အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Thursday, June 19, 2008

^-^မှတ်ကျောက် ^-^


မမျှော်လင့်ပဲ တွေ့ခဲ့တယ်
မမြင်နိုင်ပဲ ဆုံခဲ့တယ်
ပျော်ရွှင်ခြင်း ဆိုတဲ့ ရွာလေးတရွာမှာပေါ့။....
အမြင်တွေ ဖလှယ်ရင်း
အတွေးချင်းတူလို့
ရင်ခုန်သံတွေနီးခဲ့တယ်။
ပစ္စုပ္ပန်ကို ခံစားရင်း
အတိတ်ကအကြောင်းတွေ ပြောမိတယ်။
ဒီလိုနဲ့ပဲ အနာဂတ်ကို တည်ဆောက်ဖို့
မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တယ်။
တနေ့မှာပေါ့
ယုတ်မာတဲ့ လေနီကြမ်းတွေ
မညှာမတာတိုက်လို့
ညစ်ညမ်းခြင်း မိုးတွေရွာခဲ့တယ်။
မခိုင့်တခိုင်နဲ့ သံယောဇဉ်ကြိုး
ဇွတ်တိုးလို့ဖြတ်မယ်ကြံလည်း
ရင်ထဲက ရိုးသားမှုဆိုတဲ့ ဆက်ထုံးတွေနဲ့ မြဲခဲ့တယ်။


ရှိပါစေတော့ ဒါဘ၀ပဲလေ
မြင့်တာလဲကြုံရမယ်
နိမ့်တာလဲတွေ့ရမယ်
ပန်းခင်းလမ်းလဲ ရှိမယ်။
ခရောင်းလမ်းလဲ ဖြတ်ရမယ်။
တခါတလေလဲ
နေရိပ်လာတာကို နေပူထဲကစောင့်ရမယ်။
ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့
သန်းခေါင်ယံထက် ညဥ့်မနက်ဘူး။
အဆွေခင်ပွန်းကောင်း တွေ့ဖို့
မိတ်ဆွေစစ်မစစ် မှတ်ကျောက်တင်ဖို့
တခါတလေ ဘ၀မှာ နိမ့်ပါးဖို့လိုအပ်တယ်။
အဖော်မရှိရင် ဒီကိုလာ
ဖန်ခွက်ထဲမှာ ရေတ၀က်ရှိတယ်။

*** မေမိုးရဲ့အကောင်းမြင်ခြင်း အနုပညာကိုဖတ်ပြီး သဘောခြင်းညီလို့ ဒီကဗျာလေး ရေးပါတယ်။***

23 comments:

Anonymous said...

မမျှော်လင့်ပဲ တွေ့ခဲ့တယ်
မမြင်နိုင်ပဲ ဆုံခဲ့တယ်
ပျော်ရွှင်ခြင်း ဆိုတဲ့ ရွာလေးတရွာမှာပေါ့။....
အမြင်တွေ ဖလှယ်ရင်း
အတွေးချင်းတူလို့
ရင်ခုန်သံတွေနီးခဲ့တယ်။

တနေ့မှာပေါ့
ယုတ်မာတဲ့ လေနီကြမ်းတွေ
မညှာမတာတိုက်လို့
ညစ်ညမ်းခြင်း မိုးတွေရွာခဲ့တယ်။
မခိုင့်တခိုင်နဲ့ သံယောဇဉ်ကြိုး
ဇွတ်တိုးလို့ဖြတ်မယ်ကြံလည်း
ရင်ထဲက ရိုးသားမှုဆိုတဲ့ ဆက်ထုံးတွေနဲ့ မြဲခဲ့တယ်။

Very meaningful indeed. I love all the words you used here. My spirit is with you as always............ :))

Superb!!

!_! ^ _ ^ !_!

Republic said...

“အဆွေခင်ပွန်းကောင်း တွေ့ဖို့
မိတ်ဆွေစစ်မစစ် မှတ်ကျောက်တင်ဖို့
တခါတလေ ဘ၀မှာ နိမ့်ပါးဖို့လိုအပ်တယ်”
ဒီစာလုံးတွေကြိုက်တယ် ၊၊
လာပြီ.. ရေတစ်ဝက်ကို ရှယ်သောက်ကြတာပေါ့ ၊၊ :)

win zaw said...

ကဗျာကောင်းတစ်ပုဒ် ဖတ်ရတဲ့အတွက်
ကြည်နူးရပါတယ်...
ကဗျာပါ စာသားတွေကတော့
ပစ္စုပ္ပန်နဲ့ ကိုက်ညီတယ်...
အကောင်းကြိုက်သူများ
ဒီမှာပဲဆုံကြတာပေါ့။

May Moe said...

"မိတ်ဆွေစစ်မစစ် မှတ်ကျောက်တင်ဖို့
တခါတလေ ဘ၀မှာ နိမ့်ပါးဖို့လိုအပ်တယ်။"
တကယ်ကောင်းတဲ့ ကဗျာလေးပါပဲ။ ဒါနဲ့ စကားမစပ် ဖန်ခွက်ထဲက ရေ(PH7) ဆိုတာသေချာပါတယ်နော် ဟီးဟီး :P

မောင်မျိုး said...

မမျှော့်လင့်ပဲ တွေ့ ဆုံခဲ့တယ်
ခင်မင်းမှု သံယောဇဉ်တွေက ခိုင်းမာ
ပြောနေကြ စကားတွေက ဟန်ဆောင်မှုကင်းပြီး ညီအစ်ကိုရင်းတစ်မဗ ပျော်လည်း အတူတူ ၀မ်းနည်းလည်း အတူတူပေါ့ နောက်လည်း အဖော်မရှိပေမယ့် ဖန်ခွက်ထဲက ရေတစ်ဝက် ဝေသောက်ကြတာပေါ့ ။

P-S= သူများကဗျာတွေ စာတွေဖတ်ပြီးရင် အတွေးတွေနဲ့  ပို့ စ်တစ်ပုဒ်ဖြစ်ဖြစ်သွားတာ တယ်ကောင်းပါလား ကျနော် ရေးတာတွေကျ တစ်ပုဒ်မှမဖြစ်ဘူးလားဗျ လုပ်စမ်းပါအုံး မောင်ကြွက်ကိုက် ရယ်း)

ရွှန်းမီ said...

အဖော်မရှိရင် ဒီကိုလာ
ဖန်ခွက်ထဲမှာ ရေတ၀က်ရှိတယ်။
===================
မိုက်တယ်..
သင်္ချာသဘောအရ ဖျော်ရည်တစ်ဝက် ထပ်ဖြည့်ရင် ဖျော်ရည်တစ်ခွက် ဖြစ်သွားမယ် ..
:-)

eitar said...

နေရိပ်လာတာကို နေပူထဲကစောင့်ရမယ်။
ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့
သန်းခေါင်ယံထက် ညဥ့်မနက်ဘူး။
အဆွေခင်ပွန်းကောင်း တွေ့ဖို့
မိတ်ဆွေစစ်မစစ် မှတ်ကျောက်တင်ဖို့
တခါတလေ ဘ၀မှာ နိမ့်ပါးဖို့လိုအပ်တယ်။

မိုက်တယ်ဝေး...bro တို့ ကတော့
ဖန်ခွက်ထဲမှာရေတော့ဟုတ်ပါတယ်နော်...
ရေနွေးကြမ်းတွေပါတွေဖြစ်နေမှာဆိုးလို့ ပါ...ဟီဟီ

wynn.sun said...

ဟုတ်တယ်.. ဖန်ခွက်ထဲမှာ ရေတ၀က်တောင် ရှိတာပဲ..

အိုင်လွယ်ပန် said...

ကောင်းလှချည်လားဗျာ.....
မောမောနဲ့ သောက်သွားတယ်ဗျ....
ရေချည်းပဲဆိုတော့ သိပ်တော့မနိပ်ဘူး...ဟဲ..ဟဲ..

စိုးထက် - Soe Htet ! said...

:D အရမ်း ကို ကျေးဇူးတင် ၀မ်းမြောက်ပါကြောင်းးးး :)

Apprenticeship said...

A yan kg nae bar lar heart gyi.. Dote si mar le half shi tal :P

ကိုတိုးလေး said...

မမျှော်လင့်ပဲတွေ့ခဲ့တယ်
မမြင်နိုင်ပဲဆုံခဲ့တယ် ပျော်ရွှင်ခြင်းဆိုတဲ့ရွှာလေးတစ်ရွှာမှာလေ အဲဒီရွှာလေး ကတစ်ကယ့်ကို မောင်နှစ်မအရင်းတွေလို ညီအစ်ကိုတွေလိုခင်မင်တဲ့ရွာလေးမှာလာနေရတာ ပျော်ရွှင်စရာကောင်းပါတယ်ဗျာ။ နောက်နောင်လည်းဆက်လက်ရေးသားနိုင်ပါစေဗျာ။

nyiyekhaung said...

ကြိုက်တယ်ဗျာ ရေတဝက်သောက်သွားတယ်ဗျာ

dilo bear said...

no1 is an island..we all need someone..at sometimes in our lives!
:d lovely poem..good inspiration!!! wee...

NatShinNaung said...

ငါ့အကို ကဗျာလည်းရတာပဲ.. မိုက်တယ်ဝေ့ :D

ပန်းခရမ်းပြာ said...

ပျော်ရွှင်ခြင်း ဆိုတဲ့ ရွာလေးမှာ ပျော်ရွှင်စွာနေနှိုင်ပါစေ။

honey said...

တ၀က်များတယ် နည်းနည်ပြန်လျှော့
လက်တလုံးဆိုရပြီ အတော်ပဲ
;)

ပါဂနာ said...

အလယ့်. "Heart" ကြီး တယ်ဟုတ်.

“လူ့ လဲ.“ဝ” အီနုပီညာ. မြီလာ စိလယ်ပေါ့”

ပုံ
(အီကောင်း) :P :lol::: ^_*:::lol

ကဗျာ လေးကောင်းပါတယ်.Bro..Keep on =>

Heartmuseum said...

ဖန်ခွက်ထဲက ရေတ၀က်ကို မျှသောက်မဲ့သူ အညတရ အပါအ၀င် ၁၉ယောက် ရှိတယ်။ တယောက်တစက်စီ ရမယ်။ ဟီးးးးးးးးးးးး ဟီးးးးးးးးးးး

မျှားပြာ said...

ကျွန်တော် တစ်စက်သောက်သွားတယ် ...။

BLACK DREAM said...

အဖော်မရှိရင် ဒီကိုလာ
ဖန်ခွက်ထဲမှာ ရေတ၀က်ရှိတယ်။ What a great creative thinking....! Keep it up :)

ဝေလေး said...

အဆွေခင်ပွန်းကောင်း တွေ့ဖို့
မိတ်ဆွေစစ်မစစ် မှတ်ကျောက်တင်ဖို့
တခါတလေ ဘ၀မှာ နိမ့်ပါးဖို့လိုအပ်တယ်။
အဖော်မရှိရင် ဒီကိုလာ
ဖန်ခွက်ထဲမှာ ရေတ၀က်ရှိတယ်။

good.....:)..
ရေတစ်ဝက်မရတော့ဘူးလား.....
ဒါဆိုတစ်စက်ပဲသောက်သွားမယ်နော်.......ရတယ်ဟုတ်..:P
ကောင်းတဲ့အတွေးလေးပဲ.......

လူလ said...

မင်္ဂလာပါ ကိုဟ၊ ဒီလို့ပဲလေ ကိုယ်အစွမ်းနဲ့မဟုတ်ဘူး ပျင်းလို့... အနားမှာ ဆရာတွေ ရှိတယ်၊ အကူအညီတောင်းရင် အားလုံးအဆင်ပြေတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...
လူလ