အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, June 21, 2008

~!~ကြယ်တွေခေါ်ဆောင်ရာ နောက်ဆီသို့သာ~!~

ငါရေမြေရပ်ခြား စွန့်စားသွားမယ်ဆိုတော့
မင်းငိုယိုပြီး တားခဲ့တယ်နော်....
ချမ်းချမ်းသာသာ အဆင်ပြေနေရဲ့သားနဲ့
"ကိုရယ် မသွားပါနဲ့" "သူတို့ ကွဲအောင် ခွဲလိမ့်မယ်"တဲ့
ငါကတော့ ငါ့အရည်အချင်းကိုငါယုံ
ငါတို့မပြောင်းလဲပေမယ့်
ပတ်ဝန်းကျင်ပြောင်းတတ်တာကို ဂရုမစိုက်
နိုင်ငံတကာအတွေး
ငါလေ့လာချင်သေးတယ် အကြောင်းပြ
မင်းသဘောမတူတဲ့ ကြားက
ဝေးမြေခြားကို ထွက်ခဲ့တယ်။
ငါပြောသမျှ ဘယ်တော့မှမငြင်းတတ်တဲ့မင်း
မတတ်သာတဲ့အဆုံး မျက်ရည်တွေနဲ့ ပြုံး
"ကိုရေ မြန်မြန် ပြန်ခဲ့ပါ"တဲ့လေ........

ငါသွားမယ့်နေ့ ရထားပေါ်ကို
တက်မယ်အလုပ် ငါ့လက်ကိုဆွဲ
ဖွက်ထားတဲ့ အထုပ်ထဲက
အလုပ်များတဲ့ကြား
ပင်ပင်ပန်းပန်း
တကုပ်ကုပ်နဲ့ မအိပ်မနေလုပ်
ဖန်ဘူးလေးနဲ့ မြတ်မြတ်နိုးနိုးထုပ်
ဒီကြယ်ရုပ်လေး 1500
ကိုယ်နဲ့မကွာယူသွားပါတဲ့လေ။
အံ့သြမှုနဲ့ဆွံ့အ ငါမျက်ရည်ကျခဲ့ရတယ်။


ဥသြသံနဲ့ သတိပေး
ငါ့ရထားလေးထွက်တော့ မြေပြင်ပေါ်မှာ
မှောက်လျှက်လဲတဲ့အထိ မင်းငိုရင်း
ပြေးလိုက်ခဲ့တယ်လေ။
အခုထက်ထိသတိရ
မနေ့ကအတိုင်းပဲ မီးရယ်......
မင်းနဲ့ ဘယ်လိုမှမဆုံနိုင်တဲ့လမ်း
ငါလျှောက်လှမ်းနေမှန်းသိရင်
ဒီခရီး ငါဘယ်သွားပါ့မလဲကွယ်။
အခုတော့...အခုတော့....
ငါအလွမ်းတွေနဲ့ သတိရနေတယ်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးစက္ကန့်အထိ
ငါ့အပေါ် သစ္စာရှိစွာစောင့်စားခဲ့တာ
ကျေးဇူးပါ။........
ငါကတော့ ငါကတော့.........
*** ရွှန်းမှီရဲ့ အမောပြေ ကိုကြည့်ရင်း ***
***ကဗျာလဲမဟုတ်ပါ။စာလည်း မဟုတ်ပါ။ အကြမ်းရေးထားပေမယ့် အချောကိုင်ဖို့လည်း အင်အား မရှိတော့ပါ။ ဖတ်ချင်သလိုဖတ်ပြီး နားလည်ချင်သလို နားလည်လိုက်ကြပါ။ ဘာမှန်းမသိတဲ့စာကို ဘာမှန်းမသိပဲ ဆုံးအောင်ဖတ်သွားတာ ကျေးဇူးပါဗျာ။ ***

21 comments:

ကိုရင်နော်ခင်လေးငယ် said...

ဖတ်လို့ကောင်းပါတယ်.. များများရေးနော်.. လာအားပေးမယ်..

pmmw said...

အချစ်ဆိုသည်မှာ..

စပ်မိစပ်ရာ said...

မိုက်တယ်ဗျာ ထိတယ် :)

ရွှန်းမီ said...

ကြယ်တွေ .. .
၁၅၀၀ ပြည့်မပြည့် သေချာထိုင်ရေမိသေးလား? ?

မိုးမြင့်တိမ် said...

ပြတိုက်ပိုင်ရှင်ကြီး လုပ်လှချည်လား ဖတ်ရင်းနဲ့ မျက်ရည်တောင်ဝဲတယ်

Heartmuseum said...

ရွှန်းရေ သူက ဘယ်နှစ်ခုလဲ မပြောဘူးဟ။ ငါက ကိုယ့်ဖာသာကိုယ် ရေကြည့်ထားတာ။ ဖတ်လို့မကောင်းတဲ့ စာကို comment လာရေးကြတဲ့ ကိုရင်နော်ခင်လေးငယ်၊ pmmw ၊ စပ်မိစပ်ရာ၊ ကိုမိုးမြင့်တိမ်ရေ ကျေးဇူးတင်တယ်ဗျာ။

honey said...

သြော်
သိုင်းသမားရွှန်းမီခေါက်နေတဲ့ကြယ်တွေက ဂလိုကိုး
သိပေါင်ကွယ် သူတို့ခေတ်ကလဲ ရှုပ်ပါပေ့ ;)

ဖတ်ရတာ စိတ်မကောင်းဘူး ပြတိုက်ရေ ၁၀၀နဲ့ဖြေပါ
သိပ်စိတ်ထီးခိုက်နေရင်လည်း စိတ်မနဲ့နေပေါ့
:P

ကြိုးကြာတွေတော့ခေါက်ဖူးပါရဲ့ ၇ကောင်နဲ့မျက်လုံးတွေဝါးလာလို့ ရပ်လိုက်ရတယ် အဲလိုကြယ်ခေါက်ပြီး ဆုတောင်းပေးရမယ်ဆိုရင်တော့ ဘယ်မှမသွားရအောင် တားထားမယ် မရရင်ကြိုးတုပ်ထားမယ် :D ၁၅၀၀တော့ မခေါက်နိုင်ဘူး

ဒီမှာ ပြိုင်ပွဲရှိတဲ့ကြားက စိတ်ပြေလက်ပျောက်ဖြစ်ပါစေတောပလို့ လာရေးပေးတာနော်
ဘာမှန်းတော့ နည်းနည်းသိပါတယ် ဆုံးအောင်လဲဖတ်သွားတယ် ကျေးဇူးတင်နော် :D

ပေဖူးလွှာ said...

ကြယ်တွေကြည့်ပြီး heartထိ သွားပြီ။ :(

မောင်မျိုး said...

ထိတယ်ဗျာ ကိုးပေါက်တဲ့ ဟီး ကိုပြတိုက် ဒါက ဖြစ်ရပ်မှန်ဟုတ် ကောင်းတယ်ဗျ ဒီလိုကဗျာမျိုးမှ နှလုံးသားပြတိုက်ဆိုတဲ့ နာမည်နဲ့  လိုက်တာ လုပ်စမ်းပါဦး ဒီလိုကဗျာလေးတွေး)

ကြယ်စင်နတ်သမီး said...

သူများရဲ့ကြယ်လေးတွေပျောက်လို့ လိုက်ရှာနေတာ... အခုမှ ဒီကိုရောက်နေမှန်းသိတယ်... ကောင်းကင်ပေါ်မှာ ပြန်ထားပေးနော်...း)

May Moe said...

ဒီကဗျာလေး ဖတ်ရတာ တကယ် Heart ထိသွားပါတယ်။ အဆင်ပြေပါစေ ။ :(

wynn.sun said...

မင်းနဲ့ ဘယ်လိုမှမဆုံနိုင်တဲ့လမ်းတဲ့လားဗျာ.. ကြေကွဲစရာကြီး..

Apprenticeship said...

Sniff sniff... What happened to her? Take it easy heart gyi.. :P

ဟန်သစ်ငြိမ် said...

Very Good!

I like it...!

Htwe said...

excellent!!!
အဆင်ပြေပါစေ
maymoemaka

mabaydar said...

ကိုအညတရရေ...ကဗျာလေးကိုခံစားပြီးဖတ်သွားတယ်..ရင်တွင်းဖြစ်တွေဆိုတော့ heart ထိပါတယ်..မေ့မေ့ပျောက်ပျောက်ဖြစ်အောင်စနောက်သွားခြင်ပေမဲ့..ပျက်ရယ်ပြုတယ်လို့ထင်မှာဆိုးလို့..ခံစားရသလိုပဲကွန်မန့်ရေးသွားတော့မယ်နော်..တတ်နိုင်ရင်တော့အဲဒါတွေကိုမစဉ်းစားစေချင်ဘူး..မဗေဒါလဲရင်ထဲမှာရေးချင်တာတွေရှိပေမဲ့...ပိုစ့်ရေးတိုင်းငိုရမှာဆိုးလို့မရေးတော့ဘူး..တတ်နိုင်ရင်တခြားအကြောင်းပဲရေးတယ်..တခြားအကြောင်းပဲပြောင်းပြီးစဉ်းစားတယ်..ဖူးစာဆိုတာလုပ်ယူလို့မှမရတာ..ခုဘာမှပြန်ပြင်လို့မရမဲ့တူတူ..မေ့နိုင်အောင်ပဲကြိုးစားစေချင်တယ်..ကိုအညတရနဲ့အတူ..ထပ်တူတပ်မျှဝမ်းနည်းခံစားသွားတယ်နော်...

eitar said...

ငိုချင်လာပြီ အဟင့် .....ကြယ်က ၁၅၀၀ေ
ရာ သေချာရဲ့ လား.....:(

Heartmuseum said...

ဒေါ်ပျားရည် ဘာမှန်းသိလဲ ပြီးရော ဆုံးအောင် ဖတ်သွားတာကိုတော့ ကျေးဇူးတင်တယ်။ မောင်မျိုး၊ မေမိုးမခ နဲ့ ဟန်သစ်က ကောင်းတယ်တဲ့။ တော်သေးတာပေါ့ ခံပေါ့ နည်းတောင်နည်းသေးတယ် လို့မပြောတာ... ဟီးးး ဟီးးးးး ကိုဝင်းဆန်း၊ မေမိုး၊ ပေဖူးလွှာနဲ့ မဗေဒါ Heart ထိသွားတယ်ဆိုလို့ Sorry! နော်။ Sniff sniff... AP, R U SNEEZING? Hee! Hee! ကြယ်စင်ရေ ယူ့ ကြယ်တွေကို လက်သွက်သွက်နဲ့ ရွှန်းမှီ ၀ိုက်သွားတာဟ.... သားသားမပါဘူး...။ ဒေါ်အိတာ သေသေချာချာ ရေထားပါတယ်ဆို သူက ထပ်ကျစ်နေပြန်ပြီ။

BLACK DREAM said...

အရာရာတိုင်းကို လိုက်ပြီး အဓိပ္ပါယ်ဖွင့်နေစရာမလိုပါဘူး အစ်ကိုရာ...။ သေချာတာတစ်ခုကတော့ ဒီစကားလုံးတွေထဲမှာ အလွမ်းရင့်ရောင် ခံစားချက်တွေကို နာနာကြင်ကြင် စုတ်ချက်တွေနဲ့ ရေးထားတာကိုတော့ အသေအချာတွေ့လိုက်မိတယ်ဗျာ....။

ဝေလေး said...

အစ်ကိုရေ.....အကြမ်းပဲရေးပေလို့နော်..
အချောသာရေးထားတာဆိုရင်ထိုင်ငိုနေရမယ်...
:D
အရမ်းမိုက်တယ်..ဝမ်းနည်းသွားပြီ......ဟင့်
တစ်ကယ်ပြောတာနော်....လှောင်တယ်မထင်နဲ့...

99 said...

အကြမ်းဆိုပေမယ့် ..
တော်တော် ချောပါတယ်ကွ ..
ကဗျာကို ပြောတာနော် .. ဟားဟား ..
တကယ် ကောင်းပါတယ် ..။