အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, May 2, 2008

အမှန်တရားအတွက် ကြက်ခြေခတ်

အားမတန်ပေမယ့် မာန်လျှော့မယ်လို့တော့
မထင်ပါနဲ့ ညီညွတ်ရေးကိုမျှော်
ငါတို့လျှော့တာများခဲ့ပြီ။

ကာယအားကြီးသူ အနိုင်ယူစတမ်း
ပြောရအောင် ကျောက်ခေတ်မှ
မဟုတ်တာ ကိုယ့်လူရာ...
တဖက်သတ် အနိုင်ယူလို့
ပြဿနာ ပြီးမသွားဘူးဆိုတာ
မဆုံးနိုင်တဲ့ အိမ်တွင်းရန်ပွဲ
နှစ်ပေါင်းခြောက်ဆယ်နွဲလို့ သက်သေပြခဲ့ပြီ။

အိတ်ထဲထည့်ဖို့ ကလွဲရင်
ဘာမှ နားမလည်၊ နားလည်လဲ
အိတ်ထဲမထည့်ရရင်
ဘာမှမလုပ်တဲ့ လူတွေရဲ့စကား
ငါတို့က နားထောင်ခေါင်းညိတ် ရမှာလား
သွားစမ်းပါ ယုံတမ်းပုံပြင်တွေ ရိုးနေပြီ။

မာယာတသိန်း အပလီ အနန္တနဲ့
လိမ်လည်တာတွေ ရပ်ပါတော့။
မင်းအမှားငါပြင် ငါ့အမှားမင်းခွင့်လွှတ်
ညီညွှတ်ရေးကိုအခြေခံ သည်းခံစိတ်ကိုမွေး
နှစ်ဦးနှစ်ဖက် စိတ်တူသဘောတူ
နားလည်မှုတစ်ခုယူခဲ့ရင်
ရက်ပေါင်းခြောက်ဆယ်နဲ့ အားလုံးပျော်နိုင်ပါတယ်။

တောင်းပန်နေတဲ့ ကြားက
မင်းက ငါ့လှေငါထိုး ပဲခူးရောက်ရောက်
လှော်မယ်ဆိုရင်တော့
ဘယ်လိုမှစိတ်မရှိနဲ့ သူငယ်ချင်း.....
ငါကလည်း ငါ့လှေငါဖောက်
ရေအောက်ရောက်ရောက်ပဲဟေ့ လို့ပြောတော့မှာပေါ့။



သွေးဆာနေတဲ့မင်းကို သွေးဖြာနေတဲ့ကြားက
စကားတခွန်းတော့ ပြောပြမယ်
"အမှန်တရားအတွက် ငါတို့
ကြက်ခြေခတ်ကြမယ်။"

11 comments:

Ko Oo said...

ကောင်းတယ်သူငယ်ချင်း မိုက်တယ်..။ အရေးအ သားကောင်းသလို...။ အယူအဆကိုလည်း ထောက်ခံတယ်...။

မောင်မျိုး said...

ငါ့လှေငါထိုး ပဲခူးရောက်ရောက် မဟုတ်တော့ဘူးလေ အစ်ကိုရ ...ဟိုကိုရောက်တော့မှာ ဒင်းကြီးတို့ အကြောင်းပြောလို့ ကတော့ တစ်နေ့ လုံးကုန်မှာမဟုတ်တော့ပါဘူး ပြောရတဲ့ပါစပ် သန လွန်းလို့  ရေးထားတာ ကောင်းတယ်ဗျး) ကြတ်ခြေလာခတ်သွားပါတယ် ။

Apprenticeship said...

မင်းအမှားငါပြင် ငါ့အမှားမင်းခွင့်လွှတ်
ညီညွှတ်ရေးကိုအခြေခံ သည်းခံစိတ်ကိုမွေး
နှစ်ဦးနှစ်ဖက် စိတ်တူသဘောတူ
နားလည်မှုတစ်ခုယူခဲ့ရင်
ရက်ပေါင်းခြောက်ဆယ်နဲ့ အားလုံးပျော်နိုင်ပါတယ်။
Yeah, understanding and reconciliation
are the best solution. Hope we get there soonnnnnnnnnnnnnn......

Inn ma tauk ta hkauk moa tar pop ta arr kg tal.

www.deyea.blogspot.com/ said...

ကဗျာလေးက ကောင်းပါတယ်ဗျာ... X လေးခပ်သွားပါတယ်... ချစ်တဲ့ မြန်မာ ပြည်ကြီးအတွက်ပါ..

honey said...

မတောက်တခေါက်မဟုတ်ပါဘူးဗျာ
ကဗျာက ခွန်အားပါတယ်
dont b modest :D
nice poem!

My Wonderful Moral Thoughts said...

Great Moods, Wonderful Rhythm, Beautiful Thoughts.

အမှန်တရားအတွက် ငါတို့
ကြက်ခြေခတ်ကြမယ်......,

Soe Mya Nandar Thet Lwin

may moe ma ka said...

ငါ့စစ်တပ်ကိုငါ့ ထိန်းကျောင်း အ၀ီစိရောက်ရောက်
လိုပြောင်းရေးရမှာ
ကဗျာကကောင်းတယ် အားဆေးတစ်ခွက်ကို ကျမသောက်လိုက်ရသလိုပါဘဲ ခံစားမိတယ်။
ကြက်ခြေခတ်က လူတိုင်းလိုလိုပါဘဲ
အဆင်ပြေပါစေ။

မျှားပြာ said...

ကဗျာလေးကို ခံစားသွားပါတယ်ဗျာ ...။

December Cinderella said...

ဒင်းတို့ ကံဇာတာရှည်ကြာလွန်းတယ် ကိုပြတ်တိုက်ရေ ..ကျွန်မ တို့လဲ Sg ကနေ contribution လေးတွေ လုပ်နိုင်သလောက် လုပ်နေကြပါတယ်။

BLANK PAPER said...

အရေးအသားညက်ညက်လေးနက်ထောင်းလိုက်တာ
ကောင်းပါတယ်..ရင်ကြားစေ့ရေးက ပိုအရေးကြီးပါတယ်.
နောက် ရက် ၆၀ တောင် ပြန်ကောင်းနိုင်ပါတယ်ဗျာ..

ရွှန်းမီ said...

မတောက်တခေါက်ကဗျာ မဟုတ်ပါဘူး။ ဆရာကျပါတယ်။
"မဆုံးနိုင်တဲ့ အိမ်တွင်းရန်ပွဲ
နှစ်ပေါင်းခြောက်ဆယ်နွဲလို့ သက်သေပြခဲ့ပြီ။"
အင်းလေ.. .
"နှစ်ဦးနှစ်ဖက် စိတ်တူသဘောတူ
နားလည်မှုတစ်ခုယူခဲ့ရင်
ရက်ပေါင်းခြောက်ဆယ်နဲ့ အားလုံးပျော်နိုင်ပါတယ်။"
nice poem!
"ငါ့လှေ ငါဖောက် ရေအောက်ရောက်ရောက်" တော့ မလုပ်လိုက်နဲ့ဦးလေ။ လှေပေါ်မှာ "ငါ" ပါနေတယ်။