အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, April 14, 2008

အညတရရဲ့ မဟာသင်္ကြန်




"x x x လည်လည်လာတဲ့ သူငယ်ချင်းအားလုံး xxx ကျန်းမာပျော်ရွင်စေကြောင်း ဆုတောင်းမေတ္တာဝေ x x x"
အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင်ရဲ့ "အောင်ပါစေ" သီချင်းနဲ့ အားလုံးမင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်ဗျာ။ မနေ့က LA သင်္ကြန်မှာ အကဲလွန်ပြီး ခေါင်းမထူနိုင် ဖြစ်သွားလို့ ဧည့်ဝတ်မကျေစွာနဲ့ ရေပြန်မပက်နိုင် ဖြစ်သွားတယ်ဗျို့။ ခွင့်လွှတ်တော်မူကြပါဗျာ။ sorry ဗျို့။

ဟိုတနေ့ သင်္ကြန်အကြိုနေ့က နှလုံးသားပြတိုက်ရေကစားမဏ္ဍသို့ လာလည်ကြသော သူငယ်ချင်းများအား အားရပါးရ မီးသတ်ပိုက်နှင့်ရေပက်သော်လည်း သူငယ်ချင်းများက မောင်အညတရကို စိတ်မဆိုးကြ အလွန်မေတ္တာထားကြသည်။မနေ့က သင်္ကြန်အကျနေ့တွင် အမူးလွန်ကာ ခေါင်းမထူနိုင်ဖြစ်နေတဲ့ မောင်အညတရကို ရေဓာတ်မခန်းအောင် ဒေါ်ရွှန်းမှီက လည်ပင်းမှာ ရေခဲတုံးချိတ်ပေးသည် ။ရေငတ်တဲ့အခါ ထသောက်စရာမလို အဆင်သင့်စုပ်ဖို့ပါတဲ့ခင်ဗျ။ ဟီ.....ဟိ.... ကိုအောင် နှင့် ကိုစိုးထက်ကြီးက "နှစ်သစ်မှာ ပျော်ရွှင်ပါစေ"ဟု ဆုတောင်းပြီး အိမ်ကိုထမ်းပို့၏။ D; ခေါင်းမထောင်နိုင်ဖြစ်နေတဲ့ မောင်အညတရကို "တယောက်ထဲထားရင် အန်ဖတ်ဆို့မှာ စိုးရိမ်ရတယ်" ဟုဆိုကာ စိတ်ပူတတ်သည့် အပျိုကြီး မမရွှေပြည်သူက လန်းသွားအောင် ရေပုံးကြီးကြီးနှင့် ရေလောင်း၏။ အပျိုကြီးဖြစ်ရန် တခြမ်းသေချာနေသော မစိုးမြနန္ဒာသက်လွင်က "xxx လောင်း လောင်း လောင်းလိုက်ပါ ရွဲအောင်လောင်းလိုက်ပါ xxxx ပက်ပက် ပက်လိုက်ပါ.. xxx အတာရေတွေ အေးပါတယ်ရှင်..xxx အတာရေတွေ ချမ်းပါတယ်ရှင်..xxxx ဟော့တော်., ရေတွေ ရွဲကုန်ပြီ xxx:P" ဟုနောက်တောက်တောက်လုပ်ကာ နားဝင်ပီယံ ကျီးအာသံနှင့် သီချင်းဆိုကာစ၏။




ညမီးအိမ်က အမူးအမော်ပြေ ရေမွှေးနှင့်ရေကိုရောပြီး လောင်း၏။ သို့သော် အညတရကားတုပ်တုပ်မျှမလှုပ်ပေ။ ရေတွေတ၀ကြီး အလောင်းခံထားရသဖြင့် ကြွက်စုတ်ဖြစ်နေသော မောင်အညတရအား ကြောင်မျိုးက ခုတ်ရန်ချောင်း၏။ အပြစ်ကား သူအလွန်ချစ်မြတ်နိုး၍ ညညဖုန်းမှန်မှန် ဆက်နေသော စက်ရုံကမမ၀၀ ကို မောင်အညတရက မူးမူးနှင့် မမ၀၀ အရမ်းဝတယ်ဗျဟု ပြောမိ၍ဖြစ်၏။ သူငယ်ချင်း မေမိုးမခက "xxx သင်္ကြန်ကျပြီ သင်္ကြန်ကျ ပြီ မောင်တို့၊ xxx သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မယ်တို့xxx" သီချင်းလေးဆိုရင်း ဂုတ်ကိုဆွဲကာ ထတော့ဟု ဆို၏။ သို့သော်ငြားလည်း အညတရကား ကြက်ကလေး လည်လိမ်ထားသလို ဇက်ကလေးကျိုးကာ အရက်ပင်လယ်ကြော မှာ မျောကောင်းနေဆဲပါ။

စိတ်တိုတတ်သော Apprenticeship က မြန်မာလိုမပီကလာပီကလာနှင့် "မဏ္ဍတိုင်း ချောက်လည်ပြီး အသဲတွေ collect လုပ်တဲ့ကောင် အခုတော့ ဟိုကောင် အနက်ရောင်အိမ်မက်ရဲ့ ရေရောထားတဲ့ ချီးဖတ်(Chevas) ကို တောက်ပြီးမူးပြနေတယ်ပေါ့" ဟုပြောလဲပြော လက်ကလဲရေနှင့်တဗွမ်းဗွမ်းလောင်း၏။ သူရေလောင်းကောင်း၍ မောင်အညတရ၏ ပတ်ပတ်လည်တွင် ရေအိုင်ဖြစ်သွားရာ အကြောင်းရင်းမှန် မသိသူများက မောင်အညတရ အမူးလွန်ပြီး မထနိုင်ပဲရှုရှုးပေါက် ချသည်ထင်ကြ၏။ .... ဟီး... ဟီး.... ကြင်နာတတ်သော ဗိုလ်မုတ်သုန်က ကြည့်ပြီးသနားသွားသည်ထင်၏ ဆွဲထူကာ မုန့်လက်ဆောင်းရည်ကို တဇွန်းချင်းတိုက်လေသည်။ ဘယ်အချိန်ကတည်းက ငတ်နေသည်မသိ ရူးကြောင်မူးကြောင်နှင့် တိုက်သမျှ အကုန်သောက်ရာ နောက်လူများအတွက်ပင်မကျန်တော့လောက်အောင်ပင်။ ငတ်ကြီးကျသော အညတရကို အိမ်လေးက မကျေမနပ်နှင့် ရေခဲရေနှင့် အားပေး၏။




ထိုအခါ ဗိုက်ဟောင်းလောင်းနှင့် စတုဓီသာ မုန့်လက်ဆောင်းကို မီးခိုးတိတ် ထမင်းလွတ်လာစားသော မေမိုးတယောက် မိမိအလှည့်မရောက်လာသဖြင့် စိတ်ဆိုးပြီး ဦးလေးဂျီး အညတရကို ရေခဲတုန်းနှင့်ထုရာ ခံလိုက်ရသော လူပျိုပေါက်စ အညတရတယောက်မှာကားမသက်သာ သောက်ထားသော အရက်တောင်ဘယ်ရောက်သွားမှန်းမသိ အမူးပြေသွား၏။ ထိုသတင်းကို နားစွန်နားဖျားကြားသွား သော မြန်မာပြည်ကိုတချိန်လုံးလွမ်းနေသည့် ရှောင်လင်ဆရာလေး မမေတယောက် နောက်တရက်မနက်တွင် လူနာလာမေးရာ အမူးပြေသွားသော အညတရကို ရှာမတွေ့တော့ပေ။ ထို့ကြောင့် အသံဗြဲကြီးနှင့် "ပြတိုက်ရေနင် ဘယ်နားမှာလဲနေလဲဟ" ဟု တကြော်ကြော်အော်ရှာ နေတော့ သည်။

သူရှာနေသော မောင်အညတရ တယောက်မှာကား သင်္ကြန်ကားပေါ်တွင် "အိမ်တွင်းအောင်းတဲ့ အပျိုတွေ အရာကြီးနဲ့ ညားပါစေ။ ငါ့ကို မပက်တဲ့ မိန်းကလေးတွေ အပျိုကြီးဖြစ်ပါစေ။ :P" စသည့် ဗရုတ်သုက္ခ ဆုတောင်းပေါင်းစုံကိုအော်ရင်း မဏ္ဍတကာ လျှောက်လည်ပြီး အပျိုလေးများအား အီစီကလီလုပ်နေ၏။

"xxx ရှာပုံတော်မင်းသားကြီး x x x x မဏ္ဍတကာလျှောက်လို့လည် xxx ဘယ်အရပ်သူဌာနေမှန်းလည်း xxx မသိတော့အခက်တွေ့ပြီxxx မနှစ်ကပေးတဲ့ မင်းလိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ xxx မမှတ်မိတော့ ခက်သား မေရယ် xxx"

***C Box မှာ ပေါက်ကရ လာအော်ကြသော သူငယ်ချင်းများ၏ စာများကို အမှတ်တရ အနေဖြင့် မောင်အညတရ ကသိမ်းထားလိုပါသောကြောင့် ရောသမမွှေ လုပ်လိုက်၏။ ခွင့်လွှတ်တော်မူကြပါကုန်***

*** အကျင့်ကောင်းသော မောင်အညတရက သင်္ကြန်ဓာတ်ပုံကို ငယ်သူငယ်ချင်း မောင်ဘဦး(မန္တလေး) ၏ Blog မှ ခွင့်မတောင်းပဲ ခိုးယူဖော်ပြ၏။ "ဘဦးရေ ခွေးလွှတ်ဟ။ မောင်ရင့်ဆီကခွင့်တောင်းနေရင် ကိုးနတ်ရှင် နှိပ်စက်တာနဲ့ သင်္ကြန်ပြီးတောင် ငါ့post ကို ဘယ်သူမှ ဖတ်ရမှာမဟုတ်ဘူး....:P" ***

10 comments:

My Wonderful Moral Thoughts said...

Oh my God..,

This is cool..,

Such a funny post indeed. Made me crying out loud to laughs..,

Absolutely Love it.., :) Weldone!!

P.S: Not worries about to being single though. hehe :P

Soe Mya Nandar Thet Lwin

Apprenticeship said...

hku le sait soe twar bi byo :P
by the way, Good idea Museum yay.. Kg like de su si mu :). Thingyan ka 1 yet be kyan daw dar naw.. Chevas ne be 2 par twar chin tal so yin daw le... 2 baw be byo.... :P :P

စိုးထက် - Soe Htet ! said...

ကောင်း၏ ... :)

BLACK DREAM said...

ဘူလိုဂျီးလည်းသိဝူး...။ မသိရင် Chevas Agent ကလိုလိုဘာလိုလိုနဲ့ လူကိုအရက်သမားထင်ကုန်တော့မှာပဲ...။ အမှန်တွေပေါ် ကုန်ရင်ရှက်လို့ တေရဂျီရဲ့...။ ပြတိုက် နင်ကတော့လုပ်ချလိုက်ပြန်ပြီ...။ တွေ့မယ် ငါ့ကလောင်နဲ့ အဲမှားလို ငါ့ကီးဘုတ်နဲ့....မကြာမှီ လာမည်မျှော်...ဟော်..ဟော်..ဟော်..။ ဒူဝေ..ဝေ..ဝေ။

ein said...

လုပ်ပီအကိုပြတိုက်တို့ကတော့လေ အိမ်လေးက ရေခဲရေနဲ့ပဲလောင်းတာကို တူက အကြိုက်ဖူးနဲ့တူပနော ဘီလိုလဲ မီးသတ်ကားနဲ့ကိုခေါ်ပီးလာလောင်းရမယ်ပေါ့လေ ဟိ ဒါဆိုရင်တော့ သွားဌားလိုက်ဦးမယ်ဗျာ နော...:P

မောင်မျိုး said...

ဝေးး...ရေးထားတာ ရယ်ရတယ်ဗျ ကိုပြတိုက်ကြီးရယ် ဖြစ်ရလေ ညီအစ်ကိုချင်းပဲ လိုချင်ရင်ပြောပေါ့ မမ၀၀ ကို ပေးမယ်လေ အနော့်မှာအများကြီး ခါချနေရတယ် ပျိုတိုင်းကြိုက်တဲ့ ခါချဉ်အုံလေ :P

မြန်မာပြည်ကိုလွမ်းတယ် said...

ဟားဟား..ပြတိုက်ရယ်..နင်ပဲရေးတတ်တယ်
လူတွေစုံနေတာပဲ။နာလဲရှောင်လင်ဆရာလေး
ဖြစ်သွားပြီ..ဟိဟိ။တို.တွေကိုစာထဲမှာတောင်
ဘာမှဧည့်မခံဘူး..ဟွန်း..ကပ်စေးနဲတယ်။
နင်လူပျိုကြီးဖြစ်မှာပဲ..ဟားဟား။

ရွှေပြည်သူ said...

ကိုအညတရကတော့ လုပ်ချလိုက်ပြန်ပြီ။ အချိတ်အဆက်မိအောင် ရေးလည်း ရေးတတ်ပါပေတယ်း) သဘောကျလို့ ၃ခါလောက် ပြန်ဖတ်မိတယ်။ ရယ်လိုက်ရတာလည်း အရမ်းပါပဲ။ တော်သေးတာပေါ့ ဇာတ်လမ်းထဲမှာ စိတ်ပူတတ်တဲ့ အပျိုကြီးအခန်းကပဲ ပါရလို့။ ကျွန်မ ရေလောင်းပေးလိုက်လို့ ကိုအညတရ အန်ဖတ်မဆို့တာဆိုရင် ၀မ်းသာပါတယ်း)) မနက်ဖြန် အတက်နေ့အတွက်လည်း လိုအပ်ရင်ကူညီဖို့ ရေပုံးကြီးကြီးနဲ့ အဆင်သင့်စောင့်နေပါတယ်။း))

မေမိုးမခ said...

ဟေ ပြတိုက် သူမကောင်းတဲ့ဟာတွေကို သူတစ်စက်မှတောင်မရေးဘူး သူများအတင်းပဲအုပ်နေတယ်။ သတိထားပေတော့ နင်လူပျိုကြီးပဲဖြစ်မှာ ပြီးတော့ နော်ဘဲကြီးက ကျွဲကြီးမဟုတ်ဘူး တစ်သက်လူံးမှတ်ထား နော်ဘဲကြီးက ဟီးဟီး မရှိဘူး။

ညမီးအိမ် said...

အရေးအသားရှယ်ကောင်းတယ်။ ရယ်ရတယ်ဗျို့။ ဘလောခ်ဂါအစ်မတွေကတော့ကြိမ်းသွားတယ် လူပျိုကြီးပဲဖြစ်မှာတဲ့။ လူပျိုလား လူပြိုလားဗျို့။ ဟဲဟဲ နောက်တာချိတ်ချိုးနဲ့