မင်းတော့မသိ ငါတော့
အတိတ်ကို သင်ခန်းစာယူ
အနာဂတ်အတွက် ပြင်ဆင်
ပစ္စုပ္ပန်မှာ ဘာလုပ်နေမှန်းကို မသိတော့ဘူး။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ပဋိပက္ခဖြစ်
ဘ၀နဲ့ဆန္ဒ ၀ိရောဓိတွေကြား
အသက်(၃၅) နှစ်ပြည့်တော့မယ်။
ထူးအိမ်သင် သီချင်းလေးဆိုပြီး
ရူးရူးမိုက်မိုက် ရိုးသားဖို့ကြိုးစားဆဲ
အချစ်ကို ကိုးကွယ်ဆဲ
အတွေးနဲ့ လက်တွေ့ကို
ဇွတ်ဆွဲညှိ အနာဂတ်ကိုပုံဖော်
တက်မရှိ လက်နဲ့လှော်
အခုလှေပါမရှိလို့ လက်ပစ်ကူးနေတယ်။
လက်ပန်း မကျသ၍ပေါ့။
***ထုံစံအတိုင်း မရွှန်းမှီရဲ့ အချိန်နှင့်အမျှ ကို ညွှန်းပါတယ်။
12 comments:
လက်ပန်းတော့မကျဘူး ခြေထောက်တွေတော့ နာနေပြီးး ဒီမှာပဲ နားလိုက်ရကောင်းမလားလို့  မဖြစ်သေးပါဘူးး ဒါနဲ့  (၃၅) နှစ်က ဘယ်သူပြည့်မှာလဲ တော်တော် အိုနေပြီပဲ :)
အစ်ကိုရေ
ကောင်း၏ :)
လက်ပန်းမကျမချင်းပေါ့ အစ်ကိုရယ်.....
:O
Happy belate birthday Heart.. Cbox ka bae yawk twar le? have a good day.
လက်ပန်းမကျသရွေ့ကူးနေရအုံးမယ်......
အားပေးနေမယ့်လူတွေတော့ရှိနေမှာပါအစ်ကိုရေ.....
:D
ကို HEART ကြီးးးးးးး ဆီပုံး တွေ့ဘူးကော.......
table no.4 မှာချိန်းပွဲရှိတယ်....ဟီးးးးးးးး
How can I contact u Mr. Heart museum?
မင်္ဂလာပါ ကိုဟ ။ နေကောင်းပါစ... အော်စရာနေရာမရှိတော့။ တွေ့တဲ့ ပို့စ်အောက်မှာပဲ ပွတ်ထားရစ်တယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...
:-)
ခုမှ ၀ိရောဓိ ကို သေချာ ကြည့်မိတယ်.. ။ (၀န်ခံတာ)
အားမလျှော့နဲ့ .. အားပေးနေပါတယ် ..
အစစ အဆင်ပြေပါစေ ..
Cheers!
မင်္ဂလာပါ ကိုဟ။ နေကောင်းသလား ဗျို့.. စာမလာ သတင်းမကြား ဘာတွေ လုပ်နေသလဲ၊ ပြောင်းလဲသွားတာတော့ အမှန်ပဲ။ အင်းလေ ဘာပဲဖြစ်ဖြစ်ပေါ့။ သတိရလို့ လာလည်သွားပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...
Post a Comment