အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, August 23, 2008

ပျောက်ဆုံးသွားသော အိပ်မက်မြစ်


သာယာလှပတဲ့ လောကနိဗ္ဗာန်ကို စိတ်ကူး
အိပ်မက်ကို ထွေးပိုက်
ဘုရင့်နောင်ထုံးကို နှလုံးမူရင်း
သံယောဇဉ်နဲ့ တုပ်နှောင်ထားတဲ့
ဘ၀ဆိုတဲ့ အတိတ်ကဖောင်ကို ...ငါ ဖျက်ခဲ့တယ်။

အနာဂတ်လှေလေး ငါရှေ့တိုး လှော်ပေမယ့်
ဒုက္ခနွံ့ထဲမှာ တ၀ဲလည်လည်ဖြစ်ရင်း
ဟိုးးးးးး တချိန်က အိပ်မက်လေး ကွဲရှ
ဦးတည်ရာ ပျောက်ဆုံး
ငါ့ဘ၀ အမှောင်ကျခဲ့ရတယ်။

ငါကိုယ်တိုင်ပဲ ညံ့တာလား.......
ငါ့ကံဇာတာကပဲ ညံ့တာလား.......
ဘာပဲဖြစ်ဖြစ် ရှိစေတော့လေ........
ခါးသီးမှုတွေကို မြိုချ ငါဆက်ကရအုံးမယ်။
ရင်ခုန်သံမှန်နေသ၍ လေနုအေးလေး ရှုနေသ၍ပေါ့လေ.........


10 comments:

မောင်မျိုး said...

အမယ် ပျောက်နေတုန်းမှာ ခံစားချက်တွေ ရေလည်ပေါက်ကွဲနေပါလားးးး လေနုအေးတွေ အမြဲတိုက်နေပါသေဗျာ ပုံက ဘာမြစ်လဲ အစ်ကို သံလွင်လား စစ်တောင်းလား ဧရာဝတီလားး :)

ရွှေပြည်သူ said...

“ရင်ခုန်သံမှန်နေသ၍ လေနုအေးလေး ရှုနေသ၍” ဆိုတာလေး အရမ်းသဘောကျမိပါတယ် ကိုအညတရရေ။ ပြန်လာပြီဆိုတော့ ၀မ်းသာလည်းမိပါတယ်။

လူလ said...

မင်္ဂလာပါ ကိုဟကြီး

ကဗျာ လာဖတ်သွားတယ်။ ကောင်း၏။ ဒါကြောင့် `ဟ´ ကို ပြတိုက်ထဲမှာ ထားလိုက်တာကိုး...

ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုရင်နော်ခင်လေးငယ် said...

ကိုကြီးဟတ်ကြီးးး...
ဟတ် ထိနေတာလား.!!
ဒီမှာလည်း ထိကုန်ပြီနော်..
ငိုချင်လာဘီ...
တော်ဘီ ခင်လေးတော့ လေနုအေးလေးရှုပြီး ဖဲဘဲသွားရိုက်တော့မယ်..။
ဟက်..ဟက်

လားရှိုးသူ said...

ကဗျားလေး လာခံစားသွားတယ်။ လေနုအေးလေးရှုပြီး ဧရာဝတီကိုမြင်ယောင်မိတယ်။

ရွှန်းမီ said...

အိပ်မက်မြစ်က ကိုယ့်ရှေ့မှာ ရှိနေတာ မဟုတ်သေးပေမယ့် စီးဆင်းနေဆဲ..
တစ်နေ့ တွေ့မှာပါ။
=)

Kyarlay said...

ဘုရင့်နောင်လို နှလုံးမူတယ်လို့ ပြောထားလို့.. ဘုရင့်နောင်က ဘယ်လို နှလုံးမူလို့လဲဗျ. ကျွန်တော် မသိလို့ မေးကြည့်တာ.

မိုးမြင့်တိမ် said...

ဘုရင့်နောင်ထုံးကို နှလုံးမူရင်း
သံယောဇဉ်နဲ့ တုပ်နှောင်ထားတဲ့
ဘ၀ဆိုတဲ့ အတိတ်ကဖောင်ကို ငါဖျက်ခဲ့တယ်....

ခါးသီးမှုတွေကိုမြိုချ ငါဆက်ကရအုံးမယ်...
ရင်ခုန်သံမှန်နေသ၍ လေနုအေးလေး ရှုနေသ၍ပေါ့လေ.

အဲဒီစာသားလေးတွေ အရမ်းကြိုက်တယ် ဂွတ်တယ်

Heartmuseum said...

ကြောင်ရေ.... မူးမြစ်ဟ.... မူးမြစ်....
လေနုအေး.... မရှုရင် တာ့တာပြမှာပေါ့.... ဟေးးးဟေးးး
ကိုလူလကြီး ဟက ပြထားမှ ကောင်မလေးတွေ မြင်မလားလို့....D:
ကိုရင် တအိမ်လိုလား.... ဘေးထိုးတော့ ရတယ်ဟုတ်... ဧရာဝတီကို လွမ်းတဲ့စိတ်နဲ့ရေးထားတာ ဧရာကို မြင်ရင် ၀မ်းသာတယ် Target ကိုမြင့်လို့ လားရှိုးသူရေ....Thank u.
Kyarlay ရေ... နောင်ရိုးတိုက်ပွဲကို ဆိုလိုတာပါဗျာ...
ကိုမိုးမြင့်ကြီး..... အောက်ခြေလွှတ်နေပါတယ်ဆိုမှ မြှောက်နေပြန်ပြီ..... မိုးထိအောင် လှေကားထောင်လိုက်မယ်...D;

မသက်ဇင် said...

ကဗျာလေးကလည်း ကောင်းမှကောင်း
လွမ်းစရာလေးတွေဖြစ်လို့ပါလား။
သံယောဇဉ်တွေကိုဖြတ်ခဲ့ပြီလား။