အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, July 26, 2008

ဖက်တွယ် မထားနဲ့ ဖြတ်လိုက် ( ၁ )

မှားနေရင် ပြင်လိုက်။
ပြင်တယ်ဆိုတာလည်း လျှောက်လွှာတင်စရာ မလိုဘူး။
မှားတယ်။ မှားမှန်းသိတယ်။ ပြင်လိုက်။ ခဏလေးပဲ။
ဒီစကားတွေ အကုန်လုံး ဘုရားချမှတ်တဲ့ လမ်းစဉ်တွေချည်းပဲ.............
ကျော်ဟိန်း

10 comments:

စိုးထက် - Soe Htet ! said...

လင့်ခ် ကြီး က လွဲ နေတယ် :P

ပါဂနာ said...

လင့်ခ် ကြီး မှားနေရင်

အရင်ပြင်ပေးလိုက်ပါ

ဖက်တွယ်မထားနဲ့.

ခဏလေးပါ :P

Heartmuseum said...

ဟီးးးးးးး ပြင်ဖို့လိုက်ရှာတာ ရှိတော့ဘူးဗျ။ Weekly Eleven က Link မရှိတော့ဘူးဗျ။ ဘယ်လိုလုပ်မလဲ...... Sorry!!!!!

မောင်မျိုး said...

မှားနေတာ တွေ့ သားပဲ ပြောရမှာ အားနာလို့  မိုက်ကယ်ဂျက်ဆင်ပဲ သွားတွေ့ တယ် ;)

Heartmuseum said...

ဟားးးးး ဟားးးးးးး ပြောပါ ကိုရင်မျိုးရာ.... အားနာရမယ့် လူတွေလားဟ....

ကိုရင်နော်ခင်လေးငယ် said...

“ပျက်အစဉ်...ပြင်မရ...”

ပြင်လိုက်... ပြင်လိုက်.. ပြင်လိုက်နဲ့ပါဘဲ
ပြင်သံသရာ လည်နေတယ်

ဂေါက်နေတာ သေချာနေ B...
ကို Heart ကြီး...
“B” မှာဘဲ ဆုံးထားတာနော်
“E” မထည့်လိုက်နဲ့ဦး...
(;P)

ရွှန်းမီ said...

:-) . . .

mathetzin said...

ဘုရားချမှတ်တဲ့ လမ်းစဉ်တွေချည်းပဲ
ဟုတ်တယ်နော်။ မှားမှန်းသိလို့ ပြင်လိုက်ပြီ။
လာလည်ပါအုံးရှင်။

eitar said...

မှားနေတယ်ဆိုတာသိရင် ..
ပြင်ပလိုက်
ပြင်ကလိုက် :)

လူလ said...

ဦးကျော်ဟိန်း ဘုန်းကြီးဝတ်မယ်ဆိုတဲ့ သတင်းက သူ ကြေညာထားတာ ကြာပါပြီ။

ဦးကျော်ဟိန်း ရုပ်ရှင်လောကက အနားယူရုံသက်သက်ဆိုရင်တော့ ဒီလို ပေါ်ပင်ဖြစ်အောင် နယ်လှည့်နှုတ်ဆက်ပွဲတွေလုပ်၊ အနားယူတော့မယ့်အကြောင်း ထပ်တလဲလဲ ကြေညာနေတာ ဒီလောက် ပြောမိမှာ မဟုတ်ပါဘူး။ သူလဲ မနားခင် ငွေနဲ့ ကျော်ကြားမှုကို ရသလောက် သဲ့ယူသွားချင်လို့ မားကက်တင်း လုပ်တယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ ခုတော့ ဘာသာရေးကို အသုံးချလာပြီမို့ မပြောမဖြစ်လို့ ပြောရပါတော့မယ်။

နိုဝင်ဘာမှာ ဦးကျော်ဟိန်း ဘုန်းကြီးဝတ်မယ်လို့ ပြောပါတယ်။ ဘုန်းကြီးဝတ်ပြီးရင် နယ်လှည့်မယ်၊ တရားတွေ ဟောတော့မယ်ဆိုပဲ။

ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ရင် ဥပဇ္ဈာယ်ဆရာနဲ့ နိဿရည်းဆရာ ကိုယ်တော်တွေဟာ ဘယ်သူဖြစ်လိမ့်မယ် မသိရသေးပါဘူး။ ဦးကျော်ဟိန်း ဘာတွေလုပ်တော့မယ်ဆိုတာ ကြိုသိရင် သံဃာတွေအနေနဲ့ “ဒကာကြီးကျော်ဟိန်း၊ ဒကာကြီးကို ကျုပ်တို့ ရဟန်းပြုပေးဖို့ မဖြစ်နိုင်ဘူး”လို့ ပြောရမယ့်ကိန်းပဲ။ ကျော်ဟိန်းက ဘုန်းကြီးဝတ်ပြီးရင် နယ်တွေ လှည့်မယ်။ စိတ်မြှင့်တင်ရေး တရားတွေ ဟောမယ်၊ နားထောင်ချင်တဲ့လူတွေ သူ့ကိုဖိတ်၊ သူလာဟောမယ်လို့ ခုကတည်းက ကြွေးကြော်နေပြီ။

ရဟန်းငါးဝါ မပြည့်သေးတဲ့ ရဟန်းဟာ ဥပဇ္ဈာယ်ဆရာနဲ့ ကင်းကွာပြီး မနေရပါဘူး။ စာဝါလိုက်ဖို့ စတဲ့ ရဟန်းကိစ္စအတွက် အရပ်တပါး ခရီးထွက်ချင်ရင်လဲ ဆရာဥပဇ္ဈာယ်ကို ခွင့်ပန်ပြီး သွားရပါတယ်။ ရဟန်းဝါ ငါးဝါမပြည့်သေးတဲ့ ရဟန်းဟာ တပါးပုဂ္ဂိုလ်ကို ရဟန်းပြုပေးခွင့်တောင် မရှိပါဘူး။ ကိုကျော်ဟိန်းက ဆရာဥပဇ္ဈာယ်ကို ခေါင်းထဲမထည့်ဘဲ သွားချင်ရာ သွားပြီး နယ်လှည့် တရားဟောလို့ မရပါဘူး။

ခု ဦးကျော်ဟိန်းက ဘုန်းကြီးဝတ်တော့မယ်ဆိုရင် အရင်ဆုံး ရဟန်းဝိနည်း ၂၂၇ သွယ်ကို ဖတ်ရှုလေ့လာပြီး ကိုယ် တလေးတစား ကျင့်ကြံနိုင်မလား စဉ်းစားရပါမယ်။ ၀ိနည်းတွေ ဘေးချိတ်ပြီး မော်ဒန်သာသနာသစ် ထူထောင်လို့ မရပါဘူး။ နောက်ပြီး သူတပါးကို တရားဟောချင်ရင် ကိုယ်က အရင်ဆုံး တရားကျင့်ရပါမယ်။ ကိုယ် မကျင့်ကြံဘဲ တရားဟောချင်တာကို သူတော်ကောင်းတို့ အားမပေးပါဘူး။

“ရှေးဦးစွာ မိမိကိုယ်တိုင် သင့်လျော်ကောင်းမြတ်သော အကျင့်ကို ကျင့်ရာ၏။ နောက်မှ သူတပါးကို ဟောပြော ဆုံးမရာ၏။ ထိုသို့ကျင့်သော ပညာရှိသည် (သူတပါးတို့ ကဲ့ရဲ့ခြင်းဘေးမှ ကင်းလွတ်၍) စိတ်ပင်ပန်းညစ်နွမ်းခြင်း မဖြစ်ရာ။

သူတပါးကို ဆုံးမပြီးမှ မိမိကိုယ်ကိုယ် ဆုံးမရာ၏။ မိမိကိုယ်ကိုယ် ကောင်းစွာ ဆုံးမပြီးမှ သူတပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယ် ဆုံးမရန်ကား အလွန်ခဲယဉ်း၏။”

(ဓမ္မပဒ)

လူ့ဘ၀မှာ မြီးကောင်ပေါက်တွေနဲ့အတူ ဟစ်ပ်ဟော့သီချင်းတွေ စင်ပေါ်တက်ပြီး ဟဲလိုက်၊ ကျော်ဟိန်းမိသားစု ဘယ်လိုတော်ကြောင်း (၀ိုင်အမ်စီအေက ကျင်းပတဲ့) ဟောပြောပွဲစင်ပေါ်မှာ ကိုယ်ရည်သွေးလိုက်၊ တခြားသရုပ်ဆောင်တွေရဲ့ သားသမီးတွေ သူ့သားသမီးတွေ လောက် မစွံကြောင်း စင်ပေါ်ကနေ ကဲ့ရဲ့လိုက် လုပ်နေသူတယောက်က ပြောရင်းလုပ်ရင်း တန်းလန်းကို မကြာခင် ဘုန်းကြီးဝတ်ပြီး သင်္ကန်းဝတ်နဲ့ ဆက်ပြောဦးမယ်ဆိုတာ သိရပြန်တော့ ဘုန်းကြီးကျော်ဟိန်းကို ကြည့်ပြီး သံဃာတော်တွေကို ကိုယ်ရည်သွေးသမားတွေ၊ ဓမ္မကထိက ပလ္လင်ပေါ်ကနေ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေသူတွေလို့ သိမ်းကျုံးထင်ကုန်မှာ စိုးရိမ်မိပါတယ်။

ရဟန်းဝတ်တော့မယ်လို့ ကြော်ငြာသတင်းလွှင့်နေတဲ့ ဦးကျော်ဟိန်းဟာ ရဟန်းမဖြစ်ခင် တရားကို ဘယ်လိုကြိုအားထုတ်မယ်၊ ရဟန်းပြုပြီးရင်လဲ ဘယ်ဆရာတော်တွေဆီမှာ ဘယ်ရိပ်သာမှာ နည်းနာခံပြီး ရဟန်းတရားကို ဘယ်လိုအားထုတ်လိုက်မယ်၊ စာပေပရိယတ္တိတွေကိုလဲ ဘယ်လို လေ့လာဆည်းပူးလိုက်မယ်ဆိုတာ ဘာမှ မစဉ်းစားဘဲ တရားဟောမယ်လို့ချည်း ပြောနေတာ သာသနာတော်ကြီးအတွက် ရင်လေးစရာပါ။ ကိုယ်က ဘာမှ မကျင့်ဘဲ တရားချည်းဟောမယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အထင်ကြီးလွန်ပြီး စိတ်ကြွရောဂါများ ရသွားပြီလား စိုးရိမ်ရပါတယ်။

ဦးကျော်ဟိန်းဟာ တခြားသူတွေကို တရားမဟောခင် ကိုယ်က အရင် ကျင့်ရပါမယ်။ ရဟန်းဘ၀ကို လာမယ်ဆိုရင် စင်ပေါ်ကနေ ပရိသတ်ကို စကားပြောရာမှာ “ခင်သန်းနုသား.....ဘိန်းစားလို့ သေသွားတယ်၊ ၀ါဝါ၀င်းရွှေသားတွေ ... မစွံဘူး” စတဲ့ ကိုယ့်သားသမီးတွေကို ဂုဏ်တင်ပြီး သူများသားသမီးကို ပုတ်ခတ် ပြောတတ်တဲ့ စရိုက်ဆိုးကို ထားခဲ့ရပါမယ်။ ရဟန်းမဟုတ်ဘဲ လူဆိုရင်လဲ ဒါမျိုး မလုပ်သင့်ပါဘူး။ ခင်သန်းနုသား ဝေယံမင်းခင် အသက် ၂၀ ကျော် အစိတ်ဝန်းကျင်မှာ မူးယစ်ဆေးနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲမှု၊ အငြိမ်းစား ဗိုလ်မှူးကြီး လူမမာဖခင်ရဲ့ မသာယာတဲ့ ဘ၀၊ မိခင်ရဲ့ အိမ်ထောင်သစ် စတဲ့ လောကဓံတွေကို ဆယ်ကျော်သက်မှာကတည်းက ခံခဲ့ရတဲ့ သူငယ်လေးတယောက်ကို သေပြီးကာမှ စင်ပေါ်ကနေ ဒီလို ချိုးဖဲ့နေလို့ အကျိုးမရှိတော့ပါ။ ဦးကျော်ဟိန်းကိုယ်တိုင်လဲ နှစ်ပေါင်းရှည်ကြာ ဘိန်းစားဖြစ်ခဲ့သူ၊ ဝေယံမင်းခင်အရွယ်မှာ စိန်ဂေါ်လီ လမ်းသရဲဂိုဏ်းက လမ်းသရဲတယောက်တောင် ဖြစ်ခဲ့သူဆိုတာ မိမိကိုယ်ကိုယ် ပြန်သတိပြုမိရင် ကိုယ်က ဘာမှ မမှားဖူးသူလို ဒီသွားလေသူ ကလေးတယောက်ကို မပုတ်ခတ်နေသင့်ဘူးဆိုတာ သိနိုင်ပါတယ်။

“သူတပါးတို့၏ အပြစ်ကို မြင်လွယ်၏။ မိမိ၏ အပြစ်ကို မြင်နိုင်ခဲ၏။ သူတပါးတို့၏ အပြစ်ကို ဖွဲလွှင့်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏ အပြစ်ကိုကား ဖုံးတတ်၏” (ဓမ္မပဒ)

”သတိ”ဆိုတဲ့ အရေးအကြီးဆုံးတရား ချွတ်ယွင်းနေတဲ့ ဦးကျော်ဟိန်းက ရဟန်းဝတ်ပြီး ပရိသတ်ကို တရားဟောမယ်ဆိုတာ မဖြစ်သင့်တဲ့ အမှုပါ။ စိတ်ဓတ်ကျနေတဲ့ သူတွေကို အားပေးမယ်၊ စိတ်မြှင့်တင်ရေး တရားတွေ ဟောမယ်ဆိုရင် လူဝတ်နဲ့ လည်ဟောလို့ ရပါတယ်။ ရဟန်းတရားကို အားမထုတ်နိုင်ဘဲနဲ့ လူတွေ လက်အုပ်ချီ ရှိခိုးတာ၊ ရိုသေတာ ခံချင်တဲ့ လောဘကြောင့် သာသနာ့ဘောင် လာမယ်ဆိုရင် ဦးကျော်ဟိန်းအတွက် ကိုယ့်အပါယ်လမ်း ကိုယ်ဖောက်သလို ဖြစ်ပါလိမ့်မယ်။

မဟာမြိုင်ဆရာတော် ဦးဇောတိကဟာ လူ့ဘ၀ကို စွန့်ပြီး တောထွက် ရဟန်းပြုခဲ့ပါတယ်။ ဆရာတော် ဦးဇောတိကရဲ့ တရားတွေဟာ လူတွေကို စိတ်မြှင့်တင်ပေးတဲ့၊ စိတ်ခွန်အားဖြည့်ပေးတဲ့ တရားတွေဆိုတာ ရဟန်းရှင်လူတွေ လက်ခံထားကြပါတယ်။ ဒီလို စိတ်အားဖြည့် တရားတွေ မေတ္တာထား ဟောကြားနိုင်ဖို့ ဆရာတော် ဦးဇောတိကဟာ ကိုယ်တိုင်လဲ များစွာ ကျင့်ကြအားထုတ် ခဲ့ရပါတယ်။ လူတွေကို တရားအားထုတ်ဖို့၊ သတိဆိုတဲ့ အိမ်မှာနေဖို့ ဟောကြားနေတာ ကိုယ်ကျင့်တဲ့တရားမို့ အရသာသိလာလို့ တပါးသူတွေကို ပြန်မျှဝေပေးနေတာပါ။

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)လဲ တရားကို နှစ်ပေါင်းများစွာ တစိုက်မတ်တပ် ရှာဖွေ၊ လမ်းမှန်မတွေ့သေးခင် ဘာသာအယူဝါဒ မျိုးစုံကြားမှာ တ၀ဲလည်လည် ကျင်လည်ခဲ့ပြီးမှ နောက်ဆုံး ဗုဒ္ဓရဲ့ တရားကို လက်ခံပြီး ဥပသကာ ဖြစ်ခဲ့တာပါ။ ရဟန်းပြုပြီး ဒကာဒကာမတွေကို တရားပြန်ဟောကြားတာလဲ နှစ်ပေါင်းများစွာ ဖြည့်တင်းလာခဲ့တဲ့ ၀မ်းစာ ရှိထားလို့ပါ။

ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကဟာ တရားအားထုတ်ခြင်းကို မွေ့လျော်ပြီး တရားနဲ့သာ နေတော့မယ်၊ စာပေပရိယတ်ကိုတောင် အချိန်မပေးလိုတော့တဲ့အထိ သဒ္ဓါတရား ပျင်းပျလာချိန်မှာ ဆရာတော်ကြီး တပါးက ဓမ္မာစရိယတော့ အောင်အောင်ဖြေပါလို့ မျက်ရည်များကျပြီး တောင်းပန်မိန့်ကြားလို့ ဓမ္မာစရိယ ပြီးတဲ့အထိ ပရိယတ္တိကို ဆက်အားထုတ်ခဲ့ပါတယ်။ ပရိယတ်တင်မက ပရိပတ္တိမှာလဲ ကိုယ်တိုင် နှစ်ပေါင်းများစွာ အားထုတ်ကျင့်ကြံထားတဲ့ ၀မ်းစာ ရှိနေတော့ ဒကာဒကာမတွေကို ဒုက္ခငြိမ်းရာ ချမ်းသာကြောင်း တရားတွေ ပြန်ဟောကြားနိုင်တာပါ။

ဆူနာမီဆရာတော် ဦးဥတ္တမသာရဟာ လူ့ဘ၀က မိတ်ဆွေကောင်းတယောက် ကျေးဇူးနဲ့ တရားထိုင်မိရာကနေ တရားဓမ္မကို သက်ဝင်ကြည်ညိုပြီး ဇွဲပြင်းပြင်းနဲ့ အားထုတ်ခဲ့ပါတယ်။ ဓမ္မတန်ဖိုး သိလာချိန်မှာ ၀ိဇ္ဖာမှ အ၀ိဇ္ဖာသို့ တရားအလှူတော်လုပ်ငန်းဆိုတာကို ထူထောင်ပြီး တရားစာအုပ်၊ ကက်ဆက်ခွေ စသည်များ အခမဲ့ ကုသိုလ်ပြု ငှားရမ်းခဲ့ပါတယ်။ နောက်ဆုံး အသက် ၃၃ နှစ်မှာ ရှာဖွေထားသမျှ စီးပွားတွေအားလုံးကို စွန့်ပြီး ရဟန်းပြုခဲ့ပါတယ်။ ရှိသမျှ တိုက်ခန်း၊ ကား၊ ဖုန်း၊ ငွေ အားလုံးကို လှူဒါန်းလိုက်ပြီး သပိတ်တလုံး သင်္ကန်းတစုံနဲ့ သာသနာ့ဘောင် ၀င်လာတော့ ဘယ်လိုများ ရပ်တည်မလဲ၊ ဆရာတော် (အဲဒီအချိန်က ဦးဇင်းလေး) အမြင်က ရှင်းပါတယ်။

“တရားအားကိုးရင်းသာ အများအကျိုး ဆောင်၇ွက်မည်၊ တရားက ထားသော နေရာမှာသာ နေမည်၊ တရားကဆင်သော သင်္ကန်းကိုသာ ၀တ်မည်၊ တရားကကျွေးသော အစာကိုသာ စားမည်၊ နေစရာ မရှိလျှင် သစ်တပင်အောက်မှာ နေမည်၊ ၀တ်စရာ မရှိလျှင် လူသေကောင် အ၀တ်များကိုပင် သင်္ကန်းချုပ်ဝတ်မည်၊ စားစရာ မရှိလျှင် တရားနှလုံးသွင်းရင်းသာ အသေခံလိုက်မည်၊ တရားကလွဲလျှင် ဘာကိုမှ အားမကိုး”

ဒီဦးဇင်း (ခု ဆရာတော် ဦးဥတ္တမသာရ) ရဟန်းပြုပြီးတော့ ပရိယတ်ကို နှစ်နှစ်လောက် သင်ဦးမယ်၊ တရားမဟောသေးဘူးလို့ စိတ်အကြံ ဖြစ်ပါတယ်။ ဒါပေမယ့် တရားပြတတ်မှန်း သိသွားတော့ ဥပဇ္ဈာယ်ဆရာတော်ကြီး ဦးဉေယျသာဂရ (သက်တော် ၈၀ ကျော်) ကိုယ်တိုင်က တရားဟောခိုင်းလို့ တရားဟော တရားပြအလု့ပ်ကို စထမ်းဆောင်ခဲ့ရပါတယ်။ လူ့ဘ၀မှာကတည်းက ၀မ်းစာများစွာ ရှိခဲ့ပြီးသား ဆိုတာရယ်၊ ဆရာဥပဇ္ဈာယ်ရဲ့ ယုံကြည်တာဝန်ပေးချက်နဲ့ တရားဟောခဲ့တယ်ဆိုတာရယ်ကို သတိပြုသင့်ပါတယ်။

သံဃာတော်များ တရားဟောတယ်ဆိုတာ ဘာမှ ၀မ်းစာမရှိဘဲ လွယ်လွယ် ဟောနေတာ မဟုတ်ကြောင်း ဒီဥပမာတွေ ကြည့်ရင် သိနိုင်ပါပြီ။

မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ (ပိဋကတ်သုံးပုံဆောင်) ဖြစ်တော့ ဒီလိုဖြစ်အောင် အားပေးတိုက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ တပါးအပါဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ဓမ္မစာရီက သားသဖွယ် ဖြစ်နေတဲ့ မောင်ပဉ္ဇင်း (သက်တော် ၄၂ နှစ်)ကို ရှင်နာဂသိန်ဟာ မိလိန္ဒမင်းကြီးကို မိမိရှင်းပြဟောကြားခဲ့တဲ့ တရားတွေကို ပြန်နှလုံးသွင်းဆင်ခြင်ရင်း ကိုယ်တိုင် ရဟန္တာ ဖြစ်ခဲ့တယ်ဆိုတဲ့အတိုင်း မိမိ အာဂုံဆောင်တဲ့ ပိဋကတ်သုံးပုံကို နှလုံးသွင်းဆင်ခြင်ဖို့ သတိပေးတိုက်တွန်းစာ မင်းကွန်းကနေ ရန်ကုန်ကို ပါးလိုက်ပါတယ်။

ရဟန်းပြုတယ်ဆိုတာလဲ မြန်မာပြည်မှာသာ ဓမ္မရွှေအိုး ရှိတဲ့တိုင်းပြည်မို့ လွယ်နေပေမယ့် ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ပြီး စည်းစိမ်ဥစ္စာတွေစွန့်၊ သာသနာ့ဘောင် ၀င်လာကြတဲ့ အနောက်တိုင်းသားတွေဆိုရင် ပေးဆပ်စွန့်လွှတ်ခဲ့ရတာာ အတော်များပါတယ်။ အီတာလျံလူမျိုး ဓာတုဗေဒ ပညာရှင်တယောက်ဟာ ဓမ္မပဒကို ဖတ်မိရာက ဗုဒ္ဓရဲ့ တပည့်သား ဖြစ်လာခဲ့ပါတယ်။

သာသနာ့ဘောင်ဝင်မယ်ဆိုတော့ မိဘက ခွင့်မပြုပါ။ အနောက်တိုင်းမှာ ၁၈ နှစ်ပြည့်ရင် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ ရတယ်ဆိုပေမယ့် ရဟန်းပြုဖို့ဆိုတာ မိဘခွင့်ပြုချက် ရှိရမယ်လို့ မြတ်စွာဘုရားက ပညတ်ထားပါတယ်။ ဒီဓာတုဗေဒပညာရှင် ဘာလုပ်ခဲ့သလဲ။ အာရှတိုက်ကို လာပြီး သိမ်ဝင်ပြီး ရဟန်းခံပါတယ်။ ရဟန်းလောင်းကို စစ်ဆေးရတဲ့ သိမ်ဝင်သံဃာများက အသက် ၂၀ ပြည့်ရဲ့လား၊ လူသားစင်စစ် ဖြစ်ရဲ့လား၊ ကြွေးမြီကင်းရှင်းရဲ့လား စတဲ့ မေးခွန်းတွေကို ပြည့်ပါတယ်။ မှန်ပါတယ် စသည်ဖြင့် ဖြေကြားပါတယ်။

“မိဘခွင့်ပြုရဲ့လား”

ဂေါတမ မြတ်စွာဘုရားသခင်ကို မိဘအရာထား နှလုံးသွင်းပြီး ရဟန်းလောင်းဟာ “ခွင့်ပြုပါတယ်”လို့ ရဲရဲကြီး ဖြေကြားလိုက်ပါတယ်။

ဒီအကြောင်းကို ပြန်ပြောင်း မိန့်ကြားရာမှာ ဦးလောကနာထက “ဘုန်းကြီးက မြတ်စွာဘုရား ခွင့်ပြုချက်နဲ့ ရဟန်းပြုခဲ့တာ”လို့ ပြန်အမိန့်ရှိတတ်ပါတယ်။ ရဟန်းဖြစ်ပြီး ဇာတိ အီတလီကို တခေါက်ပြန်ကြွတော့ ဗုဒ္ဓဘာသာ ရဟန်းပြုခြင်းကို မလိုလားတဲ့ မိသားစုက အပြန်စရိတ် မထောက်ပါ။ ဆရာတော်ဟာ အီတလီပြည်ကနေ တောတွေတောင်တွေ ဖြတ်ပြီး အာရှတိုက်ကို ခြေလျင် ခရီးနှင်ပြီး ပြန်ကြွခဲ့ရပါတယ်။

ဒီလို သံဃာမြတ်တွေ ရဟန်းဘ၀ ခဲရာခက်ဆစ် ယူခဲ့ရပုံကို ဆင်ခြင်ပြီး ဦးကျော်ဟိန်းဟာ ရခဲလှတဲ့ ရဟန်းဘ၀ကို ယူမယ်ဆိုရင် တလေးတစား ကျင့်ကြံအားထုတ်သင့်ပါတယ်။

ဒီနေရာမှာ စိတ်ပူမိတာက “လောဘမရှိဘူး”လို့ လူ့ဘ၀မှာကတည်းက ပြောနေတဲ့ ကိစ္စပါ။ လောဘ မရှိတော့ရင် ဦးကျော်ဟိန်းဟာ အနာဂါမ်တောင် မကတော့ပါ၊ ရဟန္တာစင်စစ် ဧကန်ဖြစ်သွားပါပြီ။ လောဘ မရှိတော့ရင် ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာတွေလဲ အားလုံး ချုပ်ငြိမ်းသွားပါပြီ။ ဦးကျော်ဟိန်းဟာ လောဘမရှိဘူးလို့ ရဲရဲကြီး ပြောနေတာသာ တကယ်မှန်ရင် သံဃာတော်တွေ အပါအ၀င် ရဟန်းရှင်လူ အားလုံးက ဦးကျော်ဟိန်းကို ကိုးကွယ်ရပါတော့မယ်။ သာသနာတွင်း ကာလမှာ မြတ်စွာဘုရားမှလွဲရင် လောကမှာ ဒုတိယ အမြတ်ဆုံးသော ဘုရားငယ် ဖြစ်တဲ့ ရဟန္တာကြီး ဖြစ်နေတာ မှန်ရင်ပေါ့။

ဒါဆိုရင် ရဟန္တာကြီး ဦးကျော်ဟိန်းဟာ ရဟန်းချက်ချင်းမပြုဘဲ လူ့ဘ၀ကို တွယ်တာမက်မောနေမှာလဲ မဟုတ်ပါ။ လောဘ ကင်းတဲ့ ရဟန္တာဟာ ဘာမှ မတပ်မက်တော့ပါ။ ဦးကျော်ဟိန်းဟာ သူပြောသလိုဆိုရင် ရဟန္တာဖြစ်နေပါရက်နဲ့ ရဟန်းဘ၀လဲမပြောင်း၊ ရဟန်းဘ၀ မလာချင်ရင်လဲ လူဝတ်နဲ့ ပရိနိဗ္ဗာန် မစံသေးတာ ထူးခြားနေပါတယ်။

အပ္ပမာဒမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမြသန်းစံဟာ ဒီတာဝန်တွေ အားလုံးကို စွန့်ပြီး နယ်မှာ သွားတရားအားထုတ်မယ်လို့ သိရပါတယ်။ ရဟန်းမပြုဘူးလားလို့ စာနယ်ဇင်းတစောင်က မေးတော့ ရဟန်းကိုးကြိမ် ခံဖူးကြောင်း၊ အပြီး ရဟန်းဝတ်မယ်ဆို ရဟန်းဝိနည်းနဲ့အညီ (ဦးက) မနေနိုင်ကြောင်း၊ ၀ိနည်းနဲ့အညီ မနေနိုင်ရင် ငယ်ကတည်းက ၀တ်လာတဲ့ ရဟန်းတွေကို အားနာစရာ ကောင်းကြောင်း ရိုးသားစွာ ဖြေကြားခဲ့ပါတယ်။

ဦးမြသန်းစံဟာ တရားဓမ္မကို အားထုတ်လာတဲ့သက်တမ်း ကောင်းကောင်း ရှိထားသူပါ။ ရေးတဲ့ ဓမ္မစာပေတွေကို ဖတ်ရင်လဲ တရားအထုံ အတော်ရှိနေပြီဆိုတာ မှန်းနိုင်ပါတယ်။ တချိန်က ပေါ်လစီသီချင်းရေးဆရာ စစ်ဗိုလ်ဘ၀နဲ့ လူထုမုန်းစရာ ဖြစ်ခဲ့ဖူးပေမယ့် ဒီစက်ဆုပ်စရာ ဘ၀ကိုလဲ သူ စွန့်လွှတ်ခဲ့ပါပြီ။ တရားသမားဘ၀မှာလဲ ဓမ္မကို ခုတုံးလုပ်ပြီး အစိုးရကို မျက်နှာလိုအားရ လုပ်တဲ့စာတွေ မရေးခဲ့ပါ။ ခု အယ်ဒီတာချုပ်တာဝန်၊ ဦးစီးနေတဲ့ စာနယ်ဇင်းနှစ်စောင် ဒါတွေကို မိသားစုနဲ့ မိတ်ဆွေများနဲ့ လွှဲပြီး အေးချမ်းရာ နေရာတခုခုမှာ အချိန်တခုထိ တရားသွားအားထုတ်မယ်ဆိုတာ မိတ်ဆွေတွေကို အသိပေးတဲ့ အခါမှာလဲ အေးအေးချမ်းချမ်းပါပဲ။ ဒါ ဘာမားကက်တင်းမှ မလုပ်ရမယ့် အလုပ်ဆိုတာ တရားရှင်ပီပီ နားလည်ခဲ့ပါတယ်။ မဂ္ဂဇင်း အရောင်းတက်အောင် အယ်ဒီတာချုပ်ကြီး ရာထူးကိုစွန့်၍ ဘယ်နေ့ဘယ်ရက် တရားအားထုတ်တော့မည်၊ လက်ရှိဘ၀ကို စွန့်ရန် ဘယ်နှစ်ရက်သာ လိုတော့သည်လို့ ထပ်တလဲလဲ ကြော်ငြာမနေပါ။

မင်းသားကြီး ဇေယျဟာ ရိုးရိုးကြီးဇေယျဆိုတဲ့ နာမည်နဲ့ လိုက်အောင် အင်မတန် ရိုးပါတယ်။ သျှမ်းသျှမ်းတောက် အောင်မြင်နေပေမယ့် ရုပ်ရှင်ရိုက်ရင် ဇာတ်ဝင်ခန်းမှာ ၀တ်ရမယ့် အ၀တ်အစားတွေကို လက်တဖက်က အိတ်နဲ့ဆွဲပြီး ရိုက်ကွင်းကို ရိုးရိုးကြီး လာသူပါ။ နယ်မှာ ဖျော်ဖြေပွဲတခုအတွက် သရုပ်ဆောင်တွေ သွားကြတော့ မင်းသမီးငယ်လေးတယောက်ကို သူ့ခင်ပွန်းနဲ့ တခါက ရည်းစားဖြစ်ဖူးတယ်လို့ သ၀န်တိုသူ နယ်ခံအရာရှိကတော်တဦးက ဒီမင်းသမီးလေး ဒီမြို့လာ မဖျော်ဖြေရလို့ အနုပညာသည်အဖွဲ့ လိုက်ပါလာတဲ့သင်္ဘော ကမ်းအကပ်မှာ တားမြစ်ပါတယ်။

မင်းသားကြီး ဇေယျက ရှင်းပါတယ်။ ငါနဲ့ မဆိုင်ဘူး၊ ဒီကောင်မလေးကလဲ ဘာနာမည်မှ မရှိသေးတဲ့ မင်းသမီး အငယ်လေးပဲဆိုပြီး အရေးမစိုက်ဘဲ မနေခဲ့ပါဘူး။ အတူလိုက်လာတာ ဒီကလေးမလေး တယောက်တည်း ပြန်သွားရလို့ ကောင်းမလား၊ ဒါဆို တဖွဲ့လုံး ပြန်ရမယ်ဆိုပြီး ပြောတော့ ကျန်တဲ့ အဖွဲ့သားတွေလဲ မင်းသားကြီးစကားကို တညီတည်း လက်ခံပြီး သင်္ဘော ရန်ကုန်ကို ပြန်လှည့်စေခဲ့ပါသတဲ့။ လူ့ဘ၀မှာကတည်းက ဒီလောက် ရိုးဖြောင့်တဲ့ မင်းသားကြီးဟာ ရဟန်းပြုတော့လဲ ရိုးသားစွာပဲ သာသနာ့ဘောင်ဝင်ပြီး သီလဂုဏ်နဲ့ ပြည့်စုံတဲ့ သံဃာတော်တပါးအဖြစ် ရိုးသားစွာ ကျင့်ကြံအားထုတ် သီတင်းသုံးသွားခဲ့ပါတယ်။

ဦးကျော်ဟိန်း ကြိုးစားအားထုတ်မှုကြောင့် လူ့ဘ၀မှာ အောင်မြင်မှုတွေ ရခဲ့တာ သာဓုခေါ်ပါတယ်။ ရဟန်းဘ၀ လာမယ်ဆိုရင်တော့ မြတ်စွာဘုရား အလိုတော်နဲ့ ဆန့်ကျင်တဲ့ စကားတွေကို သင်္ကန်းဝတ်ပြီး လက်အုပ်ချီခံဘ၀နဲ့ ပြောလိုက်မယ်ဆိုတဲ့ မိစ္ဆာသင်္ကပ္ပ (မှားယွင်းသော စိတ်အကြံ)ကို အရင်ဆုံး ပယ်ဖျောက်ပေးစေချင်ပါတယ်။

ရိုးသားမှန်ကန်စွာ အောင်မြင်မှုများ ရပါစေ။