အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Sunday, May 25, 2008

သေသောဝ်မှတည့် သြော်... ကောင်း၏။

ရီချင်ရက်နဲ့ မရီရတဲ့ဘဝ
မရီချင်ပဲ ရီနေရတဲ့ဘဝ
ငိုချင်ရက်နဲ့ မငိုရတဲ့ဘဝ
မငိုချင်ပဲ ငိုချင်ယောင်ဆောင်ရတဲ့ဘဝ
မြင်ချင်တာတွေ မမြင်ရတဲ့ဘဝ
မမြင်ချင်တာတွေ မြင်ရတဲ့ဘဝ
ပြောချင်တာတွေ မပြောရတဲ့ဘဝ
မပြောချင်တာတွေ ပြောရတဲ့ဘဝ


ကြားချင်တာတွေ မကြားရတဲ့ဘဝ
မကြားချင်တာတွေ ကြားရတဲ့ဘဝ
နေချင်တဲ့နေရာမှာ မနေရတဲ့ဘဝ
မနေချင်တဲ့နေရာမှာ နေရတဲ့ဘဝ
လုပ်ချင်တာတွေ မလုပ်ရတဲ့ဘဝ
မလုပ်ချင်တာတွေ လုပ်ရတဲ့ဘဝ
စားချင်တာတွေ မစားရတဲ့ဘဝ
မစားချင်တာတွေ စားရတဲ့ဘဝ
သွားချင်တဲ့နေရာ မသွားရတဲ့ဘဝ
မသွားချင်တဲ့နေရာ သွားရတဲ့ဘဝ


ပျော်ရာမှာနေချင်ပေမယ့် တော်ရာမှာနေရတဲ့ဘဝ
တော်ရာမှာနေရပေမယ့် ပျော်ရာကိုလွမ်းရတဲ့ဘဝ
သြော်........ ဒီလိုဘ၀မှာနေမယ့်အစား
သေသောဝ်မှတည့် သြော်........ကောင်း၏။

19 comments:

Yan said...

အဲဒီ့ Three Monkeys အကြောင်းလေးကို ထည့်ရေးထားတာ ကြိုက်တယ်. အဲဒီ့အကြောင်းလေးပါ နည်းနည်းလေးလောက် ဆွဲရေးပေးပါလား ဘရားသားရေ...

nyiyekhaung said...

ရန်ကုန်ဘဆွေရေးတဲ့ဝထ္တူ မှာ ကဗျာ လေးတစ်ပုဒ်ရှိတယ်
ဗျ သေသော်မှသည်သြော်ကောင်းဧ။် တဲ့

weikhine said...

:d nice...

My Wonderful Moral Thoughts said...

Very Meaningful Poem.

Keep Rolling..,

Soe Mya Nandar Thet Lwin

ရွှေရောင်ကောင်းကင် said...

ရီချင်ရက်နဲ့ မရီရတဲ့ဘဝ
မရီချင်ပဲ ရီနေရတဲ့ဘ၀.......
အဲလိုတော့ဖြစ်နေတယ်... သေတော့မသေချင်သေးဘူး... ဟီး...

အမရာ said...

အမှန်တရားတွေချည်းပါဘဲ............
တော်ပါပေတယ်..............................
့ဟတ်ထိတယ်ဆိုတာဒါပေါ့............

BLACK DREAM said...

ဟား...ခံစားချက်တွေ ပေါက်ထွက်လာပါလား..။ မိုက်တယ်အစ်ကို :)

မောင်မျိုး said...

မစားချင်တာတွေ စားနေရပြီးး
စားချင်တာတွေ မစားရဘူးဆိုတော့
မောင်ဓားပြတိုက် က ဘာတွေစားချင်လို့ သတုန်းးး)
ဘာတွေပြောချင်တာလဲ
ဘာတွေဖြစ်နေတာလဲ
ဘယ်လိုတွေ ခံစားနေရသလဲဆိုတာ နားလည်တယ်
ခံစားချက်တွေတူနေတော့ ဘာမှမပြောတော့ပါဘူးလေ ။

ပီတိ said...

တကယ်ပါ မြန်မာပြည်သူတွေလည်း တရားမျှတမှု နဲ့ ကိုယ်ချင်းစာတရားတွေနဲ့ တိုက်တန်ပါတယ်ဗျာ။ အဲဒါတွေ အမြန်ဆုံးရကြပါစေ။
ကဗျာကောင်းလေးပါ။

layma said...

မကောင်းပါဘူး.. သေရင် ၁ က ပြန်စနေရဦးမယ်..။

ပါဂနာ said...

ကာတွန်လေးဖတ်ဖူးတယ်..
ဖန်ဆင်းရှင် ထံဆုတောင်းလေးပါ.
ဤလို ဆိုးရွားလှသော ဒုက္ခများကို
“မကြားရ၊မမြင်ရ၊မပြောမိ” သောသူ ဖြစ်ရပါလို ၏ပေါ့.

အဲ..ပြည့်စေ ဆိုပီး ဖန်ဆင်းပေးလိုက်တာကတော့...
ဟုတ်ကဲ့.
အဲဒီလူမှာ.
မျက်နှာတပြင် လုံး “နှာခေါင်း” ပဲကျန်ပါတော့တယ်..:P
Post လေးလည်းကြိုက်တယ်ဗျား...

ရွှင်လန်းချမ်းမြေ့ ပါစေ...

Apprenticeship said...

awww ba wa ba wa.. very good one. Hope to see more :)

နှင်းပွင့်ဖြူလေး said...

တကယ်ကောင်းတဲ့ အကြံညဏ်ပါလာဟရို. :P
ဟတ်ဟတ်

ein said...

ကောင်းဝူးးလေဗျာ တေတွားပြီးရင်တော့ ဘာဆို ဘာမှတိရတော့ဘူးနော် ...:P
ကဗျာ အဖွဲ့နဲ့ ခေါင်းစဉ်ယူပုံလေး ဂွတ်တယ်အကိုပြတိုက်ကြီး...။

ရွှန်းမီ said...

bro...
upset about something? ..
cheer up!
(Life is living, whether u like it or not.)

ဟန်သစ်ငြိမ် said...

အရင်က ကဗျာတစ်ပုဒ်လည်း ဒီခေါင်းစဉ်ပဲဗျ။ အခုဟာကလည်း တမျိုးကောင်းတာပါပဲ။ တော်တော်လေး အဓိပ္ပာယ်ရှိတာပဲ။ အင်း... ဘာလိုလိုနဲ့ လူတွေအားလုံးမှာ ခံစားချက်တွေ ပြည့်နှက် ပြင်းထန်နေပါရောလား...။

မျှားပြာ said...

အေးဆေးပေါ့ ကိုအညတရကြီးရ ... မသေပါဦးနဲ့
ဘာတဲ့ အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦးတဲ့ :P

maymoemaka said...

သေသွားတာကောင်း၏လို့ပြောသော်လည်း မသေချင်လဲသေရတဲ့ဘ၀တွေရှိသေးတယ်။
အိုရ နာရ သေရအုံးမှာပါလား တစ်နေ့ကျရင်။
ကဗျာလေးကောင်းတယ်။ ဆက်လက်ရေးပေးပါဦး။

mabaydar said...

Just like Rambo said "live for nothing, die for something". Why don't they all just fight in stead of dying with starving? Or go and rob to goverment employee's house township by township and city by city.