အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, May 19, 2008

Blooger မိတ်ဆက်

ဒီနေ့ ကျွန်တော့် သူငယ်ချင်းများကို ကျွန်တော့် ညီမလေးတယောက်နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ မသိသေးတဲ့ သူငယ်ချင်းတွေ သိသွားအောင်သာ မိတ်ဆက်ပေးရတာ တကယ်တော့ သူက ကျွန်တော့်ထက် စာရေးသက်ကြာသူ ၀ါရင့်ကလောင်ရှင် တယောက်ပါဗျာ။ မြန်မာတိုင်း(စ်)ဂျာနယ်မှာ တနှစ်ကျော် အယ်ဒီတာ တာဝန်ယူပြီး ရေးခဲ့ဘူးသလို ဧရာဝတီမဂ္ဂဇင်း၊ ၀ါရှင်တန်ပို့(စ်)၊ နဲ့ အခြားနာမည်ကြီး မဂ္ဂဇင်းများမှာ ဆောင်းပါး အတော်များများ ရေးသားခဲ့၊ ရေးသားနေသူတဦး ပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ အမိရွှေမြန်မာ နိုင်ငံတော်ကြီးကို ကျွန်တော်တို့ချစ်သလို အလွန်ချစ်မြတ်နိုးသူ ဖြစ်ယုံသာမက မြန်မာတိုင်းရင်းသားများ၏ ဓလေ့ထုံးစံ အတော်များများကို ရင်းနှီးကျွမ်းဝင်သူတဦး လည်းဖြစ်ပါတယ်။ မြန်မာပြည် တနှံတလျားကို ခြေစင်္ကြာ ဖြန့်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော့်မရောက်ဖူးတဲ့ ဒေသအတော်များများကို ရောက်ဖူးပြီး မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးခဲ့တဲ့ ကျွန်တော့်ကို မြန်မာပြည်အကြောင်း ပြန်ရှင်းပြသူပါ။ (....ဟီ....ဟိ...... မောင်အညတရက ဒေသန္တရ ဗဟုသုတ အဲဒီလို ပြည့်စုံပါတယ် ခင်ဗျာ) အမိရွှေနိုင်ငံ မြန်မာပြည်ကြီးကို ပတ်ဝန်းကျင်နိုင်ငံတွေထက် ရင်ထဲအသဲထဲက ၀င့်ကြွား တိုးတက်စေလိုသူ လည်းဖြစ်ပါတယ်။ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုကို ခုံမင်မြတ်နိုးလွန်းတာကြောင့် မြန်မာကောင်လေး ကျွန်တော့်ညီလေးကို မြန်မာလို ဆိုင်းဝိုင်းကြီးနှင့် ကြီးကြီးကျယ်ကျယ် လက်ထပ်ယူ ထားသူ ဖြစ်ပါတယ်။ (ဟေ့... ကောင်လေး A.M ငါဖော်ကောင် လုပ်ပြီနော်...ဟီ...ဟိ) ကြုံရင် သူတို့ မင်္ဂလာဆောင်အကြောင်း ဆောင်းပါးလေး ရေးခိုင်းကြပါဗျို့။
  • About Hanna

    Author

    Hanna Ingber Win is a multi-media journalist with
    experience working in Burma, Thailand, Malaysia,
    South Africa, New York and Los Angeles.


အဲဒီ ကျွန်တော့် ညီမလေးကတော့ Hanna Ingber Win<Hanna Ingber Win> ပါတဲ့ ခင်ဗျာ။ သူ့နာမည် နောက်ဆုံးက Win ဆိုတာက ကျွန်တော့် သူငယ်ချင်းညီလေး A.Mရဲ့ နာမည်ပါဗျာ။ ကျွန်တော့်ရဲ့ Blog က ညီလေး A.M အနီးကပ် ကြီးကြပ်ပြီး လုပ်ပေးခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ နွေးထွေးတဲ့အိမ်လေးက ကျွန်တော်တို့ မြန်မာသူငယ်ချင်းတစုရဲ့ နားခိုပျော်ပါးရာ စုရပ်ကလေးပါ။ မြန်မာသီတင်းကို သိလိုသော်လည်း မြန်မာလို မဖတ်တတ်သူများ၊ အင်္ဂလိပ်စာ အရေးအဖတ် တိုးတက်လို၍ မြန်မာသတင်းကို အင်္ဂလိပ်လိုဖတ်လိုသူများ၊ မြန်မာအကြောင်းအပြင် အခြားစိတ်ဝင်စားစရာ သတင်းကိစ္စများကို ဖတ်လိုသူများ၊ blog နဲ့ သီတင်းအညွှန်း အလွယ်တကူ သိလိုသူတွေအတွက် သူ့web site ဟာ အလွန်သင့်တော်ပြီး စာဖတ်အား၊ စာရေးအား အလွန်ကောင်းသူပါဗျာ။ ကဲ... Hanna..... Cheers! Welcome to Myanmar Community.



5 comments:

မွန်းသက်ပန် (ဆေး-၁) said...

Welcome , sis
cheers.
with love,
moon thet pan

Hanna said...

Thanks so much for your kind words!! Hanna

ပါဂနာ said...

Hi there, Hanna;

Sound great for ur participation.
Warmly welcomes u.
Btw, u look pretty seems with
" Ellen Degenerous"...

u get nice colourful life with A.M onwards, I pray.
Have a nice family as well.

Cheer!( Hanna)

HEARTMUSEUM said...

Hay,Hanna, Thank u for comming to my blog.

BLACK DREAM said...

Warmly Welocome To Myanmar, Hanna :)