အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, June 7, 2008

နာဂစ်မွှေသမျှ ပွေရတဲ့ ဘ၀တွေ

***ကျွန်တော် သိတ်နေမကောင်းလို့ ဒီရက်ပိုင်း စာရေးကျဲသလို၊ blog လည်တာလည်း နည်းပါတယ်။ လာလည်ကြတဲ့ အပေါင်းအသင်းရောင်းရင်း အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကိုသင်ကာ ဆီရောက်တုန်း ဖတ်လိုက်ရတဲ့ ဘ၀ပျက်ရုံမက ဘ၀ပါပျောက်သွားသော နင်းပြားကလေး (၃)ယောက် အကြောင်းကို ပြန်လည် မျှဝေပါတယ်ဗျာ။ အားလုံး ဥပဒ်ရန်ဘေး ကင်းစင်ဝေးပါစေ။***


တွေ့ဆုံမေးမြန်းသူ။ ။မြနှင်းအေး

The Voice Weekly, Vol.4/No.31

မေလ ၂ ရက်နေ့က မြန်မာနိုင်ငံအောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ သောင်းဂဏန်းများစွာ သေဆုံးပြီး သိန်းဂဏန်းများစွာ အိုးမဲ့အိမ်မဲ့အခြေအနေ ဆိုက်ရောက်ခဲ့ရသည်။ မုန်တိုင်း၏ ဗဟိုချက်မဖြင့် ၀င်ရောက်တိုက်ခတ်ခံခဲ့ရသော ဧရာဝတီတိုင်းတွင် အထိအခိုက် အပျက်အစီး လူအသေအပျောက်များပြားခဲ့ရာ လပွတ္တာမြို့နယ် ပန်းငြိမ်းရွာမှ မိဘဆွေမျိုးများနှင့် မောင်ငယ်တစ်ဦးသေဆုံးကာ ညီမနှင့် အခြားမောင်ငယ်တို့ကို စောင့်ရှောက်ရန် ချက်ချင်းလက်ငင်း ပုခုံးလွှဲ တာဝန်ယူခဲ့ရပြီး မိဘမဲ့ ဖြစ်ခဲ့သည့် အသက် ၁၁ နှစ်အရွယ် မအေးအေးစိုးနှင့် တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။


ခုပေးတာစား၊ ရှိတာဝတ်တယ်။ ညီမလေးနဲ့ မောင်လေးကို သမီးတတ်နိုင်သမျှ ကာကွယ်ပေးမယ်။

Voice : သမီးနာမည်နဲ့ နေတဲ့ ကျေးရွာ နာမည်လေး ပြောပါဦး။

AAS : သမီးနာမည်က အေးအေးစိုးပါ။ လပွတ္တာမြို့နယ်နဲ့ အတော်ကြီးဝေးတဲ့ ပန်းငြိမ်းကျေးရွာ တာထိပ်မှာနေပါတယ်။

V : မိသားစု ဘယ်နှယောက်ရှိလဲ။

AAS : ခြောက်ယောက်။ သုံးယောက်ရှင်တယ်။ အဖေရယ်၊ အမေရယ်၊ ၁၀ နှစ်မောင်လေးရယ် မုန်တိုင်းထဲမှာ သေသွားတာ။ အဖေ့အလောင်းပဲ ပြန်တွေ့တယ်။ ဆွေမျိုးတွေလည်း အားလုံးသေကုန်တယ်။

V : အသက်ရှင်နေတဲ့ မောင်လေးနဲ့ ညီမလေးရဲ့ အသက်နဲ့ နာမည် ပြောပြပေးပါဦး။

AAS : ညီမလေးက အေးမြမွန်၊ ၆ နှစ်ရှိပြီ။ မောင်လေးက ရဲထက်ကျော်၊ ၃ နှစ်ပါ။

V : သမီးကျောင်းတက်လား။

AAS : မတက်ဘူး။ သမီးအောက်က ၁၀ နှစ်မောင်လေးက ကျောင်းတက်တယ်။ သမီးက အမေကောက်စိုက်ရင် မောင်လေးထိန်းပေးရတယ်။

V : မုန်တိုင်းတိုက်တဲ့ နေ့က ဖြစ်စဉ် သမီးသိသလောက် ပြောပြပါလား။

AAS : အဲဒီနေ့က သမီးတို့ မောင်နှမ လေးယောက်ရယ်၊ အမေရယ် အိမ်မှာ ရှိနေတယ်။ မုန်တိုင်းမတိုက်ခင် အမေက အဖေ့ဆီ ဆန်သွားယူတာ။ အမေလည်း ပြန်ရောက်ရော မုန်တိုက်းတိုက်တာပဲ။ လေမုန်တိုင်းကြောင့် သမီးတို့ အိမ်ကြီးပြိုသွားရော။ ပြိုလည်းပြိုရော အမေက အဖေ့ကို သွားခေါ်မယ်ဆိုပြီး သမီးတို့ကို ထားခဲ့တာ။ သူများအိမ်က အဒေါ်ကြီးတွေ အိမ်ပြိုတော့ ပြေးကြတာလည်းမြင်ရော သမီးတို့မောင်နှမလေးယောက်လည်း ထွက်ပြေးကြတယ်။ သမီးမောင်လေးကို လူကြီးတစ်ယောက်က တံတားမကျိုးဘူးဆိုပြီး ညာခေါ်သွားတာ သေသွားတယ်။ မိုးချုပ်လေ ရေက တက်လာလေပဲ။ သမီးတို့လည်း မပြေးတတ်တော့ဘူး။ သစ်ပင်ပေါ်တက်တာ ဘယ်လိုမှ တက်လို့မရဘူး။ နောက်ဆုံး သမီးတို့ ရေထဲမှာ မြုပ်လိုက် ပေါ်လိုက်နဲ့၊ ပန်းငြိမ်းက ဦးကြီးတစ်ယောက်က သမီးတို့ကို ကုန်းပေါ်တင်ပေးတာ။ တင်ပေးပြီး သူ့ကို လှိုင်းက ရိုက်ချသွားတာ ရေထဲက ပြန်ပေါ်မလာတော့ဘူး။ မိုးလင်းမှ အလောင်းတွေ့တာ။

V : သမီးတို့သုံးယောက် အတူတူပြေးတာလား။

AAS :ဟုတ်တယ်။ သမီးတို့သုံးယောက် မခွဲဘူး။ သမီးမောင်လေးကို သမီးပိုက်ပြီး လက်တစ်ဖက်က ညီမလေးကို ကိုင်ထားတာ။ သမီးလက် မလွှတ်ဘူး။ သေသေရှင်ရှင်ဆိုပြီး ကိုင်ပြီးပြေးတာ။

V : ကယ်ဆယ်ရေးစခန်းမှာ ပန်းငြိမ်းကလူတွေ တွေ့လား။

AAS : တွေ့တယ်။ ပန်းငြိမ်းက တစ်ရွာလုံးပါသွားတာ။ လူရာကျော်ရှိတာ ၁၂ ယောက်ပဲ ရှင်တယ်။ ၁၂ ယောက်ထဲမှာ မိန်းမက သမီးတို့နဲ့ဆို သုံးယောက်ပဲ အသက်ရှင်တယ်။ ကလေးထဲမှာလည်း သမီးတို့ သုံးယောက်ပဲ အသက်ရှင်တာ။ ပန်းငြိမ်းက ဆွေမျိုးတွေ အားလုံးသေတယ်။

V : ကယ်ဆယ်ရေး စခန်းရောက်ပြီး သမီးတို့ကို ဘာတွေ ဝေပေးလဲ။

AAS : ဆန်ဝေတယ်။ သမီးမှာ ချက်စရာ အိုးမရှိလို့ မယူဘူး။ ဆန်ပြုတ်ဝေရင်တော့ သွားတောင်းပြီး သမီးတို့ မျှစားတယ်။ သမီးက ၅၀၀၊ သမီးညီမလေးနဲ့ မောင်လေးက တစ်ယောက် ၂၅၀ နဲ့ တစ်နေ့တစ်ထောင်ရတယ်။ ရတာ မကြာသေးဘူး။ သမီးမောင်လေးကို ပိုက်ဆံရှိရင် မုန့်ဝယ်ကျွေးတယ်။ ထမင်းနေ့တိုင်း စားရပါတယ်။

V : မောင်လေးကို ဆေးခန်းလာပြတာလား။

AAS : ဟုတ်တယ်ရှင့်။ မောင်လေး နေမကောင်းလို့ ဆရာမလာပြတာ။ ဆရာမပေးတဲ့ ဓာတ်ဆားရေတောင် မကုန်သေးဘူး၊ မနေ့ညကမှ စဖြစ်တာ။ တစ်ချိန်လုံး အန်နေတာ။ မနက်ကျတော့ မောင်လေးက မုန်ဆိုင်ကို လက်ညှိုးထိုးပေမယ့် သမီးမှာ ပိုက်ဆံမရှိတော့ ၀ယ် မကျွေးနိုင်ဘူး။ ခုတစ်အား အန်နေလို့ လာပြတာ။

V : သမီး ဘာပြောချင်လဲ။

AAS : သမီးလား၊ မသိဘူး။ ဘာဆက်လုပ်ရမှန်း မသိဘူး။ အဖေ၊ အမေရော ဆွေမျိုးတွေရော သေကုန်ပြီ။ စဉ်းလည်း မစဉ်းစားတတ်ဘူး။ ခုပေးတာစား၊ ရှိတာဝတ်တယ်။ ညီမလေးနဲ့ မောင်လေးကို သမီးတတ်နိုင်သမျှ ကာကွယ်ပေးမယ်။ သမီးတို့ကို ဆရာမက လာခေါ်မယ်တဲ့။ ခု ဆရာမက အင်္ကျီလက်ရှည် ၀မ်းဆက်တစ်စုံရယ်၊ မောင်လေးအတွက် စောင်ရယ် အင်္ကျီင်္ရယ် ၀ယ်ပေးတယ်။ လူကြီးတွေက ပြောတော့ပြောတယ်။ ဒါပေမယ့် သမီး ဘာမှ မလုပ်တတ်ဘူး။

(ဒီအင်တာဗျူးလေးကိုစဖတ်တုန်းကလည်း ငိုရတယ်။ ပို့စ်တင်ဖို့ စာရိုက်တုန်းကလည်း မျက်ရည်ကျရတယ်။ ကျနော်တို့တတ်နိုင်သမျှ ရေရည်အတွက် ကူညီသွားဖို့၊ လှူတဲ့ ကူတဲ့ အရှိန်ကို မလျှော့ကြဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ ။ သင်ကာ)

18 comments:

Tea said...

ခြောက်ယောက်။ သုံးယောက်ရှင်တယ်။ အဖေရယ်၊ အမေရယ်၊ ၁၀ နှစ်မောင်လေးရယ် မုန်တိုင်းထဲမှာ သေသွားတာ။ အဖေ့အလောင်းပဲ ပြန်တွေ့တယ်။ ဆွေမျိုးတွေလည်း အားလုံးသေကုန်တယ်။

စိတ်မကောင်းပါဘူး.. ကိုအသဲပြတိုက်ရေ..:(

My Wonderful Moral Thoughts said...

ဖတ်ပြီး ငိုမိတယ်..,

ကံကောင်းပါစေလို့ ဆုတောင်းပေးရုံ ကလွဲလို့ ဘာမှလုပ်မပေးနိုင်လို့ ရင်ထဲမှာ မကောင်းလိုက်တာရှင်..,

သူတို့လို ကလေးပေါင်းများစွာ ခံစားနေကြရတာ အမြန်လွတ်မြောက်ပြီး အေးချမ်းပါစေ.., ဝဍ်ရှိသမျှ ကျေပါစေ.., ဒီလိုဘေးဒုက္ခမျိုး ဘယ်တော့မှ
ပြန်မခံကြရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်..

^ _^ !_! ^_^
Soe Mya Nandar Thet Lwin

May Moe said...

စိတ်မကောင်းလိုက်တာ။ အမြန်ဆုံး အဆင်ပြေအေးချမ်း ပါစေ။ :(

ကိုတိုးလေး said...

ဖတ်ပြီးတော့ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ကံကောင်းပါစေလို့ ဆုတောင်းပေးရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်လို့ ရင်ထဲမှာမကောင်းပါဘူးဗျာ။ အမြန်ဆုံး အဆင်ပြေပါစေဗျာ။

Apprenticeship said...

sait ma kg bu kyawrr.. a tet shoo chat tal. I wish I could do something for them. :( :( P.S: Nae kg aung nae kg twar bi lar?

Tea said...

ဒီပိုစ့်လေးကို ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ်နှင့် တစ်ဆင့် လခ့်ချိတ်ပေးထားပြီး ဒီကိုညွှန်းထားပါသည်။ ပိုစ့်လေးလည်း အရမ်းကောင်းသလို နှစ်ခြိုက်မိပါသည်။ ဂျာနယ်တွင် မိတ်ဆက်ပေးထားပါသည်။ အစစအရာရာ အဆင်ပြေပါစေဗျာ။
Tea

မောင်မျိုး said...

ပို့ စ်လေးကိုဖတ်ပြီး ကြက်သီးတွေထတယ် ၀မ်းလည်းနည်းတယ် ဘာပြောရမှန်းလဲမသိတော့ဘူး ဒီပုံရိပ်တွေ ဒီအဖြစ်တွေကတော့ ဘယ်တော့မှမေ့မ၇တော့ပါဘူးဗျား(

Republic said...

လာရောက်ထပ်မံဖတ်ရှုသွားပါတယ် ခင်ဗျ

Freshup said...

တော်တော်လေး စိတ်မကောင်းဘူးဗျာ.. ဒါတောင် ဒီကလေးတစ်ရောက်ပဲရှိသေးတယ် ဒါမျိုးတွေ နောက်ထပ်အများကြီးရှိဦးမှာပဲ..
တွေးလေ တွေးလေ စိတ်မကောင်းလေပဲ
ဝေမျှပြီးဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ..

ရွှန်းမီ said...

. . .
စိတ်မကောင်းပါဘူး ..
သူငယ်ချင်းက ပြောပြတယ် . . .
စကားမပြောတော့တဲ့သူ.. အစာမစားတော့တဲ့သူတွေတောင် ရှိတယ်တဲ့ .. သူသွားခဲ့တဲ့ နေရာမှာ ..
စာတောင် မရိုက်ရက်တော့ဘူး . ..

poe said...

စိတ်မကောင်းမိပါဘူး ကိုဟတ်ရေ ဖတ်ရင်းဖတ်ရင်း ငိုမိတယ်။ သူတို့လေးတွေအမြန်ဆုံးအဆင် ပြေပါစေလို့ဆုတောင်းပေးပါတယ်။

မေမိုးမခ

dilo bear said...

hin..really a saddening post.
i believe there are many of such cases..i just pray that help would be given..as for the emotional scar, i hope love will be given..and let wounds heal :D

ညိမ်းညို said...

အကိုရေ ဒီအကြောင်းကို ဒေါက်တာလွဏ်းဆွေဆိမှာရော၊ ကိုသင်ကာဆီမှာရော ဖတ်ရတယ်ဗျ။ ကျနော်တို့တတ်နိုင်သမျှကူညီနိုင်ဖို့ ကြိုးစားကြမယ်ဗျ။ ကိုထိုက်ဆီမှာတော့ ဘာသာပြန်တင်ထားတာတွေ့ရပါတယ်။ ပိုပီး ကျယ်ကျယ်ပြန့်ပြန့်သိနိုင်၊ အကူအညီရနိုင်မယ်ထင်ပါတယ်။ အကိုကိုလင့်ချိတ်ချင်လို့။ခွင့်ပြုပါဦးဗျ။ အဆင်ပြေပါစေခင်ဗျာ :) :)

ရွှေပြည်သူ said...

နေ့လည်ကပဲ မေ့blogမှာဖတ်ပြီး မျက်ရည်ကျရသေးတယ် ကိုအညတရရေ... ဒီလိုအပြစ်မဲ့တဲ့ ကံဆိုးသူလေးတွေ မြောက်မြားစွာရှိတယ် ဆိုတဲ့အသိက ရင်ထဲမှာတော်တော်လေးကို ခံစားရစေပါတယ်။ မုန်တိုင်းရဲ့နောက်ဆက်တွဲနဲ့ ပတ်သက်ပြီး ကျွန်မ မကြာခဏရင်လေးစွာ တွေးမိတဲ့အထဲမှာ ဒီကလေးတွေရဲ့ နောင်ရေး... အထူးသဖြင့် ပညာရေး က ထိပ်ဆုံးကပါပဲ။ အဝေးကနေပြီး ထိရောက်အောင် ဘာလုပ်ပေးနိုင်မလဲဆိုတာ အကြိမ်ကြိမ် တွေးနေမိပါတယ်... ဘာပဲဖြစ်ဖြစ် သတင်းကို မျှဝေပေးတာ ကျေးဇူးပါပဲ ကိုအညတရရေ...

BLACK DREAM said...

ကျွန်တော်တို့ ကိုယ်တတ်နိုင်တဲ့ နေရာကနေ အကောင်းဆုံး ကြိုးစားပြီး အလုပ်နဲ့ သက်သေပြကြတာပေါ့ဗျာ...။

ကျန်းမာရေးလည်း ဂရုစိုက်ပါ အစ်ကိုရေ။ အစ်ကို စီစဉ်ထားတဲ့ကိစ္စ လည်းအောင်မြင် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...။

Coffee said...

နအဖသားသမီး၊သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့..

စိုးထက်က ဗိုလ်ချုပ်သမက် စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီး
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်မာသောသက်သေများပြနိုင်.. စိတ်ဝင်စားလျှင်ဆက် ကွန်မန့်ပွတ်၊ အချိန်ကုန်ခံလာအော်ပေးမည်ဖြစ်၊

ခိုင်လုံတဲ့အထောက်အထား၊ သက်သေတွေရှိပြီးပြောနေတာနော် အဲဒီ ၂ယောက်သတိထား။ တွေ့ရာင်္သချိုင်း ဓါးမဆိုင်းဘူးဟနော် Blog မှာတွေ့လဲဆော်မှာပဲ အပြင်မှာတွေ့လဲ သတ်လို့မရတောင် ရတာနဲ့ဆော်မှာပဲကွာ

Anonymous said...

အားလုံး သိအောင် ပြောတော့မယ်..

စိုးထက်ဆိုတာလဲ ဗိုလ်ချုပ်သမက် ဖြစ်သလို စိုးမြနန္ဒာသက်လွင် ဆိုတာလဲ သူမရဲ့ အဖေရော အမေရော နှစ်ယောက်စလုံးက မြန်မာပြည် TOP 10 ကြီးကြီး MASTER နဲ့ ဆွေမျိုးတော်တဲ့သူတွေပဲ.. သမီးတော်တယောက် တောင်ဖြစ်နိုင်ဖို့များတယ်..

US ကသူမရဲ့ အဖေအမေဆိုတာ လူကြားကောင်းအောင် ဦးလေးတွေ အဒေါ်တွေက နံမည်ခံလဲ ဖြစ်နိုင်တာပဲ... ဒါကြောင့် Blog ကို ပိတ်တာတောင် မလုပ်ပဲ Delete လုပ်သွားတာ နေမှာပေါ့.. စဉ်းစားကြည့်ကြလေ..

ဒါကြောင့် ဒီနှစ်ယောက်ကို အခုလို ဝိုင်းဖဲ့ကြတာကွ... မနန္ဒာနဲ့ သက်ဆိုင်သူက ပိုအရေးပါတဲ့ သူဆိုတော့ သူ့ကိုပိုဖဲ့ကြတာကွ.. သိခြင်ရင် ကွန်မန့် ဆက်ပွတ်..

စိုးမြနန္ဒာသက်လွင် ဘယ်သူဘယ်ဝါနဲ့ ဆွေမျိုးတော်တယ်.. စိုးထက် ဘယ်သူ့သမက် ဖြစ်တယ် စိုးမြနန္ဒာသက်လွင်ဘယ်သူ့ သမီးတော်ဖြစ်နိုင်တယ် ဆိုတာ သိခြင်တဲ့ ကွန်မန့် ၁၀ခုကျော်ရင် ငါဒီမှာ လာထပ်ပြောမယ်.. မနန္ဒာ OXFORD မှာ တက်နေတယ်ဆိုတာ လဲမှန်တယ်.. ငါသူ့ကို အပြင်မှာ ၃ခါ မြင်ဘူးတယ်.. အင်္ဂလန်သံအမတ် ဗိုလ်မှုးချုပ်နေဝင်းနဲ့သူ့မိန်းမ ဆို စိုးမြနန္ဒာသက်လွင်ကို ဖင်မနေရတာ လန်ဒန်မှာအားလုံး မျက်မြင်ကိုယ်တွေ့..

စိုးမြနန္ဒာသက်လွင်က လန်ဒန်မှာ လူကုံထံ၊ လူချမ်းသာတွေ သာနေနိုင်တဲ့ ရပ်ကွက်မှာ Luxury Apartment ကို ပိုင်ပြီးနေတာရော... 2008 ထုတ် ကားအကောင်းစားကို ကိုယ်တိုင်မောင်း နေတာရော... Weekend မှာ Oxford ကလန်ဒန်ကိုပြန်လာရင် မြန်မာသံရုံးကဟာတွေ သူဆီမှာ ထမင်းချက် ကျွန်ခံပေးရတာကော အကုန်သိတယ်... ဒီလောက်ပဲပြောထားအုံးမယ်ကွာ..

အဲဒီတော့ ဘာလို့ ဒီ၂ယောက်ကို ဝိုင်းဖဲ့ကြတယ် ဆိုတာ စာဖတ်သူတို့ သဘောပေါက်။

သိစေခြင်သူ
ခေတ္တ လန်ဒန်

Again: Latest သတင်းချပ်

CSoe Htet is son in law of one of the Top General Rulars in Burma., စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီးဖြစ်...
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အရည်အချင်းမှီ၍ OXFORD တက်ခွင့် 2004 တွင်ရ၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ.. အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်လုံတဲ့အထောက်အထား၊ ခိုင်မာသော သက်သေများပြနိုင်၊

အင်္ဂလန်သံအမတ် ဗိုလ်မှုးချုပ်နေဝင်းနဲ့သူ့မိန်းမမှ စိုးမြနန္ဒာသက်လွင်ကို ဖင်မနေရတဲ့ ဓါတ်ပုံများ၊ မြန်မာသံရုံးကဟာတွေ သူမအား သံရုံးမှ လုပ်သော ပွဲများတွင်၎င်း.. သူမဆီမှာ ထမင်းချက် ကျွန်ခံပေးရတဲ့ ဓါတ်ပုံများ၊ မကြာခင်သံရုံးမှ လုပ်မည့်ပွဲများတွင် လည်ကောင်းတို့ တွေ့ဆုံကြပြီး စီးဇိမ် ရစ်မူးပျော်ပါးကြမည့် အခါရိုက်မယ့် ဓါတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများအား မကြာခင် ဘလော့တခု တည်ဆောက်၍ စိတ်ဝင်စားသည့် ပြည်သူများအား ပြသမည်ဖြစ်ပါကုန်.. မျှော် ဒူဝေဝေဝေ

နအဖသားသမီး သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့

Heartmuseum said...

Coffee! First warning!
Don't write anymore.
I don't care whoever they are but I care who did their best for my lovely land,Myanmar.If u did ur best for my country, I will pay respect to u. If u didn't, I want to say u,barking dog.