အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, May 31, 2008

မျှဝေချင်သော လက်တစုံ

တောင်ပံတစုံနဲ့ ပြည့်စုံတဲ့ ခွန်အားသာ ရှိခဲ့ရင်
ပင်လယ်တွေဖြတ်၊ တောင်တွေကိုကျော်
ငါချစ်တဲ့ အမိမြေကို ပြန်ချင်တယ်။

လေမုန်တိုင်းကြောင့် ဘ၀တွေပြုန်း
လင်သေ၊သားဆုံး
အမိမဲ့ အဖမဲ့ တကောင်ကြွက်တွေကို
တာဝန်ရှိတဲ့အစိုးရရဲ့ ဖေးမတဲ့စကား
သူတောင်းစားနှင့်ခိုင်းနှိုင်း
တစပြင်ကို ဇွတ်အတင်းနှင်လို့
ဒုက္ခနွံ့ကြားမှာ နစ်နေတဲ့ ငါချစ်တဲ့ နင်းပြားတွေကို
ငါ့ကျောပေါ်တင် ငါတကောကောနေတဲ့
လူယုတ်မာတွေရဲ့ ရန်က
လွတ်ရာကို မနှင်နိုင်ရင်တောင်မှ
မျှော်လင့်နေတဲ့အစာ၊ ငံ့လင့်နေတဲ့ လုံခြုံမှုကို
ဘယ်ဖက်လက်နဲ့ပေး
အားငယ်မှု ကြောက့်ရွံမှုတွေနဲ့ အေးစက်နေတဲ့
လက်အစုံကိုထွေး ငါ့ရင်ငွေ့နဲ့နွေးစေမယ်။

အားကိုးရာမဲ့ ခိုကိုးရာပျောက်နေတဲ့ကလေးတွေကို
ငါတတ်သမျှလေးတွေ ပြန်အံ့ပေးချင်တယ်။
အားနေတဲ့ညာလက်နဲ့ ပျောက်ဆုံးနေတဲ့ မျှော်လင့်ခြင်း
ဖေးမကာတွဲခေါ် ကူညီကာလမ်းပြ
အနာဂတ်ဘ၀ တောက်ပစေမယ်။
အညွှန့်ချိုးလို့ ခေါက်ရိုးကျိုးနေတဲ့
သူတို့ဘ၀အခက်အသစ်နဲ့
မျှော်လင့်ခြင်းအနာဂတ်ဖူးတွေ ဝေစေမယ်။
အရှင်ဘုရား... တပည့်တော်အား
တောင်ပံတစုံနဲ့ ပြည့်စုံတဲ့ ခွန်အား
ပေးသနားတော်မူပါ ဘုရား...............

3 comments:

စိုင်းခမ်းထွန်း said...

ကျွန်တော်တို့တစ်တွေ လုပ်ပေးနိုင်တာက သေးသေးကွေးကွေးလေးမှန်းသိပါတယ် ...
ဘယ်သူမှ မလုပ်တာထက်စာရင် မဆိုးဘူးဆိုပြီးလုပ်ခဲ့ကြတယ် ...
မြန်မာ ဘလော့ဂါတွေကို လေးစားပါတယ် .....

မောင်မျိုး said...

ပုံတွေကိုကြည့်ပြီး တော်တော် စိတ်မကောင်းဖြစ်မိတယ် အရင်ကလည်း ဖြစ်ခဲ့တယ် အခုလည်း ဖြစ်နေတုန်းပဲ ကြောက်စရာ နှလုံးသာပိုင်ရှင်တွေလက်အောက်မှာ လူဖြစ်ရတာကိုက ကံဆိုးမှုတစ်ခုပါပဲး( ။
တက်နိုင်သလောက်ပေါ့ အစ်ကိုရာ ကျနော်တို့ လည်း နိုင်သလောက်လေးပဲ လုပ်နိုင်တဲ့ အတွက် စိတ်မချမ်းသာဘူးးးးးးးးးးးးးးးးးး သူငယ်ချင်းတစ်ယောက်ပြောသလိုပဲ ငါဘာကြောင့်ချမ်းသာတဲ့ မိသာစုမှာ မ၀င်စားခဲ့တာလဲတဲ့ အခု မုန်တိုင်းသင့်သူတွေကို များများ ကူညီခွင့်မရလို့  စိတ်မကောင်းဖြစ်လို့  ပြောလိုက်တဲ့ စကားလေး ။

BLACK DREAM said...

ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုသာ ရှိမယ်ဆိုရင် အစ်ကို့ ဆုတောင်းမကြာခင် ပြည့်ပါလိမ့်မယ် :)