အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, September 24, 2008

ခွေးတစ်ကောင်၏ အိမ်ပြန်ခရီး

ဖြစ်ပြီးသမျှတွေကို မတွေးနဲ့။ အမှားဆိုတာလူတိုင်းနဲ့မကင်းဘူး။ လူတွေမှာ သူများရထားတဲ့ အခွင့်အရေးတွေကို မက်မောနေပြီး လုပ်နေကိုင်နေပြောနေမယ် ဆိုရင် အဲဒီပုဂ္ဂိလ်ဟာ စိတ်မချမ်းသာနိုင်ဘူး။ စိတ်မချမ်းသာရင် စိတ်မကြည် သမာဓိမဖြစ်နိုင်ဘူး တည်ကြည်မှု သမာဓိမဖြစ်လို့ ရှိရင် အသိဥာဏ်ဆိုတာမပေါ်နိုင်ဘူး။ အသိဥာဏ်ပညာမရှိတဲ့ သူအတွက် လုပ်သမျှအလုပ်တွေလွဲ ပြောသမျှစကားတွေမှား စဉ်းစားသမျှစိတ်ကူးတွေ တက်တက်စဉ်အောင် လွဲချော်ကုန်တော့တာကလား။ ဒါကြောင့်မို့ သဘောပေါက်ရမှာက ကိုယ်ရလိုက်တာကို ကျေနပ် သဘောပေါက် လိုက်စမ်းပါ။ လောကသဘောနဲ့ပြောရရင် ကိုယ်လုပ်လိုက်တဲ့ အကုသိုလ်ရဲ့ အလျော်အစားက တကယ်မသက်သာလှပေဘူး။ သူများတွေရဲ့ရပိုင်ခွင့်ကို အားမကျရဘူးလား လို့မေးစရာရှိလာမယ်……. အားကျခွင့်ရှိပါတယ်…. ကြိုးစားခွင့်ရှိပါတယ်………… ကြိုးစားပေါ့။ အဓိကကတော့ လမ်းမှန်ရမယ်…… ရောင့်ရဲမျှတမှု ရှိရမယ်…. မနာလိုမဖြစ်ရဘူး………… ကိုယ်ရထားတဲ့ ရပိုင်ခွင့် ကိုလဲကျေနပ်…. ပြီးမှပိုကောင်းအောင်ကြိုးစားပေါ့။

"သလာဘံ နာတိမေညယ်
နာညေသံ ပိဟယံစရေ
အညေသံ ပိဟယံ ဘိက္ခု
သမာဓိ နာဓိဂစ္ဆတိ"

………… တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောတယ်။
ကိုယ့်လက်ရှိရပိုင်ခွင့် လေးကိုမကျေနပ်နိုင်ဘဲ သူများတွေ အဆင်ပြေနေတာ ကြည့်ပြီးတော့ အတင်းလိုက် လိုချင်နေရင်တော့ ရဟန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်ဖြစ် စိတ်ဆင်းရဲ ဒုက္ခရောက် နေမှာပေါ့ ။ ဒီတော့ ဖြစ်ပြီးသမျှနဲ့ ဖြစ်လာတဲ့ ကိုယ့်ရပိုင်ခွင့်ကို သိလိုက်စမ်းပါ။


***ကိုအိုင်လွယ်ပန်ရဲ့ ခွေးတစ်ကောင်၏အိမ်ပြန်ခရီး postက ကောက်နှုတ်ချက်ပါဗျာ။ ကျွန်တော် အရမ်းသဘောကျလို့ သူငယ်ချင်းတွေကို မျှဝေပါတယ်။ သဘောကျလို့် အပြည့်အစုံ ဖတ်ချင်သေးတယ်ဆိုရင် Linkက ဒီမှာ ပါ။***

2 comments:

Republic said...

ကောင်းတယ်ဗျာ ကိုပြတိုက်ကြီး ၊၊ ညွှန်းထားတဲ့ မူရင်း(ကိုအိုင်လွယ်ပန်) ကိုလည်း သွားဖတ်ကြည့်တယ် ၊၊ တော်တော်အနှစ်သာရရှိတယ်ဗျာ ၊၊ ဝေမျှတာကျေးဇူး၊၊

လူလ said...

မင်္ဂလာပါ ကိုဟ

ကိုယ့်လက်ရှိရပိုင်ခွင့် လေးကိုမကျေနပ်နိုင်ဘဲ သူများတွေ အဆင်ပြေနေတာ ကြည့်ပြီးတော့ အတင်းလိုက် လိုချင်နေရင်တော့ ရဟန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်ဖြစ် စိတ်ဆင်းရဲ ဒုက္ခရောက် နေမှာပေါ့ ။ ဒီတော့ ဖြစ်ပြီးသမျှနဲ့ ဖြစ်လာတဲ့ ကိုယ့်ရပိုင်ခွင့်ကို သိလိုက်စမ်းပါ။

ဒါကြောင့် ကံ ကံ၏ အကျိုးတရားကို လက်ခံထားတယ်။

ရောင့်ရဲခြင်း ဆိုတဲ့ စိတ်ကို တွေ့သွားတဲ့ လူတယောက်အတွက်တော့ ...

ရွှင်လန်းချမ်းမြေ့ပါစေ...