အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Thursday, May 15, 2008

နဲများမဟူ ဖေးမကူ တတ်စွမ်းသမျှ ပေးလှူကြ

အဝေးရောက်နေပေမယ့်
သားတို့ အမေ့ရင်ငွေ့ နွေးနွေးလေးကို
တက်မက်နေဆဲပါအမေ.......
ဘယ်နေရာ ရောက်ရောက်
အမေနဲ့မောင်နှမတွေရဲ့ သတင်းကောင်းကို
မျှော်လင့် စောင့်စားနေသူတွေပါ အမေ........

ဟိုကောင်နာဂစ် အပီအပြင်ကစ်လို့
အမေနှင့်မောင်နှမတွေ
စားဝတ်နေရေး အဆင်မပြေတော့လည်း
သားတို့ ငွေရှာပေးချင်တယ်အမေ........

အခုလဲ သားတို့ ညီအကိုတစု
အပေါင်းအဖော်ပြုပြီး
ကြိုးစားနေပါပြီ အမေ.....
မျှော်နေတဲ့ အမေ ပျော်ပါစေ........

အမေရိကန်ရောက် သူငယ်ချင်းတို့ရေ တူညီတဲ့အလံတော် အောက်မှာ ငါတို့စုစည်းကြပါစို့........
ငါတို့ချစ်တဲ့ နိုင်ငံတော်အတွက် ငါတို့တတ်နိုင်သလောက်ပေးဆပ်ကြပါစို့........
ရေတတ်နိုင်သူ ရေကူ၊
ငွေတတ်နိုင်သူ ငွေလှု၊
လုပ်အားတတ်နိုင်သူ လုပ်အားပေး
ကုသိုလ်အရေး လက်မနှေးကြနဲ့......။
အလှူငွေကြေး နည်းများမဆို ဒါနပြုလိုသူများ bsa.ucla@gmail.com သို့ ဆက်သွယ်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ် သိလိုပါက www.studentgroups.ucla.edu/bsa<click> ကို အလည်တခေါက် အရောက်လာကြပါ ခင်ဗျာ......

4 comments:

Soe Mya Nandar Thet said...

Heart yay..,

Love your poem.., I can imagine all your feeling come out with to compose the poem...,

I applause your effort.

Keep it up!!
Soe Mya Nandar Thet Lwin

Apprenticeship said...

ဒီလိုသားတွေကြောင့်အမေအသက်ရှင် နိုင်တာပေါ့ Good job heart gyi yayyyy :)

မောင်မျိုး said...

သာဒု သာဒု နာ့တူလေး မုဆိုးမလှလှနဲ့  ညားပါစေဗျာ ဟီးးးးးးးးးးးးးးး

ရွှေပြည်သူ said...

သိပ်ကောင်းတဲ့ ကဗျာလေးပါ ကိုအညတရရေ... ဒီလိုသားကောင်းတွေရှိနေသ၍ အမေ့အတွက် မျှော်လင့်ချက်တွေ ရှိနေဦးမှာပါ...