အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Sunday, June 15, 2008

*****လမ်းပြကြယ်*****

ကြယ်တွေ မှုန်သွားတယ်
တမိုးသစ်ပြန်တယ်....
နေ့သစ်ပေါင်းများစွာကို
စိတ်ဓာတ်ဟောင်းနဲ့ ချီတက်မိတယ်။
မမေ့နိုင်တဲ့ အတိတ်စွဲ ဝေဒနာ
မဖျောက်နိုင်တဲ့ အကျင့်ဆိုးကြောင့်
မကျက်နိုင်တဲ့ ဒဏ်ရာဟောင်း
မပျောက်တာလဲ မပြောနဲ့
သတိရခြင်းတွေနဲ့ ခဏခဏ ဆွမိတယ်။
ဒီလိုနဲ့ပဲ ........
ငါ့ဘ၀ တခုလုံး အမှောင်ဖုံး
အနာဂတ် ဆိုတာလဲ ပျောက်ဆုံး
တခါတခါ အိမ်မက်တွေနဲ့ သတိရ
တခါတခါ အိပ်မပျော်ခြင်းတွေနဲ့ တမ်းတ


ခဏလေး မြင်ရဖို့
အလင်းနှစ် သန်းပေါင်းများစွာ
စောင့်စားခဲ့ရတဲ့
ဟိုတချိန်က လမ်းပြကြယ်လေးရယ်........
ဘယ်သူ့ အနားမှာ လင်းနေသလဲကွယ်။
် ငါကတော့ .......
ပြန်ဆုံပါရစေဆိုတဲ့ ဆုတောင်းလေးနဲ့
ဘယ်လောက်ကြာကြာ ဘာတွေဖြစ်ဖြစ်
ရက်ကိုလစား နှစ်ခြစားလည်း
အလွမ်းတွေနဲ့ စောင့်နေမယ်။
မင်းပျော်ရာမှာလင်းပါ
ကလေးရယ်...ကျေနပ်တယ်........

***ရွှန်းမှီရဲ့ ဒီကဗျာလေးကိုဖတ်ပြီး အတွေးနယ်ချဲ့ ခံစားမိပါတယ်။***

17 comments:

honey said...

Great!!!
very nice :)

မောင်မျိုး said...

ရောဂါ ပြန်ထနေပြီလား ကောင်ကလေး အခုရက်ပိုင်း ပို့ စ်တင်ကျဲနေတာ ဒါကြောင့်ကို ဘာပဲဖြစ်ဖြစ် ထပ်တူ ခံစားပေးသွားပါတယ်ဗျာ စောင့်စားမှုတွေ အမြန် ဝေးကွာနိုင်ပါစေလို့  ။

မင်းမချစ်လို့ သေနိုင်တယ်
ခလေးရယ် ( သီချင်းဆိုကြည့်တာ :P )

Apprenticeship said...

inn hpyit ya mae Heart Museum. :P Chit tat dar soe tal naw... A sin pyae bar zae :) :)

nyiyekhaung said...

အိုး ကလေးရယ် ဘာကြောင့်မင်းနဲ့ တွေ့မှငါအသည်းတွေ
ပြတိုက်ဖြစ်ရတာလဲကွယ် ???????? ဟီးဟီး စတာပါဗျာ

eitar said...

ရက်တွေကိုခြစားရင်းနဲ့ ပဲ အဆင်ပြေမှာပါအကိုရေ.....

ဒီကဗျာထဲကကောင်မလေးက အကိုရဲ့ နံရိုးတစ်ချောင်းဆိုရင်တောင် အကိုမှာ နံရိုးများကြီးများကြီးကျန်သေးတယ်နော်.....ဟီဟီ

ရွှန်းမီ said...

ဟီး.. ပြန်ပေး .. ပြန်ပေး . .
အစ်ကိုဟတ်ရေ .. ..
ရွှန်းမီ သိတာကတော့ ဒယ်ဒီ အချစ်ဟောင်းကို လွမ်းရင် မာမီက စိတ်ကောက်တယ်.. :-)
.. ဒါနဲ့ . . ဒီအိုင်ဒီယာကတော့ ဦးသွားပြီ ..

ခဏလေး မြင်ရဖို့
အလင်းနှစ် သန်းပေါင်းများစွာ စောင့်စားခဲ့ရတဲ့
ဟိုတချိန်က လမ်းပြကြယ်လေးရယ်........

ဆိုတာ .. .
တခါတခါ ကြယ်တွေအကြောင်း တွေးကြည့်ရတာ အီလည်လည်ကြီး.. တကယ့်ကြယ်တွေက အခု မြင်နေရတာတွေက မရှိတော့တာ ကြာပြီ တဲ့ ..
hard to imagine..

လေးမ said...

ကြယ်ကလေး...
ကလေး...
.................
ကဗျာလေးက နူးညံ့နေတာပဲ ... ဘယ်သူ့ အနားမှာ လင်းနေသလဲကွယ်။ တဲ့...

အပြစ်တင်သံ မပါဘဲ နူးနူးညံ့ညံ့လွမ်းထားတယ်...

ညိမ်းညို said...

ဟိုတချိန်က လမ်းပြကြယ်ကလေး ကိုပြတိုက်ကြီးအနားမှာ ပြန်လည်လင်းလက်နိုင်ပါစေဗျို့ :) ကိုပြတိုက်ကြီးတို့ကတော့
ဆင့်ပွားခံစားထားပေလို့သာပဲ သိပ်အသက်ဝင်တယ်ဗျ။ ပုံလေးတွေနဲ့လည်း လိုက်ပ :) ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

Mhaw Sayar said...

ကိုပြတိုက်ကြီး ရေ... ကဗျာ လာဖတ်သွားပါတယ်ဗျာ.

(ပြတိုက်ထဲက ကဗျာကောင်းတွေ ထပ်ထပ်ထွက်လာ တုန်းပဲဗျို့..)

ရွှေပြည်သူ said...

လမ်းပြကြယ်လေးနဲ့ ကိုအညတရရှိတဲ့နေရာကို ရောက်လာပြီး အဲဒီမှာပဲ ထာဝရလင်းနေပါစေလို့ ဆုတောင်းပေးပါတယ်...

dilo bear said...

star bright star light,
many up in the sky..
hope u find urself another guide!
:)

ရှင်ရဲထွတ် said...

ဘယ်နေရာမှာပဲလင်းလင်း
လင်းဖို့ပဲလိုတယ် ဟုတ်

ein said...

ခဏလေး မြင်ရဖို့
အလင်းနှစ် သန်းပေါင်းများစွာ
စောင့်စားခဲ့ရတဲ့
ဟိုတချိန်က လမ်းပြကြယ်လေးရယ်....း)မင်းပျော်ရာမှာလင်းပါ...ကျေနပ်တယ်ဆိုပါလား ...မှီ့ ကဗျာလေးလည်း ကောင်းတယ် ကိုပြတိုက်ကဗျာလေးလည်း ကြိုက်တယ်ဗျာ...အနာဂတ် တွေ ပျောက်ဆုံးနေရ ခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေဗျာ...။

NatShinNaung said...

ပျော်ရာမှာလင်းလို့ ဖြစ်မလား။ သူ့နေရာမှာပဲ သူလင်းရမှာပေါ့.. အဲဒီလို လျောက်ရွေ့လင်းလို့ ရကြေးလား။ ပြန်ဖမ်းပြီး ကြိုးနဲ့ ချိတ်ထားအကို. :P

ကိုတိုးလေး said...

အများတကာတွေလိုတော့ သိပ်မရေးတတ်ဘူး အစ်ကိုရေ ဘယ်နေရာမှာပဲလင်းလင်း အလင်းရဖို့လိုတယ်မဟုတ်လား။ ပျော်ရွှင်ပါစေဗျာ။

wynn.sun said...

ကျွန်တော်တော့ မိုးပေါ်က ကြယ်တစင်းထက် မြေပေါ်က ပန်းတပွင့်ကို တွယ်တာချင်မိတော့တယ်..

BLACK DREAM said...

မပြောတတ်တော့ဘူးဗျာ...။ လွမ်းရမှာကို သေရမှာထက်ကြောက်တယ်...။