အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Sunday, April 20, 2008

၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်(၄)

အညတရတို့ တူအရီး နှစ်ယောက် ကွေးနေအောင်ကနေစဉ် "ဗျို့! ဦးလေးဂျီး " ဆိုပြီး လင်းတကြွက်ကိုက်သံဖြင့် အော်နေသည့် အော်သံတခုကို ရုတ်တရက် ကြားလိုက်ရ၍ လေးလေးပြောင်ကို သတိပေးရ၏။ "လေးပြောင်၊ ဦးလေးဂျီးဆိုတဲ့ ခေါ်သံကြားတယ်။ ဧကန်န လေးပြောင်ရဲ့ ပရိတ်သတ်အသစ် Baby ဟန်နီထင်တယ် Say hi! လုပ်ပြီး သွားဧည့်ခံလိုက်အုံး" ဟုသတိပေးရ၏။ ဧည့်ခံဖို့ ကမန်းကတန်း ထွက်သွားသည့် လေးပြောင် ချက်ချင်းပင် ပြန်ရောက်လာ၏။ "ဟေ့ကောင် အညတရ ကိုယ့်ဧည့်သည်တောင် ကိုမသိဖူးလား။ သောက်ခွေး ငါ့ကို အဖိုးတဲ့" အောင်မလေးဗျာ! ငယ်ငယ်ရွယ်ရွယ် ကျုပ်ဦးလေးပြောင်ကို အဖိုးခေါ်ပြီး နုနုထွတ်ထွတ် ဟောလီးဝုဒ်က ရုပ်ရှင်မင်းသား တွမ်ခရုက လေးစားအားကျရသော ရုပ်ရည်ပိုင်ရှင် တွမ်ပက်ကျိခေါ်အညတရကို ရာရာစစ ဦးလေးခေါ်တာ ဘယ်သူတုန်းဟ။ ဒီက Night Club သွားတဲ့အချိန်နဲ့ Beer သောက်တဲ့အချိန် 21 နှစ် ဖြစ်တာကလွဲရင် အမြဲတမ်း18နှစ်ကို မဦးမချွတ် ဦးလေးခေါ်တဲ့သူ တွေ့ကြသေးတာပေါ့ကွာဟု စိတ်ထဲမှာ ကြုံးဝါးရင်း မဏ္ဍထောင့် ကိုလှမ်းအကြည့် လားလား ဒေါ်မေမိုး ပါလားကွယ်ရို့။ "ဟေ့! ဒေါ်မိုး ပါလား။ ဘာကိစ္စတုန်းဟ။ မဲလာနှိုက်တာလား " ဟုမေးလိုက်ရာ ဒေါ်မေမိုးတယောက် ဆတ်ဆတ်ခါ နာသွားပုံရ၏။ "အောင်မယ်၊အောင်မယ် ဒီကကိုကို ရှိတယ်နော်ဟင်း။သူများ ဘေးမှာ ကိုကိုရှိတာ ဒီနေ့ဆို 2563 ရက်ရှိပြီ။" ဟိုက်ရှားပါး! ဒေါ်မိုးတယောက် ဦးရွှေရိုး ရှိတယ်ဆိုပါလားဟေ့။ "အဲဒီလိုဆို ဘာကိစ္စ" "ဦးလေးဂျီး အညတရကို ငါ့ကိုကိုနဲ့ မိတ်ဆက်ပေးမလို့လေ။" သြော်ဂလိုကိုး။ ရှိစေတော့၊ ရှိစေတော့။ "ကိုရေ မိုးပြောပြောနေတဲ့ အညတရဆိုတာလေ။" "ဟိုနေ့က အမူးလွန်ပြီး ခေါင်းမထူနိုင်တော့လို့ မိုးရေခဲတုံးနဲ့ ပြုစုလိုက်ရတာသူပေါ့။" သွားပြီ။ ဒေါ်မိုးတို့က အညတရ၏ ရှိစုမဲ့စု ဂုဏ်သိက္ခာတွေကို ဖော်ကျူးပြီး ပွဲထုတ်၏။ မဖြစ်ဖူး အမြန်လျှောချမှဖြစ်မည်။ "ဟုတ်ကဲ့၊ ဦးရွှေရိုး အဲလေယောင်လို့... အကို တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော်က သွေးအားနည်းတတ်တယ်။ အဲဒီလို အချိန်ဆို အရမ်းမူးတာဗျ။ " "အောင်မယ်၊ အရက်မူးပြီး လဲတာကိုများ ဘာလို့ သွေးအားနည်းပြီး မူးတာလို့ လိမ်နေတာလဲ" "ဒီကဦးလေးဂျီး နဖူးကဘုကိုပြပြီး ကိုကိုလဲ အဲဒီအရည်တွေသောက်ပြီး မူးလို့ကတော့ ဆော်ပြီသာမှတ်ဆိုပြီး နမူနာလာပြတာ။" "နေကြအုံးနော်။ လုပ်စရာရှိတာလေးတွေ သွားလုပ်လိုက်အုံးမယ်။" မဖြစ်ချေဖူး နဖူးကို မြန်မြန်ပြပြီး မြန်မြန်လစ်မှ မဟုတ်လျှင် ယခုအခါ မထင်မရှားဖြစ်နေသည့် နဖူးကဘုကို သူ့ဘဲကြီးမြင်ရအောင် ထပ်ဆော်နေလျှင် ဒွတ်ခ။

"မသွားနဲ့အုံး။ ဒီမှာမေမိုးမခရော ပါလာတယ်။သူကမှ နှိုက်မှာဟ။" "ဘုရားရေ၊ သားသားလေး အညတရကိုတော့ ချမ်းသာပေးပါ။ အမဆို ခြင်မတောင် အကိုက်မခံဖူးပါဘူး။" ထိုအခါ မိုးမခက "အယ်မယုတ်မာနဲ့။ ဒီက မဲနှိုက်မယ်လို့ပြောတာ။ ဒါတောင် သူ့ဦးလေးမို့သိလား" ဟုပြောရင်း လေးပြောင်ဗိုက်ကို ခိုးကြည့်၏။ "သိဖူးလေဟာ။ နင်တို့ကလဲ မရှင်းမရှင်း ပြောတာကိုး။ဒီကသင်္ကြန်ဆို လက်သရမ်းတဲ့သူ ပေါလွန်းလို့ ကြောက်တယ်။" "နို့ မိုးမခ ဟိုနေ့က ငါနဲ့တွေ့တော့ အမေနဲ့ရွာကို လွမ်းလို့ဆို" " အိုး! အမေနဲ့ရွာကို လွမ်းတာတခြား အချစ်ရှာတာတခြား။" "အဖေနဲ့ရွာကို လွမ်းလို့ဆို" "အိုး! အဖေနဲ့ရွာကို လွမ်းတာတခြား အချစ်ရှာတာတခြား။" "ဒီလိုဆို မဲနှိုက်တာကကော" "" အိုး! မဲနှိုက်တာတခြား အချစ်ရှာတာတခြား။" "ဘုရားရေ၊မိုးမခ" "စိတ်ကြီးလှချေလား မိုးမခရဲ့" "ကျုပ်ဦးလေးကို ရဖို့ရာအတွက်လဲ မဲနှိုက်မယ်။ တခြားအချစ်ကိုလည်း ရှာအုံးမယ်။ အမယ်မင်း အချစ်ကြီးလှချေလားဟဲ့။" ဟူး မဖြစ်ဖူး၊မဖြစ်ဖူး ဒီကောင်မလေးတွေ ကျစ်တာနဲ့ဆိုရင် ငါ့ဦးလေးရဲ့ နဂိုကမကောင်းတဲ့ ဦးနှောက်ချောင်ပြီး သွက်သွက်ခါအောင် ရူးရချေသေးရဲ့။ မောင်ရင်မျိုးရေ ထုံးစံအတိုင်း ဗလာမဲလေးဟ။ဟီ.....ဟိ.....

"အောင်မယ်၊အောင်မယ် အညတရရှေ့မှာ ပြုံးတုံးပြုံးတုံး လုပ်နေတာ မှန်းစမ်းဟဲ့ ဗေဒါလေး မဟုတ်လား။" "မှန်လှပါ အရှင်အညတရ" "ဟာ... အညတရ ဘာတွေလဲ။ ဘာတွေလာပြောနေတာလဲ။ နင်လျှောက်မေးတာနဲ့ ငါတောင် အူကြောင်ကြောင် လျှောက်ဖြေမိပြီ။" "ဟဲ...ဟဲ... နောက်တာပါဟာ အသဲကွဲနေတဲ့ ဗေဒါလေး ဆိုစမ်းဘာကိစ္စ" "ဆိုရရင်တော့ အညတရရာ မဲနှိုက်ဖို့ကိစ္စပါ။" "ဟဲ့...ဟဲ့... ဗေဒါလေး စိတ်ထိန်းဦး နင်က အသဲကွဲနေတာလေ။" "အာ... အလိုက်တဲ့ အညတရ အသဲကွဲနေလို့ မြန်မြန်ဆက်အောင် ဒီမဏ္ဍလာ မဲနှိုက်တာပေါ့ဟ။ ကောင်လေးရေ အဲဒီလောက်ထိ မအူစမ်းပါနဲ့။ အသဲမကွဲရင် လာပြီးမဲနှိုက်စရာလားဟဲ့" "အော်... အော်... ဂလိုဆိုတော့လဲ ဟုတ်ပေသားပဲ။ဆော်တီး... ဆော်တီး... " "ငါဆော်ပြီး တီးထည့်လိုက်လို့ ခေါင်းမှာဘုထပြန်အုံးမယ်။" သြော် မဗေဒါ မဗေဒါ သိတ်ရှာမနေနဲ့ စပါးခင်းထဲမှာ ပထမဆုံးတွေ့တဲ့ စပါးနှံဟာ အကြီးဆုံးဆိုတဲ့ သူ၏ အိမ်ထောင်ရေးနှင့်အချစ် ဒဿနအဆိုအတိုင်း အရင်ဆုံးတွေ့သော ဦးလေးပြောင်၏ ကံစမ်းမဲရွေးပွဲကို အတော်မျှော်လင့်ထာပုံရ၏။ဘာတွေဘဲဖြစ်ဖြစ် ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဖဲဆိုတဲ့ မဗေဒါတယောက် အံသွားမနာအောင် ရေသောက်ပြီး အဖုံးပြန်မပိတ်မိဘဲ လက်ထဲမှာ ယောင်ရမ်းပြီး ပါလာတဲ့ ရေသန့်ဗူး အဖုံးလေးပေးထားအုံးမှ။ "မဗေဒါရေ ရော့ရော့ ဒီဟာလေးယူထားလိုက်" "ဟဲ့... ဟဲ့ ပလုတ်တုတ် နင့်ရေသန့်ဗူးဖုံးကို ငါ့လက်ထဲ ဘာလို့ လာထည့်ထားတော့ ငါကဘာလုပ်ရမှာတုန်းဟ" "ဟို...ဟို ဟိုလေ မဗေဒါရယ် နင်ပန်းပန်တာကိုပဲ ငါကြည့်ချင်တာဟ။ အံခဲတာ ငါမကြည့်ရက်လို့ပါဟာ။ ဒီရေသန့်ဗူးဖုံးလေး ငုံပြီး အံခဲတော့ နင်အံသွားနာတာ သက်သာတာပေါ့ဟာ။ ရော့ရော့... ယူပြီးငုံထားလိုက်။ ဘာမှအားမနာနဲ့ သိလား။ ငါလုပ်စရာ ရှိတာလေးတွေ သွားလုပ်လိုက်တော့မယ်။ နောက်မှတွေ့မယ် ဗေဒါရေ့" မဗေဒါတယောက် အကြင်နာတရားနှင့်ပြည့်စုံသော အညတရပေးသည့် ရေသန့်ဗူးအဖုံးလေးကို ကိုက်ရင်း အညတရအား ကျေးဇူးတွေလွှတ်တင်နေတော့၏။

မဏ္ဍစင်ပေါ်အရောက် ကိုရင်မျိုးတယောက် အနားနားသို့ ပြေးလာရင်း "ဟေ့ကောင်အညတရ ဘယ်တွေလျှောက်သွားနေတာလဲ။ ဒီမှာ ပရိတ်သတ်တွေ စုံနေပြီ။ မိုးချုပ်လို့ မီးတွေတောင် ထွန်းထားပြီးပြီ။ ဖိတ်ထားတဲ့ ဂုဏ်သရေရှိလူကြီးမင်း ဦးဆိုးသွမ်းတို့၊ Dr.ဦးစိုးထက်တို့ တောင်ရောက်နေပြီ။" "ဟင့် မင်းဥစ္စာ ဂုဏ်သရေရှိလူကြီးမင်းလည်း ပြောသေးတယ် ဦးစိုးသွမ်းတဲ့။" စိတ်တိုဟန်ပေါက်နေသည့် မောင်မျိုးက " ဟေ့ကောင် အညတရ လျှာမရှည်နဲ့။ ကိုဆိုးသွမ်းက အိမ်တိုင်ချွတ်ပြီး ဘောလုံးပွဲ လောင်းတာကလွဲရင် ကျန်တာအကုန်ကောင်းတယ်။ ကိုစိုးထက်ကလည်း စာမကျက်၊အိမ်မကပ်ပဲ ထမင်းမေ့၊ဟင်းမေ့ Blog လည်တာပဲရှိတယ်။ မင်းလျှောက်မပြောနဲ့။ ငါနားရင်းအုပ်လိုက်လို့ သွား၃၂ချောင်းလုံး လေညှင်းခံထွက်ပြီး သွားချီး ယိုးဒယားကသွားမယ်။" "မင်းက ဟိုလူ့လဲ ဗလာမဲ၊ ဒီလူလဲဗလာမဲ ကျအောင် လုပ်ခိုင်းနေတော့ အခုပေါက်မယ့်သူဆိုလို့ လွမ်းလွမ်းဆွေးဆွေး ဗေဒါလေးပဲ ရှိတော့တယ်။" ထိုအခါ အညတရက အပြင်းအထန် အပြီးကန့်ကွက်လေ၏။ "မဗေဒါလဲ ဗလာမဲပေးပါ ကိုရင်မျိုးရယ်။ သူရဲ့လက်ရှိ စိတ်ကူး အခြေအနေက ကြောက်စရာကြီးကွ။ ဘာတဲ့ Man may come and Man may go ... But i go on forever... တဲ့ ။ မင်းဟာသူမင်းသာ စဉ်းစားကြည့်ပေတော့.... .... ဟီ.....ဟိ" "ဟင်မြတ်စွာဘုရား ဟတ်လား။ ဒါဆိုရင် သူလဲဗလာမဲပေါ့။ ကြည့်လဲလုပ်ပါကွာ။ အားလုံးဗလာမဲတော့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဟ။ အညတရရာ ခဲထုခံရအောင်တော့ အလုပ်ပါနဲ့ကွာ။ " "ဖြစ်ပါတယ် ကိုရင်မျိုးရယ် ဒီလိုလုပ်ရအောင်။" ဟုဆိုကာ အညတရတယောက် မောင်မျိုးအနီးသို့သွားပြီး ဘာတွေပြောသည်မသိ။ မောင်မျိုးတယောက် ပြုံးတုန်း ပြုံးတုန်းနှင့် နားထောင်နေ၏။ပြီးနောက် "အညတရရေ ဒီလိုဆိုလဲ ဘုရား၊တရားတပြီး အဲဒီ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့ကွာ။ အဲဒီလိုဆို မင်းစင်နောက်သွားတော့" ဆို၏။

" ကြွရောက်လာကြသော ဦးလေးပြောင်၏ ဧည့်ပရိတ်သတ်ကြီးနှင့် ဂုဏ်သရေရှိလူကြီးမင်း အပေါင်းတို့ခင်ဗျာ ၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်အဖြစ် အညတရ၏ဦးရီးတော် "ဘူးတကာ့ထိပ်ခေါင်၊ ဦးလေးပြောင်"အား ဦးရာလူစနစ်ဖြင့် မဲပေးရွေးချယ်ပြီး စုလျားရစ်ပတ် နေရာချထားမည့် အစီအစဉ် စတင်ပြီဖြစ်ပါသဖြင့် အတင်းတိုးဝှေ့ခြင်း မပြုလုပ်ကြပါရန် တောင်းပန်အပ်ပါသည် ခင်ဗျား။" အလဲ့ တယ်ဆိုတဲ့ စာပါလားဟ။ ဒီလိုဆိုတော့လဲ ဒီလိုဆိုတော့လည်း အခမ်းအနားမှုး မောင်မျိုးက တယ်ဟုတ်လှချေလား။ " ကဲကဲ မတိုးနဲ့၊ မတိုးကြပါနဲ့ တိုကင်နံပါတ်အတိုင်း စည်းကမ်းတကျ နေရာယူပေးကြပါ။" အနက်ရောင်ကြီး၏ အသံကိုကြားရ၏။ံ ထိုစဉ် "ဟဲ့ပလုတ်တုတ် ဘာဖြစ်တာတုန်းဟ။ ဟဲ့... ဟဲ့ ဟိုတယောက် ငါ့ဖိနပ် မနင်းနဲ့။ " ဆူဆူညံညံ အသံများဖြင့် မဏ္ဍတခုလုံး အမှောင်လွှမ်းသွား၏။ ခဏအကြာတွင် အခမ်းအနားမှုး ဦးမျိုး အသံထွက်လာ၏။ "ကြွရောက်လာကြသော ဦးလေးပြောင်၏ ဧည့်ကရိတ်သတ်ကြီးနှင့် ဂုဏ်သရေရှိလူကြီးမင်း အပေါင်းတို့ခင်ဗျာ။ ကျွန်တော်များ အစီအစဉ်ကို ဆက်လက်ကျင်းပလိုသော်လည်း မညှာမတာ မီးပျက်သွားပါသဖြင့် အထူးအစီအစဉ်အား နောင်နှစ်သို့ ၀မ်းနည်းစွာရွှေ့ဆိုင်းလိုက်ပါကြောင်း ကြေညာအပ်ပါသည် ခင်ဗျား။" ဦးလေးပြောင်၏ ချစ်ပရိတ်သတ်ကြီး မှာ အချို့က "နောင်နှစ်ထိစောင့်နိုင်ဖူး။ အခုပေး"ဟုဆိုသူကဆို၊ " အခုရရင်ရ မရရင် ခိုးပြေးမယ်" ဟုပြောသူကပြောနှင့် ဆူညံစွာပြောဆိုကြပြီး တဖြေးဖြေး လူစုကွဲသွားလေသတည်း။

အပျိုကြီးတို့ရေ...... နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ် xxx လေးပြောင်ပြန်လာမယ် xxx လာပါမယ် xxx ဒီနှစ်လိုပဲ ဆီးလို့ကြိုကွယ် xxx လေးပြောင်ပြန်လာမယ် xxx


6 comments:

May Moe said...

ဟားဟားဟားဟားဟား
အရမ်းအရမ်းကို ရယ်ရတာပါပဲရှင်၊ ဟားဟားဟားဟား
၂၅၆၃ ရက်တောင်ပါသေးတယ်၊ ဘာပြောရမလဲတောင် မသိဘူး၊ရယ်ချင်တာပဲသိတယ်။
သူများကို ပျော်အောင်လုပ်တတ်တဲ့ ဦးလေးဂျီး @ တွမ်ပက်ကျိ လဲ တသက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ။
တော်တော် တော် တဲ့ တွမ်ပက်ကျိ :P

mabaydar said...

ဗလာမပါမဲဖောက်ပေး... မဲများပေါက်ပြီလားလို့ အောက်အမြန်ဆင်းဖတ်တော့.. ဗလာကြီး.. နောက်နှစ်ကြမှမဲထပ်လာနိုက်မယ်.. ဗလာမပါကြေးနော်..

BLACK DREAM said...

ကောင်းတယ် မြန်မြန်ပြီးတာ..တော်ကြာ ငါ အရက်သမားလုံးလုံး ဖြစ်တော့မယ်..ဟား..ဟား။ မိုက်တယ်ကွာ သူငယ်ချင်းတွေ၊ အစ်ကို၊ အစ်မတွေကို ပျော်ရွှင်စေတဲ့ ငါ့သူငယ်ချင်းလည်း စိတ်ချမ်းချမ်းသာသာနဲ့ အမြန်ဆုံး ငြိမ်းချမ်းနိုင်ပါစေကွာ။

မောင်မျိုး said...

ဒီပို့ စ်တော့ အရမ်းကို ရယ်ရတယ်ဗျ တစ်ယောက်တည်းရယ်နေတာမို့ ပေါ့ ရုံးချိန်းတွင်း ဒီလိုရယ်နေလို့ ကတော့ အရူးလို့ ပြောခံရမှာသေချာတယ် တော်တော်ရေးတက်တယ်ဗျာ ကျနော်ရယ်စရာတွေရေးတဲ့သူတောင် ဒီလောက်မရေးတက်ဘုးး ဟဲဟဲ အခမ်းနားမူးကိုကျေးဇူးတင်သင့်တယ် ဒါနဲ့  ထိုင်းကို လာမယ့် ကိစ္စ သေချာစဉ်းစား ပါအုံးးးးးးးးးး =)

မေမိုးမခ said...

အင်း ကိုကိုဟတ်ကတော့လေ ဟတ်ကော့အမားဖြစ်နေအုံးမယ်နော်။ဟိဟိ
တော်တော်လေးကိုရယ်ရတယ် မေမိုးတကယ်ပဲလုပ်နေသလိုလိုနဲ့ တော်တော်ဆိုးတဲ့လူပျိုကြီး ဟင့်... ရယ်စရာတွေများများရေနိုင်ပါစေ။

Layma said...

ပျော်စရာ blogger သင်္ကြန်ပွဲကြီးပဲနော်..။