အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, May 31, 2008

ခေါင်းဆောင်လား။ ခေါင်းရှောင်လား။

အရေးပေါ်ကယ်ဆယ်ရေး ပြီးပြီတဲ့လား။
ဘယ်သူတွေကို ဘယ်လိုကယ်ခဲ့ ပါသလဲ။
ဘယ်နေရာမှာ ဘယ်သူတွေက ကယ်ပါသလဲ။
ဘယ်သူတွေက ဘယ်လိုကယ်ပါသလဲ။
UNကယ်ဆယ်ရေး ပစ္စည်းအများစု ဘယ်သူတွေ ရသွားပါသလဲ။
လိုအပ်နေတဲ့ ပြည်သူတွေကို သူတောင်းစားဆိုပြီးသမုတ်
၅ပြားဖိုးပေးပြီး ၅၀၀ဖိုးပေးပြီးပြီ စာရင်းလိမ်
ဟန်လုပ်ပြီး ကမ္ဘာသိကြေငြာ လက်ဖြန့်တောင်းစားနေတာ ဘယ်သူတွေပါလဲ။
***သတ္တိရှိရင် ပြည်သူတွေကြား ဘာမှမပါပဲ သွားကြည့်ပါ။***
ဘာတွေဖြစ်နေသလဲ။ ( ကြားလိမ့်မယ် )
ဘာတွေဖြစ်နေသလဲ။ ( မြင်လိမ့်မယ် )
ဘာတွေဖြစ်နေသလဲ။ ( တွေ့လိမ့်မယ် )
ဘယ်သူ့ကိုမျှော်နေသလဲ။ ( သိလိမ့်မယ် )
ဒါပေမယ့်လည်း........
မြင်တတ်တဲ့ မျက်စိ အစုံရှိဖို့ လိုပါတယ်။
ကြားတတ်တဲ့ နား အစုံရှိဖို့ လိုပါတယ်။
မေးတတ်တဲ့ ပါးစပ် တခုရှိဖို့လိုပါတယ်။
အရှိကို အရှိအတိုင်း သုံးသပ် အမှန်ကို
လက်ခံတတ်တဲ့ ဦးနှောက်ရှိဖို့လိုပါတယ်။
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားလိမ့်မယ်ဆိုတဲ့
မေရီမိဘုရားလို နှလုံးသား မရှိဖို့လည်းလိုပါတယ်။
***ကယ်ဆယ်ရေးပြီး၍ ပြန်လည်ထူထောင်ရေး စလုပ်နေပြီဆိုပြီး မသာအိမ်ပြ ဖဲဝိုင်းထောင် ပိုက်ဆံတောင်းနေသော အစိုးရ မဟုတ်သော အဆိုးရကို ရည်ညွန်းပါတယ်။***


မေရီမိဘုရားရဲ့ အကြောင်းတစေ့တစောင်းကို ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။ အချက်အလက်ကို တကူးတက ရှာပေးတဲ့ ညီမလေး ရွှန်းမှီကို ကျေးဇူးတင်ပါတယ်။

9 comments:

Republic said...

ခံစားချက်တွေပြင်းတယ်ဗျာ ၊ နားလည်တယ်၊၊

ရွှန်းမီ said...

ဟုတ်တယ်..
မျှဝေချင်တဲ့ လက်တစ်စုံသာ ခေါင်းဆောင်တစ်ယောက်စီမှာ ရှိမယ် ဆိုရင် . . . .
. . .

မောင်မျိုး said...

ပြည်သူတွေကို လူတွေလို့ သတ်မှတ်ရင် ၊ ကိုယ့်ရဲ့ ဆွေမျိုးတွေလို့  သတ်မှတ်တက်တဲ့ စိတ် အဲ့ဒီ ခေါင်းဆောင်းဆိုသူဆီမှာ ရှိခဲ့လျှင် -----------
------------------
--------------------------။

win zaw said...

အစ်ကို့ခံစားချက်ကို စာနာ နားလည်တယ်။
ဒီအဖြစ်မျိုးတွေ ကြုံရ ဆုံရ ခဏခဏပါပဲ...

Apprenticeship said...

beauty of corruption twe heart yay.. :( :( :(

ပန်းခရမ်းပြာ said...

အခုချိန်ထိ သူတို့ မှန်တယ်လို့ ငြင်းနေတုန်းပဲ။
http://www.channelnewsasia.com/stories/specialreport/news/351257_48/1/.html

BLACK DREAM said...

ဘယ်လိုဖြစ်တာလဲ ဆရာရယ်...။ အသာလုပ်ပါ..။ လန့်တောင်လန့်တယ်...။ နေဆိုတာ အချိန်တန်ရင် ၀င်ရမှာပေါ့..။ မပူပါနဲ့ :)

dilo bear said...

d post title is so cool!!..
so creative..and so true naw..hin

Anonymous said...

မေရီ မိဖုရား အကြောင်း ကြားသာကြားဖူးတာ... သေချာ မဖတ်ဖူးဘူး...။ ညွှန်းပေးထားတာကျေးဇူး..။
ဒါနဲ့  စကားမစပ် ပြောရဦးမယ် ... ဘုရင့်နောင်ပွဲရုံမှာ အမေရိကန်ဆန် ဆိုတာ တစ်အိတ် ခြောက်သောင်းတဲ့ ...။ စားဦးမလား..။
layma