အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, May 12, 2008

ပြည်ပအားကိုး ပုဆိန်ရိုး

မကြာခင်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလွန် အခြေအနေတွေအပေါ် ကိုင်တွယ်ပုံကြောင့် မြန်မာ စစ်အစိုးရဟာ နိုင်ငံတကာမှာ နာမည် ပျက်ပြီးရင်း ထပ်ပျက်ဖို့ အကြောင်းပေါ် လာပြန်ပါပြီ။ အမေရိကန်နိုင်ငံက သမ္မတလောင်း ဂျွန်မက်ကိန်းရဲ့ ညှိုနှိုင်း ဆောင်ရွက်ရေးမှူး မစ္စတာGoodyear ဟာ မြန်မာ စစ်အစိုးရကို ကိုယ်စားပြုပြီး၊ အမေရိကန် အာဏာပိုင်တွေကြားမှာ စစ်အစိုးရ အမြင်ကောင်းလာအောင် ဆောင်ရွက်ပေးဖို့ စစ်အစိုးရဆီက ဒေါ်လာ ၃၄၈,၀၀၀ ကို ၂၀၀၂မှာ လက်ခံ အလုပ်လုပ်ပေးခဲ့ကြောင်း နယူးစ်ဝိခ် မဂ္ဂဇင်းကြီးက ရေးသားလိုက်ပြီးတဲ့နောက် စနေနေ့က ကြေညာချက် ထုတ် အနားယူလိုက်တာပါ။

သေကြေပျက်စီးမှုတွေ များပြားလှတဲ့ ဆိုင်ကလုန်း မုန်တိုင်း ကို ကိုင်တွယ်ပုံ နဲ့ ပတ်သက်ပြီး၊ နာမည်ပျက်နေတဲ့ မြန်မာ စစ်အစိုးရဟာ နိုင်ငံတကာမှာ ဒီကိစ္စနှင့် ပက်သက်ပြီး အပုပ်အသစ် ထပ်အချခံ နေရပြန်ပါတယ်။ ရာထူးက နှုတ်ထွက်သွားတဲ့ မစ္စတာ Goodyear ဟာ မက်ကိန်း နဲ့ တစ်နယ်ထဲသား ဖြစ်ပြီး၊ သူ့ ကုမ္ပဏီက စစ်အစိုးရ အပေါ် အမြင်ကောင်းလာအောင် ၂၀၀၂ ခုနှစ်မှာ လူထု ဆက်ဆံရေး အလုပ်တွေ လုပ်ပေးခဲ့ပါတယ်။ မစ္စတာ Goodyear ရဲ့ရာထူးကို ဆက်ခံမယ့် သူကိုတော့ မရွေးရသေးပါဘူးလို့ မက်ကိန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ Brian Rogersက ပြောပါတယ်။

သီတင်းနားဆင်ရန်<click >

1 comment:

Anonymous said...

အဲ့လိုလူမျိုးကလည်းရှိသေးတယ် အစိုးရကလည်းတော်တော် ချမ်းသာတာပဲနော် အရာမရောက်တဲ့နေရာကျ သုံးလိုက်တာ ဂွတ်ထ ပေါ့း)

.......................

မောင်မျိုး