အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, September 15, 2008

မျက်မြင်ဒိဋ္ဌ လောကနိဗ္ဗာန်

လူတွေ.....လူတွေ
ဘ၀၀င်္ကပါ တောထဲမှာ
အားကြိုးမာန်တက်နဲ့ သွားနေလိုက်တာ
လျှောက်ပြီးတဲ့နေရာ ပြန်လျှောက်
ရောက်ပြီးတဲ့နေရာ ပြန်ရောက်နဲ့
ခြေရာတွေ ထပ်နေပါပကော.....
မရိုးနိုင်တဲ့ ကလိန်ကျမှုတွေ
နေရာနဲ့လူတွေသာ ပြောင်းပြောင်းသွားတယ်
နည်းဗျူဟာတွေက မဟောင်းနိုင်သေးဘူးထင်ပါ့။........။
ရိုးသားမှုကို ရိုးအတယ်ထင်ပြီး
ဖြတ်ရိုက်ချင်ကြ ဖြတ်စားချင်ကြ
ကလိန်ကျချင်ကြ ထိပ်ကွက်ချင်ကြနဲ့
အင်းးးးးး လူလည်ကျချင်ကြ လူပါးတော့မ၀နဲ့ကွဆိုပြီး
နဂါးမှန်းသိအောင် အမောင်ထောင်ပြတော့လဲ
အင်း..... အဆိပ်ထုတ်ပြီး ဈေးကွက်တင်ဖို့ ကြိုးစားကြ ပြန်ပါရောလား.....။


လူတွေ......လူတွေ
ကျင့်ဝတ်သိက္ခာ=စာရိတ္တကို
ထုတ်ကုန်ပစ္စည်း အမှတ်နဲ့
မှားယွင်းရောင်းချကြတော့
သူရို့ ဈေးကွက်ပျောက်သွား ပျက်သွားတာ
အဆန်းလားဗျာ........ ပြောမိတဲ့ပါးစပ်
မျက်စောင်းတွေ ငြူစူမှုတွေ တရစပ်နဲ့
ပြောမှာပေါ့ မင်းကစင်ပေါ်မှာကိုးတဲ့။......။
အတ္တတိမ်တွေနဲ့ အမှန်တရားကို
မိုးမှောင်ချထားကြ
စဉ်းစားဆင်ချင်နိုင်တဲ့ဥာဏ်ကို
မစ္ဆရိယဂွမ်းတွေ ဆို့ထားကြပေါ့.......
ဘော်လုံးသာ မကန်တတ်တယ်
ဒိုင်မသိအောင်
ခြေထိုးတဲ့နေရာနဲ့ လူချတဲ့နေရာမှာတော့
ချန်ပီယံပါလားကွယ်ရို့.........။


တကယ်တော့ ဘယ်သူမှစင်ပေါ်မှာမရှိဘူး
သူ့ထက်သူလူစွမ်းကောင်း ချည်းပဲ
တောင်တတောင်ထက် နောက်ထပ်တောင်တတောင်က
ပိုမြင့်တယ်ဆိုတာ မင်းအဲဒီတောင်ပေါ်ရောက်မှသိလိမ့်မယ်။
အဓိကကလူ ......
ရိုးသားရမယ်... ကြိုးစားရမယ်။
အပေါင်းအသင်းဆန့်ရမယ်... ရောင့်ရဲတင်းတိမ်ရမယ်။
ဖော်ရွေရမယ်...ကူညီတတ်ရမယ်
ပျော်ရွှင်တတ်ရမယ်... အကောင်းမြင်တတ်ရမယ်။
လူအရိပ်အကဲ နားလည်ရမယ်။
မကုန်သင့်တာ မကုန်အောင် ချွေတာခြင်းဟာ
ကပ်စေးနဲခြင်း မဟုတ်ဆိုတာ သိရမယ်။.....။
ဒါဆိုရင်...လောကကြီးဟာ နေတတ်ကျေနပ်စရာကြီးပါ။
သူငယ်ချင်းရေ...လာသွားစို့ ဘ၀မကူးခင်
ပျော်စရာကောင်းတဲ့
မျက်မြင်ဒိဋ္ဌ လောကနိဗ္ဗာန်ကို.......

12 comments:

လူလ said...

မင်္ဂလာပါ ကိုဟ
မျက်မြင် ဒိတ္ထကို ခံစားသွားတယ်။ အရမ်းကောင်းတဲ့ ကဗျာတခုပဲ။ ကြိုက်တယ်ဗျို့ သရုပ်မှန်ကို ဖွဲ့ထားတာ အတွေးလန်းတယ်၊ မြင့်တယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...

Apprenticeship said...

ကြိုက်တယ်ကွားး... ဒီလိုအတွေးတွေ လူတွေ ကိုယ်စီမှာရှိလို့တော့ .... :D :D :) :)

My Wonderful Moral Thoughts said...

သေသေချာချာ ဖတ်သွားတယ်။

ခံစားပြီး ရေးထားမှန်း သိသာပါတယ်။

Keep Rolling..,
SMNTL

May Moe said...

ကလောင်စွမ်း အဲ ကီးဘုတ်စွမ်း အရမ်းထက်နေပါလား ။သေသေချာချာဖတ်သွားပါတယ်:D

Republic said...

ကဗျာလေးက စကားတွေအများကြီးပြောသွားတယ် ကိုပြတိုက်ကြီးရေ ၊၊ နှစ်ခြိုက်မိပါတယ်၊၊

ရွှန်းမီ said...

သိပ် အဓိပ္ပာယ် ရှိပါတယ်..။
အစ်ကိုဟတ်ရဲ့  ကဗျာ တစ်ပုဒ်လုံးကို ကြိုက်ပါတယ်။
အစ်ကိုကြီးတစ်ယောက်က ဆုံးမစကားတွေ ပြောနေတယ်လို့ ခံစားမိတယ်။

အိုင်လွယ်ပန် said...

လုပ်လိုက်လေ.......
သွားကြစို့...................:D
ကောင်းတယ်ဗျာ.....တစ်ကယ်ကောင်းတယ်...........

မသက်ဇင် said...

မျက်မြင် ဒိတ္ထတဲ့ ကဗျာလေးက အတော်ကောင်းတယ် ---ကိုဟပ်ရေ------
ဘလောဂ့် အမည်ကို မြန်မာမှုပြုထားတော့
ကိုဟပ် လို့ခေါ်ရတာ ကလည်း တမျိုးတော့
ဖြစ်သားနော်။
တကယ်ပါပဲလေ။ ကျမ ခံစားရပါတယ်။
အတွေးကောင်း ။ အရေးကောင်းတွေပါ။
ခင်မင်လျက်
မသက်ဇင်

မိုးမြင့်တိမ် said...

အင်း မျက်မြင်ဒိတ္ထ သိပ်ကောင်းတယ်။ အတွေးနက်နက်တွေပါလာပြီ။ ဖတ်ရသာ တကယ့်ကို ဖတ်လို့ကောင်းတယ်။ အနှစ်သာရရှိတယ်။ အဲဒီလို အတွေးမျိုးတွေနဲ့ အဲဒီလို ကဗျာမျိုးလေးတွေ ရေးတတ်ချင်လိုက်တာဗျာ။

mgngal said...

နောက်တောင်ကျနေပြီပဲ ။ ကြိုက်တယ်ဗျာ ကဗျာကို ။အနှစ်
တွေချည်းပဲ ဆိုတာဒါမျိုးပေါ့ဗျ။ အားပေးနေပါတယ်။ :)

Heartmuseum said...

ကိုလူလကြီး စောစောစီးစီး comment အားဆေးလေး လာတိုက်တာ အရမ်းကျေးဇူးတင်တယ်ဗျာ။
မApရေ.... ကျွန်တော်လဲ လူုတိုင်း အဲဒီလိုစိတ်ရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။:D
SMNTLရေ ပုံမှန်စာလာဖတ်တာ အရမ်းကို ကျေးဇူးတင်မိတယ်။
မေမိုးရေ... ဒီရက်ပိုင်း စာရေးဖို့ နည်းနည်း အချိန်ရတယ်လေ။
ကိုREP နှစ်သက်တယ်ဆို ၀မ်းသာတယ်ဗျာ။
ရွှန်းရေ ကြိုက်တယ်ဆိုရင်THANK U. ကိုယ့်ကိုကိုယ်တောင် အမြဲတလွဲချည်း လုပ်နေလို့ သူများကို ဆုံးမတာတော့ မလုပ်ရဲပါဗျာ။
ကိုအိုင်ကြီးကို အားကျလို့ ရေးကြည့်တာဗျ။ နောက်များကြုံရင် ခပ်စပ်စပ်လေး ဝေဖန်အကြံပေး စမ်းပါဗျာ။
အမသက်ဇင်ရေ...ကျွန်တော်ကတော့ အတွေးအရေး လိုနေဆဲလို့ ထင်တာပါပဲ ကြိုးစားဆဲပါဗျာ... စကားမစပ် တနာရီပဲကွာတယ်ဆိုတော့ ကျွန်တော်နဲ့ တနိုင်ငံထဲလားဗျ။
ကိုမိုးမြင့်တိမ်နဲ့ ကိုမောင်ငယ်ရေ.... ကျေးဇူးနော်

မောင်မျိုး said...

ကဗျာလေး ကောင်းလိုက်တာ
အဓိကကလူ ......
ရိုးသားရမယ်... ကြိုးစားရမယ်။
အပေါင်းအသင်းဆန့်ရမယ်... ရောင့်ရဲတင်းတိမ်ရမယ်။
ဖော်ရွေရမယ်...ကူညီတတ်ရမယ်
ပျော်ရွှင်တတ်ရမယ်... အကောင်းမြင်တတ်ရမယ်။
လူအရိပ်အကဲ နားလည်ရမယ်။ ...အဲ့ဒီစကားလေးအတိုင်း ကြိုးစားပြီးနေကြည့်အုံးမှ ကျေးဇူး ပုဆိုးပေါက်နေတဲ့ ဦးလေးကြီးး)