အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, September 1, 2008

ကျွန်တော်မသိတဲ့ ကျွန်တော်

  • ကိုယ့်ရဲ့နာမည်…...... Heartmuseum

  • ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...အညတရ ၊ ကိုဟတ် ၊ ကိုပြတိုက်ကြီး

  • ကိုယ်ဒီမှာနေတယ်….......စိတ်ငြိမ်ရပ်ကွက်

  • ကိုယ့်ဆီဖုန်းဆက်ချင်ရင်….....တယ်လီဖုန်းနဲ့ဆက်ပေါ့

  • ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

  • အရောင်ဆိုရင်…...........လှတဲ့အရောင်

  • အ၀တ်အစားဆိုရင်…..သွားရမယ့်နေရာ၊တက်ရမယ့်ပွဲ၊လာမယ့်လူတွေပေါ်မူတည်တယ်။

  • အစားအစာဆိုရင်….....အလကားရတာ အကုန်ကြိုက်

  • ပစ္စည်းဆိုရင်….........မေတ္တာလက်ဆောင်

  • သီချင်းဆိုရင်…......သံစဉ်၊ စာသား ကောင်းရင် အကုန်ကြိုက်

  • စာရေးစာဆရာ…....လေးစားတဲ့ စာရေးဆရာတွေ အားလုံး

  • စာအုပ်…........... ဖတ်လို့ရတဲ့စာအုပ် အကုန်ဖတ်

  • Life style…......ကျန်းမာပျော်ရွှင်တဲ့ဘဝ

  • ကိုယ့်ရဲ့ဝါသနာ…......စာဖတ်ခြင်း နဲ့ သီချင်းနားထောင်ခြင်း။

  • အလိုချင်ဆုံးလက်ဆောင်…......ဟန်ဆောင်မှု ကင်းပြီး စစ်မှန်တဲ့ ခင်မင်မှု

  • ကိုယ့်ရဲ့ အချစ်ဆုံးသူက….........ဟဲ...ဟဲ မပြောပြဘူး

  • ကိုယ့်ရဲ့ အလေးစားဆုံးသူက…......ကိုယ့်အကျိုးထက် အများအကျိုးကို ဦးစားပေးသူ
  • ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….....ဒုက္ခရောက်ချိန်မှာ ဖေးမခဲ့သူတွေ

  • ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….......ကိုယ်ကိုယ်တကယ်ခင်တဲ့သူ

  • ကိုယ့်ရဲ့ အမုန်းဆုံးသူက …............မိတ်ဆွေယောင်ဆောင်ပြီး နောက်ကျော ဓားနဲ့ထိုးသူတွေ

  • ရင်အခုန်ဆုံးအချိန်…...........ပြောပြရင် စာမျက်နှာ မလောက်ဘူး...ဟဲ...ဟဲ

  • အကြောက်ဆုံး….....ကျေးဇူးမသိတတ်သူ ဖြစ်မှာ မကြောက်ဆုံး

  • အပျော်ဆုံးအချိန်….........၂၀၀၂ မှ၂၀၀၅ မတ်လထိ ( ဘာကြောင့်လဲ မမေးနဲ့...ဟီ..ဟိ )

  • အမှတ်တရနေ့…........သတိတရ ရှိတဲ့နေ့တွေကိုပေါ့

  • ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….......မပြည့်မှန်းသိလို့ မတောင်းတော့ဘူး။

  • အချစ်ဆိုတာ…..............သိဘူးဗျ

  • အမုန်းဆိုတာ…..........ကောင်မလေးချောချောလေး နားမှာတွဲပါလာတဲ့ကောင်တွေကို...ဟီးးးး ဟီးးးး

  • အလွမ်းဆိုတာ…...............အမှတ်တရတွေကို သတိရတာ

  • သံယောဇဉ်ဆိုတာ…........ အတူတူနေလာတာကြာရင် ဖြစ်ပေါ်လာတဲ့ ခံစားမှု

  • ဘ၀ဆိုတာ….......ရုန်းကန်လှုပ်ရှားမှု :P

  • သူငယ်ချင်းဆိုတာ….......မိတ်ဆက်တဲ့သူတွေ

  • ချစ်သူဆိုတာ…......(နောက်လူမတွေ့ခင်အထိ ကိုယ့်အနားမှာပဲရှိနေသူ) မကျေနပ်ရင် Dream ကိုပြော အနော်သိဘူး။...ဟီ...ဟိ သူရေးထားတာတွေ့လို့ ကူးချထားတာ.....

  • ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... အလွန်ရှုပ်ခဲ့သူ:P

  • ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…........အကောင်းဆုံးကို လိုချင်တယ်။

  • အပြောချင်ဆုံးစကားတစ်ခွန်း….......အလုပ်နဲ့သက်သေပြ၊ အပြောလျှော့

  • ***Dream နဲ့ ရွှန်းမှီက Tag လို့ပါဗျာ။ မရေးရင် ဘာဖြစ်မယ် မပြောပေမယ့် ( ၇ ) ရက် အတွင်းရေးရင် ချစ်သူနဲ့ ညားမယ်ဆိုလို့...ဟီးးးး ဟီးးးးးးD;;;; မတွေ့သေးရင်လဲ ရှာပေးမယ်တဲ့.........***

15 comments:

mabaydar said...

Life style…......ကျန်းမာပျော်ရွှင်တဲ့ဘဝ
အပျော်ဆုံးအချိန်….........၂၀၀၂ မှ၂၀၀၅ မတ်လထိ
Question! ၂ခုက ဒွိဟပွားစရာဖြစ်နေတယ်.. ဘာကိုဆိုလိုပါလဲ.. ဟဲ ဟဲ

ကိုယ့်ရဲ့ အမုန်းဆုံးသူက …............မိတ်ဆွေယောင်ဆောင်ပြီး နောက်ကျော ဓားနဲ့ထိုးသူတွေ
ဟုတ်တယ် မဗေဒါမုန်းတဲ့သူတွေထဲမှာလဲ အဲဒိလူမျိုးတွေပါတယ်.. အထူးသဖြင့် အလုပ်ထဲမှာအဲလိုလူမျိုးတွေပိုတွေ့ရသလိုပဲ..

ချစ်သူဆိုတာ…......(နောက်လူမတွေ့ခင်အထိ ကိုယ့်အနားမှာပဲရှိနေသူ)
Question! ကိုအညတရကြီးနောက်လူမတွေ့ခင်လား.. သူနောက်လူမတွေ့ခင်လား.. ဒါမှမဟုတ် ၂ယောက်လုံးနောက်လူမတွေ့ခင်လား..

သူငယ်ချင်းဆိုတာ…....... မဗေဒါလိုလူမျိုးပေါ့... ဟဲ ဟဲ.... (ပထမဆုံး ကွန်မန့်ပေးရလို့ပျော်၏)

ရွှန်းမီ said...

:-)
well done!

အမရာ said...

very very very nice post.

Heartmuseum said...

မဗေဒါရေ.... သိသားနဲ့ ကျစ်နေပြန်ပြီ.....ဟီးးး
ဧကန်န သူလဲ အထိုးခံရပြီ ထင်တယ် D;
ရွှန်းရေ.... well done! တဲ့လား....
သားသားကတော့ မထင်......:p
မအမရာကြီး သရဲလာခြောက်တာလား.... ဘယ်တွေပျောက်နေတာလဲဗျ

မောင်မျိုး said...

ကိုပြတိုက်ကြီး အဲ့နာမည်ကျနော်လည်းခေါ်တယ် ဖုန်းဆက်ဖို့  ကိုယ်တောင် ခိုးသုံးနေပါတယ်ဆို သူကတစ်မျိုး ၊ လှတဲ့ အရောင်ဆိုတော့ ဟိ ဘာအရောင်လဲမသိး) ၊ အ၀တ်စားဆိုရင် လွတ်၂လပ်၂ အသားကပ်ပဲဝတ် အစ်ကို မိုက်တယ် ၊ အစားစာဆိုရင် ချန်းပီးမယ့် အစားစာ များများစာနော့် ၊ မေတ္တာလက်ဆောင် ပစ္စည်းပြန်ပေးပါ လိုချင်လို့ ၊ သီချင်းရဲလေးမျိုးသီချင်း နားထောifဖူးလား မိုက်မှမိုက် ၊ စာရေးဆရာ ပီမိုးနင်းလား မှန်မှန်ပြော၊ ၀ါသနာတော့ တူတယ်ဗျို့  ၊ အလိုချင်ဆုံးလက်ဆောင် ကျနော် ပေးနိုင်တယ် တကယ်ပြောတာ အတည် ၊ အချစ်ဆုံးသူက အခုတော့ ပစ်သွားပြီမှတ်လား ဟိဟိ ၊ အမုန်းဆုံးက ဟို..သေကာနီးအဖိုးကြီး ဟုတ်ဘူးပေါ့ ၊ဖေမမယ် မပူနဲ့  စိတ်ချ ၊ အမုန်းဆုံးတော့ မဖြစ်ပါရစေနဲ့  ကွမ်းဝယ်ကျွေးဆို ကျွေးပါ့မယ်၊ ရင်ခုန်တာတွေများတယ်ဆိုတော့ သေချာပြှီးး ဒီကျား သမင်သား သွားစားတာပဲဖြစ်မယ် ဟီးးးးးးးးးးးး၊ ကျေးဇူးမသိလည်း ရပါတယ် တားရ အဖိုးတုန်းကလည်း ဂလိုပဲ မိန်းမ စောစော ယူလိုက်တား) ၊ ၂၀၀၅ မှ ဆယ်တန်းအောင်တာကို ဘယ်နှနှစ်ဖြေရတာလဲ ၊ အလကားရတာတောင် ဆုမတောင်းဘူးတဲ့ ဒွတ်ခ ၊ အမုန်းဆိုတာ ဗိုက်ပူနေတဲ့ တရုတ်ကြီး ..ကဲ...အလုပ်နဲ့  သက်သေပြမယ် ဒါပဲ ဂလောက် ...............


လေပန်းတာများသွားတယ် မောလိုက်တာ ရေတိုက် :)

လားရှိုးသူ said...

ချစ်ဆုံးသူက အချစ်တွေဆုံးသွားတဲ့သူလား၊ မပြောဘူးဆိုတော့။

မေသူပိုင် said...

နှလုံးသားပြတိုက်က ဘယ်နေရာမှာရှိတယ်ဆိုတာ မပြောဘူးလား
မေသူအထင်တော့ ပြတိုက်ကြီး၂၀၀၅နောက်ပိုင်း အချစ်သဘောင်္မြှုပ်သွားလို့ နဲ့တူတယ် :P
တနားပါတယ် နော်
ပြတိုက်ကောင်မလေးကတော့ ၂၀၀၅ နောက်ပိုင်း ကံကောင်းသွားတယ်လို့ ပြောလိမ့်မယ် ထင်တယ်
:P
အပြုသဘောနဲ့စတာပါ
စိတ်မဆိုးဘူးလို့မျှော်လင့်ပါတယ်
ခင်မင်လျက်
မေသူ

မိုးမြင့်တိမ် said...

ပြတိုက်ပိုင်ရှင်ကြီး တော်တော်ပြည့်ပြည့်စုံစုံ ဖြေထားတာဘဲ။ good good

ရွှေပြည်သူ said...

ဖြေထားတာတွေက ရိုးရိုးရှင်းရှင်းနဲ့ ပြည့်စုံနေတာပဲ။ အဖြေတွေက ကိုအညတရ ပီသပါတယ်း)

eitar said...

အောင်မြတ်လေး
ကိုကိုယ်ကိုယ်တော့သိသားပဲ...
သဘောကျတယ်...ဟီဟီ ဖြေထားတာကိုပြောတာပါ..:D

Apprenticeship said...

Heart Gyi :) ဒီလိုခေါ်သေးတယ်လေကွာ... အလိုချင်ဆုံးလက်ဆောင်ေ၇းခဲ့တယ်နော်.. :D :P

Heartmuseum said...

ဟိုကောင်လေး..... ကြောင်မျိုး ငါ့ရဲ့ရင်ဖွင့်ခံစားချက်တွေကို ဖျက်လိုဖျက်ဆီးနဲ့ အသားကပ်တဲ့ ကိုယ့်ကိုယ်ကို မှန်မကြည့်ရဲအောင်.......D:
ဟားးးးးး ဟားးးးးး
မလားရှိုးသူ ... ဖော်ကောင် မလုပ်နဲ့...ဒီက လူလေးဘာလေး အထင်ကြီးမလားလို့ ခပ်တည်တည်နဲ့ အီးပေါက်ကြည့်တာ.... ဟေ....ဟေ့.......
မေသူရေ....u r right ကောင်မလေး အပြေးမြန်လို့ ကံကောင်းသွားတယ်မှတ်....ဟီ...ဟိ...
ကမိုးမြင့်ကြီး... ပြည့်ပြည့်စုံစုံ မဖြေလို့ မရဘူးဗျ.... Tag တဲ့ သူတွေက လူနိုင်တွေလေ....
အမ ရွှေပြည်သူရေ.... အညတရရဲ့ အညတရ ရုပ်ပုံလွှာ ရေးအုံးမလို့ အမလိုလေးလေ....
အာတိ အိတာ.... ကိုယ့်ကိုယ်ကို မသိရင် နားကား သွားမှာပေါ့..ဟီ...ဟိ
Ap သက်တော်(၆၀) ၀ါတော်( _ ) ပေါ်လာသေးတယ်နော်။ ဒီက လူပျောက်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့် မလားလို့..... လားရှိုးသူနဲ့ တိုင်ပင်နေတာ...

ကိုရင်နော်ခင်လေးငယ် said...

အလုပ်နဲ့ သက်သေပြ..
တစ်နေ့ ၃ ပို့(စ်) တင်..
ဒါဘဲ ဟွန်းးးး
:P :P :P

mabaydar said...

ဧကန်န သူလဲ အထိုးခံရပြီ ထင်တယ် D; <--- လန့်လိုက်တာ.. ဓားနဲ့အထိုးခံရပြီထင်တယ်လို့ ရှင်းရှင်းလင်းလင်းပြောပါ.. ဘာကြီးမှန်းလဲမသိဘူး..

လားရှိုးသူ said...

လားရှိုးသူကို တိုင်ပင်မယ်၊ သေချာလည်း စဉ်းစားနော်၊ ခုတလော ဦးနှောက်သုံးလိုက်တာ များလို့၊ နဲနဲ ခမ်းသွားတယ် အဲ... မှားသွားပြန်ပြီ၊ ရေခမ်းနေတာနဲ့ ရောသွားလို့။