုက်ဆိုင်ပြီးသတိရသွားလို့ပါ---
ခင်မင်လျက်
မသက်ဇင်

thorn musem said...

ပထမဆုံးပြုလုပ်လိုက်တဲ့ လူမှုေ၇း အကူအညိလေက အင်မတန မွန်မြတ်ပါတယ်ဗျာ...
ချီးကျူးပါတယ်...နောင်လည်း အမြဲ ကူညီနိုင်သော
စွမ်းအားတွေ ပြည့်ဝပါစေဗျာ...။။

ရှင်မင်းညို said...

တကယ်ကောင်းပါတယ်..
သွေးလှူချင်ပေမဲ့ ဘယ်တော့မှလှူဖို့အဆင်မပြေနေဘူး..
အမြဲတမ်းပုံမှန်ကျနေတဲ့ သွေးပေါင်ချိန်နဲ့နေနေလို့..

မိုးမြင့်တိမ် said...

ပြတိုက်ရှင်ရေ ပြတိုက်ရှင်ရဲ့ အမှတ်တရ ပထမဆုံးလေးက အရမ်းကိုမွန်မြတ်ပါတယ်ဗျာ။ သွေးလှူတယ်ဆိုတာ အရမ်းကိုမွန်မြတ်တဲ့ အလှူဒါနပါ။ လှိုက်လှိုက်လှဲလှဲ ကိုသာဓုခေါ်ပါတယ်ဗျာ။

ရွှန်းမီ said...

အသက်ကယ် သွေးလှူခဲ့တဲ့ ဒါနကြောင်း တစ်မိသားစုလုံး ကျန်းမာ အသက်ရှည် ရောဂါဘယ ကင်းပြီး ပျော်ရွှင်ပါစေ..။

Apprenticeship said...

post လေးကကောင်းတယ် Heart Gyi..
Text message က အမေရိကန် ကား accident တွေရဲ့ အရင်းအမြစ်လဲ ဟုတ်တယ်တဲ့...။ Heart gyi လဲသတိနော်.. :D :P

ဆောင်း said...

သာဓု သာဓု သာဓု ပါနော်

khin oo may said...

တကယ်ပါ ဘုရားစူး တို.လဲ ဘလေားဂါ လစ်ရေပိုက် မှာ ခေါင်းစဉ် မရှိ တဲ့ heart museum ကို ကြည်.ြ့ပီး ၆ ရက်တောင် ရှိသွားပြီ အသစ် မတက် တာ.သွားကြည်.ဦးမှဘဲ စဉ်းစားနေတာ.

အကြောင်းကြားစာ ကို မသိလိုက်ရဘူး။တောင်းပန်ပါတယ်။ အရမ်းစိတ်ဆင်းရဲ နေ မှာဘဲ။ စိတ် မဆင်းရဲ ပါနဲ့ လို့ မပြော လိုပါဘူး။စိတ် ဆင်းရဲပါ။ ဒါပေမဲ့လည်. ဒီလမ်း က သွားရမဲ့လမ်းဆိုတော.ကာ အနှေးနဲ့ အမြန်။

တို.အဖေ က ၆၂ မှာ အဆုတ်ကင်ဆာရယ် လတ်တလောဖြစ်တာ ရယ်။ လေဖြတ်ထား တဲ့ ချိနဲ့တဲ ဝေဒနာ ရယက် ကို ဆယ် နှင်္စ ခံစား သွားရရှာတယ် စိတ် မကောင်းပေမဲ့လည်း မတတ်နိုင်ဘူးပေါ.လေ။ အားရအောင် တော. ပြူစူလိုက် ရပါတယ။် အမေ ကတော.ဖြတ် ကနဲဘဲ ရင်ဘတ်အောင့်တယ် လို့ ပြောပြီး သွေးပေါ့ငချိန် ကျပြီး နှလိုံး ရော ဂါ cardogenic shck နဲ့ သုံးနာရီ အတွင်းမှာ အသက် မရှိ တော.ဘူး။ အရမ်းမြန် လွနိးလို့ မယုံ နိုင်ဘူး။ အသက် က ၆၀ ပါ။ ကျန်းလဲ မာတယ်။နေမယ် ဆိုရင် အများကြီး နေနိုင်သေးတယ်။ ဖြေမဆည်. မယဲုနိုင်ပါဘူး။ အဖေနဲ့ အမေ တလအတွင်း ဆုံးပါတယ်။ အဖေ မကျန်းမာ နောက်ဆုံး အချိန်ကို စောင်.ကြည်.ရင်းနဲ အမေ က heart attack ရသွားတာပါ။ မကျန်းမာ တာ က အဖေ။ အရင် ဆုံး တာ အမေ။ အမေမရှိောတာ. အဖေ က ဘယ်နေလိမ.်မလဲ လိုက်သွားတာပေါ။။

အချိန်တန်တော.လည်. အချိန်က ကုစားသွားပါတယ။် ရှိသေးတဲ့ သူ ကို ပို ဂရုစိုက်ပါလေ။ စိတ်ဆင်းရဲ မဲ့ အချိန် မှာတော. စိတ် ဆင်းရဲ ပါ။ တင်း မထားပါနှဲှု့ ငိုစရာရှိ ငိုပါ။