အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, July 18, 2008

သခင် မရှိတဲ့မွေးနေ့


သခင် မရှိတဲ့မွေးနေ့
သခင်မသိဘဲ ကျင်းပ
သခင် သိရင်မြင်မှာပါ။
ဟိုအရင်က မွေးနေ့ပွဲ
သခင်နဲ့ အတူတွဲနွဲဖူးတယ်။

ဟိုးးးးး အဝေးက ပြည့်နေတဲ့
လမင်းကြီးရယ်.......
နဘေးက မှိတ်တုတ်တုတ်
ကြယ်လေးတွေရယ်.....ကို
သက်သေပြု
ဆိုဖူးတဲ့သစ္ခာ ပြုဖူးတဲ့ဂတိ
ဘ၀တလျောက်လုံး
သခင်နဲ့ မခွဲ အမြဲတွဲ
မွေးနေ့ပွဲတွေ နွဲရစေ.....


အေးမြတဲ့ လမင်းကြီးက
သာစဲ သာမြဲ မပြောင်းလဲ
ကြယ်လေးတွေလဲ မှိတ်တုတ်မှိတ်တုတ်
အစွမ်းရှိသ၍ အလင်းဝေမျှဆဲ
အကျွန်လဲ သခင့်ကို
ချစ်ဆဲ ချစ်မြဲ
တမ်းတဆဲ လွမ်းမောဆဲပါ။......။
လမင်းကြီးအသိ
ကြယ်လေးတွေအသိ
သခင် တွေးတတ်ရင်လဲသိမှာပါ။....။
အခုတော့...
ဘ၀အသစ် ကြင်သူအသစ်
ဆုတောင်းအသစ်တွေ
ပြောင်းတောင်းနေမယ့် သခင်ရယ်....
အမြဲမဟုတ်တောင်
တိုက်ဆိုင်မှုတွေကြုံလို့
သတိရရင်
နေတတ် ကျေနပ်နေပါ့မယ်။......။

18 comments:

May Moe said...

သခင် မရှိတဲ့ မွေးနေ့ အကြောင်းလာဖတ်သွားပါတယ် ။ အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေ။

ရွှန်းမီ said...

မွေးနေ့ရှင် ပျော်ရွှင်သလို မွေးနေ့ကို သတိရပေးသူလဲ ပျော်ရွှင်နိုင်ပါစေ။
(အစ်ကိုကြီး အညတရ အမှတ်တရတွေကို ရင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။)

စိုးထက် - Soe Htet ! said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ဗျို့ :) နည်းနည်းတော့ နောက်ကျသွားတယ် အစ်ကိုရေ ... :P

လူလ said...

မင်္ဂလာ ကိုဟ။ ဖတ်သွားတယ် သခင်မရှိတဲ့ မွေးနေ့ .. ရွှင်လန်းချမ်းမြေ့ပါစေ..

ဆောင်း said...

him and her နာရီ ကြော်ငြာ ထင်လို့ ပါ။ ဘယ်လောက်ပေးရလဲဟင် ... ဟင်းဟင်း စတာပါ. အခန်းဆက်ဝတ္တုတောင် အပိုင်း၆ရောက်ပြီ.

လားရှိုးသူ said...

Happy belated birthday Ko heart museum. I hope you have a wonderful years ahead. God bless you.

CanadaMyanmar said...

နားလိုက်လုပ်လိုက်ပေါ့ ဘုရားရှင်တောင်နားသေးတာပဲ ပြန်လာမဲ့အချိန်ကိုလည်းစိတ်ရှည်စွာစောင့် မျှော်ကြိုဆိုနေမှာပါပဲ အလှဲ့ ကျလုပ်ကြတာပေါ့ နော့် 
http://canadamyanmar.blogspot.com/

mathetzin said...

မွေးနေ့ရှင်ပြန်လာမှာမျှော်နေပါတယ်
မွေးနေ့မှသည် နှစ် ၁၂၀ ရှည်စေသော်

မသက်ဇင်

စိုးထက် - Soe Htet ! said...

HaPpY bIrThDaY ! :P

eitar said...

ပျော်ရွှင်ပါစေ....:D

Apprenticeship said...

Happy Belated Birthday... အော်... အစွဲအလန်းကြီးလွန်းတဲ့ Heart ကြီးပါလာ.... အဆင်ပြေပါစေ ပျော်ရွင်နိုင်ပါစေကွယ်... မွေးနေ့ဆုတောင်းတွေလဲ ပြည့်ပါစေနော်...

SLIP said...

မင်္ဂလာပါ

မောင်မျိုး said...

မွေးနေ့ ပို့ စ်လေးက သနားစရာ နေတက်ကျေနပ်နေပါ့မယ်တဲ့လားးးးးးးးးးးးးးးးးး

mabaydar said...

တိုက်ဆိုင်လိုက်တာများကွာ....ပိုစ့်က july 18... july 15 ရက်ကလဲသူ့မွေးနေ့ပဲ... သတိရပေမဲ့ သူမသိအောင် စိတ်ထဲကပဲ ဆုတောင်းပေးခဲ့ပါတယ်... အစ်ကို့ကဗျာထဲကလို သူကတော့အသစ်တစ်ယောက်နဲ့ကျင်းပနေမှာပဲ..

ကိုရင်နော်ခင်လေးငယ် said...

အရမ်းကို မိုက်တယ် ကို Heart ကြီးရေ..

“လမင်းကြီးအသိ
ကြယ်လေးတွေအသိ
သခင် တွေးတတ်ရင်လဲသိမှာပါ။....။
အခုတော့...”

အဲလို ခု တစ်ကယ်ဖြစ်နေတာမို့ပါ..။

ein said...

မွေးနေ့ရှင်ပျော်ရွှင်သလို မွေးနေ့ကိုအမှတ်တရနဲ့ ရှိနေတဲ့ အကိုပြတိုက်ကြီးဆီလည်း ပျော်ရွှင်ခြင်းတွေ အမြန်ဆုံးကျရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်...။

layma said...
This comment has been removed by the author.
layma said...

နေတတ် ကျေနပ်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ် ကို အညတရ..။