အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, May 30, 2008

ဖန်ခွက်အသည်း

လွမ်းတတ်သူကိုမှ
ထားရစ်ရက်တယ် ချစ်တဲ့သူ........
ဘယ်လိုမှပြန် နလံမထူတဲ့အသည်း
ကွဲပြီးရင်းကွဲ၊လဲပြီးရင်းလဲ
ကြေမွလွယ်တဲ့ ဖန်ခွက်အသည်း
ဒဏ်ရာတွေနဲ့ ပြည့်ခဲ့ပြီ။
ဝေးသွားတဲ့ အရိပ်
ဒူးထောက်လို့တမ်းတ
ပြန်လာပါလား ချစ်တဲ့သူ........

ဟိုးအတိတ်က မင်းနဲ့အတူ
တောက်ပတဲ့ အာ၇ုဏ်ဦးကိုဖြတ်ဖူးတယ်။
ဟိုးအတိတ်က မင်းနဲ့အတူ
လှပတဲ့နေ၀င်ဆည်းဆာအလှကို
ကြည်နူးမှုတွေနဲ့ စောင့်စားခဲ့ဖူးတယ်။
အခုတော့လေ........
အာရုဏ်တက်မှာ စို့းရွံ
မျက်စိစုံပိတ် ကြိတ်မှိတ်အိပ်တတ်ပြီ။
အခုတော့လေ........
နေ၀င်မှာစိုး မှောင်စပြိုးရင်
လင်းထိန်အောင်မီးဖွင့် အလင်းထဲမှာနေရပြီ။

လွမ်းတတ်သူကိုမှ
ထားရစ်ရက်တယ် ချစ်တဲ့သူ........

***ဘယ်လိုမှသတိမရသင့်သော သူတယောက်သို့ အမှတ်တရ***

14 comments:

ko wai said...

မလွမ်းသင့်ပေမယ့် လွမ်းခွင့်ရှိပါတယ် ဗျာ

Republic said...

(ကို) အညတရ ရေ..ကဗျာက ထိတယ်ဗျာ

မောင်မျိုး said...

ဟားဟား လူပျိုကြီး ရောဂါ ဟောင်းပြန်ထနေတယ်း) သွပ်သွပ်သနားလိုက်တာဗျာ ...........။
အန်ချလိုက် အန်ချလိုက် ဘကြီးတို့ တုန်းကလည်း ဂလိုပဲ ခံစားခဲ့ရတယ် ဟီးးးး ဘီယာတွေသောက်နေတယ်ထင်တယ် ဒူးတော့မထောက်ပါဘူးဗျာ အောက်ကျတယ် အခုခေတ်က အုန်သျှစ်တစ်တင်း နှမ်းနှစ်တင်းခေတ် ဒို့ ကတော့ မာမာပဲး)။

P>S =မသိတာရှိရင်လာမေးနိုင်တယ် နည်းလမ်းတွေပေးမယ် အသဲကွဲဖြေဆေးရှိတယ် ။

eitar said...

အော်ပိုးဖလံမျိုးမီးပုံကိုတိုးချင်ပြန်ပြီ...ဟီးဟီး စတာပါအကိုရေ....အချိန်တန်ရင်ပြီးသွားမှာပါ...

ချစ်သူတို့ ဘ၀သည်
ပေါင်းသင်း၍သော်လည်းကောင်း
ဝေးလွင့်၍သော်လည်းကောင်း
အဆုံးသတ်ရမြဲဖြစ်၏။

လူ့ ဘ၀သည်လည်း
ပျော်ရွှင်စွာဖြင့်သော်လည်းကောင်း
ကြောင့်ကြစွာဖြင့်သော်လည်းကောင်း
ထွက်ခွာသွားရပေဦးမည်။

ရွှေပြည်သူ said...

ကိုအညတရရေ... ဖတ်ပြီး ငြိမ်ကျသွားတယ်။ “အခုတော့လေ........ အာရုဏ်တက်မှာ စို့းရွံ မျက်စိစုံပိတ် ကြိတ်မှိတ်အိပ်တတ်ပြီ။” ဆိုတာလေးကို တကယ်ခံစားရပါတယ်။ “***ဘယ်လိုမှ သတိမရသင့်သော သူတယောက်သို့ အမှတ်တရ***” ဆိုတဲ့ အသုံးအနှုန်းကို တော်တော်လေး သဘောကျမိပါတယ်။ သတိရခြင်းဆိုတာ သင့်မသင့်ကို အရင်စဉ်းစားခွင့်ပြုတဲ့ အရာမှမဟုတ်တာ။ သတိရပြီးမှသာ...။ ဘာပဲပြောပြော ကဗျာကောင်းလေးအတွက် ကျေးဇူးပါပဲ ကိုအညတရရေ... ပျော်ရွှင်ပါစေ...

honey said...

ဖန်ခွက်ထဲက ပယင်းရောင်အရည်တွေတော့ မဟုတ်ပါဘူးနော် :P
ကဗျာက ခံစားရတယ် သတိမရသင့်ပေမယ့် လွမ်းမိတာအပြစ်မရှိပါဘူးဗျာ

mabaydar said...

ရင်ထဲကလာတဲ့ကဗျာလေးမှန်းသိသာတယ်... ခံစားချက်တူတော့ တကယ်ထိတယ်ရှင်.. မဗေဒါကတော့မိန်းကလေးဆိုတော့ ငိုနေမိတော့တာပဲ.. သတိမရသင့်တဲ့သူတွေ.. သတိမရသင့်တဲ့အရာတွေ.. သတိမရအောင်ကြိုးစားလေ သတိရလေပါပဲ.. ဒါပေမဲ့လဲလေ.. သူတို့ကတော့ ကိုယ့်ကိုခုလိုခံစားရအောင်လုပ်ဖို့တောင် အဖတ်လုပ်ပြီးသတိရနေကြတာမဟုတ်ဘူးလေ.. ဒီတော့ သတိမရအောင်ပဲ နေရတော့မှာပေါ့နော်..

မေမိုးမခ said...

ကဗျာက ထိတယ် ကိုဟတ်ရေ heart ဆိုတဲ့အတိုင်းပါဘဲ။ မီးမပိတ်ပဲနဲ့ အိပ်ရင် ကျောင်းမှာသင်ရတယ် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးတာတဲ့။ ဟိဟိ

ရွှေရောင်ကောင်းကင် said...

လွမ်းတတ်သူကိုမှ
ထားရစ်ရက်တယ် ချစ်တဲ့သူ........
... ခံစားချက်ချင်းလာတူနေတယ်ဗျို့... ဒီလိုပါပဲ ထားတဲ့သူက ထားသွားခဲ့ပြီ.. ကျန်တဲ့သူက လွမ်းနေဖို့ပဲတက်နိုင်တယ်..ကဗျာလေးက ကောင်းတယ်ဗျို့..:D

BLACK DREAM said...

ကိုယ်ချင်းစာပါတယ် အစ်ကိုရာ..။ အစ်ကို့ အဖြစ်ကိုနဲနဲသိနေတော့ ကျွန်တော်ပိုနားလည်လို့ ရပါတယ်...။ :( သြော်....ဖန်ခွက်အသည်း တဲ့လားဗျာ။

Mhaw Sayar said...

ကိုပြတိုက်ကြီး. အသဲကွဲနေတယ်ထင်တယ်..
ပေးတိုင်းမယူလိုက်နဲ့ဗျို့..ဘာဖြစ်ဖြစ်ပေါ့..
အဆင်ပြေပါစေဗျာ.

ရွှန်းမီ said...

ဖန်ခွက်ကို ခုမှ တွေ့မိတယ်. . .
(ရေမော့ပြီးမှပဲ . . အဲလေ .. ခုမှ တစ်ခုကျော်ဖတ်သွားတာ သေချာကြည့်မိတယ်။ )

အာရုဏ်တက်မှာ စိုးတယ်. .
နေ၀င်မှာ စိုးတယ် . .
. . .
ဝဋ်လည်မှာ စိုးတယ် . . .

တခါတလေမှာ ဘာလို့ ရွေးချယ်မှုတွေ လုပ်ရတာလဲ မသိဘူး။

ပန်းခရေ said...

လွမ်းမှာပဲ..လွမ်းသင့်လည်းလွမ်းမယ်..
မလွမ်းသင့်လည်းလွမ်းမယ်..
မချစ်သင့်လည်းချစ်မယ်...
မရူးသင့်လည်းရူးမယ်..
မဖြစ်သင့်လည်းဖြစ်မယ်..
း)
ကဗျာသိပ်ကောင်းတယ်..

လေးမ said...

အသည်းကွဲနေတာ ကို သနားလို့ မစတော့ပါဘူး...။