အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, April 19, 2008

၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်(၃)

အပျိုကြီးမရွှေပြည်ကို ကြောက်ကြောက်နှင့် အမြန်နှုတ်ဆက်ပြီး လှည့်အထွက် "နေအုံးကောင်လေး ဒါဘယ်သွားမလို့လဲ" ဟု ပြောပြောဆိုဆိုဖြင့် လက်ကိုဆွဲထားသဖြင့် လှည့်ကြည့်လိုက်ရာ စိတ်တိုလက်မြန်သည့် Ms., Apprenticeship အား ဘွားကနဲတွေ့လိုက်ရ၏။ မြန်မာပြည်သတင်း၊ ပညာရေးနှင့်ငွေကို ခြိုးချန်ချွေတာ ကပ်စီးနည်းဖို့ ကလွဲရင် ဘာမှစိတ်မ၀င်စားသော အပျိုကြီးတယောက် မဟုတ်မှလွဲရော အညတရ၏ ဦးလေးဗိုက်ပူကိုတော့ စိတ်ဝင်စားသည်ထင်၏။ "အညတရရေ နင့်ဦးလေးက နင့်အတိုင်းပဲ ချောတယ်နော်... အဟိ" ပြောရင်းဆိုရင်း အပျိုကြီးမျက်နှာ ကြက်ပန်းရောင်သန်းသွား၏။ အခြားသူများ ရှက်သွေးဖြာပါက မျက်နှာကကြက်သွေးရောင် ( သို့မဟုတ်) ပန်းနုရောင်သန်း၏။ ဟီ...ဟိ ဒီအပျိုကြီးကတော့ သူ့Blogက Profile အတိုင်း ဟိုမရောက်၊ ဒီမရောက် မျက်နှာအရောင် ကြက်ပန်းရောင်သန်း၏။ "နောက်ပြီး ဗိုက်ကလဲ ဘီယာဗိုက် လုံးးလုံးလေးဆိုတော့ အစုအဆောင်း ကောင်းပုံရတယ်နော်။" အညတရကလဲ အချိန်ကိုက် ကြော်ငြာဝင်၏။ "ဟုတ်တယ်ဗျ။ လူပျိုပေါက်ကတည်းက စုထားတာတဲ့။" "အင်း....နင်မပြောခင်ကတည်းက ထင်တော့ထင်သား။ တော်သေးတယ်။ ရောက်တာစောလို့။ မဟုတ်ရင် မဲနှိုက်ဖို့ ကိုအတော်စောင့်ရမယ်။ အေးအေး....နင်လုပ်စရာရှိတာလုပ်လေ။သွား....သွား " အပျိုကြီးကတော့ လေးပြောင်ဗိုက်ကြီးကို ကြည့်ပြီး ဇယားချနေပုံရ၏။ အညတရစိတ်ထဲမတော့ ဦးလေးရေ ဘုရား၊တရားသာ တပြီးနေပေတော့ဗျို့။ မတော်၍ သူမဲပေါက်ပြီး ဦးလေးပြောင်ကို ပိုင်သွားလို့ကတော့ မြင်ယောင်နေ၏။ "ဒီမယ် ကိုကိုပြောင် ရှင့်ဗိုက်ကြီးရွှဲနေတာ ရှင်အနှစ်နှစ်အလလ စုထားတဲ့အစာတွေ၊ ဟိုသေရည်တွေကြောင့်ရှင့်။ အဲဒီတော့ ဒီနှစ်ဆန်းတရက် နေ့ကစပြီး အစာမစား၊ ဘီယာမသောက်နဲ့တော့ သိလား။" "ရေပဲသောက်ပြီး အလုပ်ကြိုးစား ရသမျှကျမကိုအပ်။ ကျမက အသုံးစာရင်း ရှင့်ကိုအပ်မယ်။ ဘာတွေသုံးလဲ လာမမေးနဲ့။ ဒီကဘယ်လောက် အသုံးအစွဲ စည်းကမ်းရှိတယ်ဆိုတာ ရှင့်တူအသိ။ သူကျမရဲ့"အမွေအနှစ်" post ကိုဖတ်ထားပြီးသား။ သူ့သာမေးကြည့်" ဆိုမှဖြင့် ဒွတ်ခ။ ဦးလေးရေ အစား၊အသောက် မပျက်ချင်ရင်တော့ ထုံးစံအတိုင်း ကိုရင်မျိုး နှင့်ညှိပြီး ဒီအပျိုကြီးပါ ဗလာမဲကျအောင် စီစဉ်ပေတော့ဗျို့။...... ဟီ......ဟိ




အောင်မယ်မင်း၊ မဏ္ဍစင်ထိပ်တွင် ကိုရင်မျိုးတယောက် မမေကို တတွတ်တွတ်နှင့် ဘာတွေပြော နေသည်မသိ။ အညတရက ဒါမျိုးဆို စပ်စုတာဝါသနာပါ၏။ နားထောင်အုံးမှ။ အညတရတယောက် သူတို့နားအရောက် မောင်မျိုးကမမေကို "အဟုတ်ပြောတာမမေရေ။" ဟုဆိုပြန်သည်။ ဘုရားရေ၊ တသက်နှင့်တကိုယ် တခါမှ စကားကောင်း မပြောဖူးသည့် ကိုရင်မျိုး မမေကို ဘာတွေကို အဟုတ်လို့်ပြောပြီး လှိမ့်နေတာပါလိမ့်။ " မမေ ဘုရားဘယ်လောက် ကန်တော့တယ်။ တရားဘယ်လောက် ကြိုးစားမှတ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့ဗျာ။ " " ဒါပေမယ့် မမေရေ ယောင်္ကျားစင်စစ်ဧကန်ဖြစ်ဖို့ နောက်ဘ၀ထိ စောင့်ဦးမှာလား။ ကျွန်တော်သာဆို စောင့်ရမှာ ပျင်းတယ်ဗျာ။ ဖြစ်ချင်ရင် ဒီဘ၀မှာတင် ဖြစ်လို့ရတယ်ဗျ" "မြတ်စွာဘုရား၊ ကြောင်မျိုး အဟုတ်ပြောတာဆိုပြီး မဟုတ်တာတွေပြောပြန်ပြီ။ " သို့သော် မမေတယောက်ကတော့ နားလေးကိုစွင့်ပြီး မောင်မျိုး၏ အပြောမှာ မြောနေ၍ အညတရတယောက် သူ့အနားရောက်နေသည်ကို ပင်သတိမမူမိတော့။ "မောင်မျိုး နင်ငါ့ကို တကယ်ပြောနေတာလားဟင်။ ငါလေ ယောင်္ကျားစင်စစ် ဧကန်ဖြစ်ချင်လို့ ညတိုင်းဆုတောင်းနေတာ နင်လဲသိသားနဲ့ဟယ်။" "သိနေတယ်လေ။သိနေတယ်။ ဒါကြောင့်လဲ ကျွန်တော်က မမေကို နောက်ဘ၀ထိ မစောင့်နဲ့လို့ပြောနေတာပေါ့။ " "အေးဟာ ငါလဲ ဒီဘ၀မှာ မဖြစ်နိုင်ဖူးထင်လို့ နောက်ဘ၀ကို စောင့်နေတာဟ" "နင့်ကိုငါပြောမယ်။ဒီဘ၀မှာဖြစ်နိုင်တယ်။နောက်ဘ၀ကိုစောင့်မနေနဲ့။" "ကျွန်တော် မောင်မျိုး ထိုင်းမှာနေသည် ဆိုကတည်းကသဘောပေါက်တော့။ မဏ္ဍကဆိုင်းဘုတ်ကိုလည်း သေသေချာချာ ဖတ်ကြည့်အုံး။ ငါ့မှာ ပိုနေတဲ့ဖောက်သည်တွေ..... အဲလေ ယောင်လို့ သူငယ်ချင်းတွေ အများကြီးရှိတယ် မပူနဲ့။ " "ဒီနေ့ကနေစပြီး အလုပ်ကိုကြိုးစား၊ ပိုက်ဆံစု ပြီးရင် ငါရှိတဲ့ထိုင်းကိုလာခဲ့။ ကျန်တာငါ့တာဝန်ထား။ ဟုတ်ပြီလား။ ကဲ.... သွားတော့ ငါလဲတိုကင်ဝေရအုံးမယ်။" " မောင်မျိုး တကယ်နော် အဲလိုဆို ငါမဲနှိုက်ဖို့ တိုကင်မယူတော့ဘူး။ ကျေးဇူး အရမ်းတင်တာပဲဟာ။ သူတပါးကို ကူညီတတ်တဲ့ ကောင်လေးမောင်မျိုး ဘုန်းကြီးပါစေ။သက်ရှည်ပါစေ။ " "ငါသွားတော့မယ်ဟာ။ ဒါပေမယ့် ပြည့်စုံတဲ့တနေ့ နင်ကိုငါ ပြန်လာရှာမယ်။" "ဘုရား.... ဘုရား .... ဦးလေးပြောင် ကံသီပေလို့။ ကောင်လေးမောင်မျိုး ကျေးဇူးကြီးပါပေတယ် ဘုန်းကြီးပါစေ။သက်ရှည်ပါစေ။ " အညတရတယောက် ဆုတောင်းရင်း ဇောချွေးပြန်နေ၏။



စင်ပေါ်တက်လာသော အညတရကို မြင်မြင်ချင်းပင် အပျိုကြီးလည်းမဟုတ်၊ အပျိုလေးလည်း မဟုတ်သည့် ဟိုမရောက်၊ဒီမရောက် အပျိုမကြီးတကြီး စိုးမြမြနန္ဒာသက်သက်လွင် (နာမည်ကတိုနေလို့ ဖြည့်ပေးလိုက်သည်။) က နားဝင်ပီယံ ကျီးအာသံဖြင့် " အညတရကြီးရေ..... come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx
come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx " ဟိုက်ရှားပါး၊ ဘယ်ကအိုးကို လာလှုပ်ခိုင်းနေသည်မသိ။ ဒွတ်ခ! အညတရဆိုသည့်ကောင်က အတော်ချမ်းသာတာကို သူမသိလေရော့သလား။ လှုပ်စရာ အိုးလဲမရှိ။ ကိုရင်မျိုးပြောသလို ဇလုံလဲမရှိ။ ဘာမှမရှိ၍ ထမင်းတောင် လပေးနှင့်စား၏။ ဒါတောင် ညီမလေးလိုခင်သော အေးယဉ်သူထံက တလစာအကြွေးရ၍ ဖြစ်၏။ (အေးယဉ်သူရေ ဟုတ်လားဟေ့... ဟီ....ဟိ....) မဖြစ်ချေဘူး မင်းသမီးကလည်း လူနိုင်ဆိုတော့တခုခုတော့ လှုပ်ပြမှဖြစ်မည်။ မဟုတ်လျှင် လက်ထဲကကိုင်ထားထဲ့ ပုလင်း အညတရထံ ခွင်းလာလိမ့်မည်။ အလိုလေး ပုလင်းဆို၍ သူ့လက်ထဲ ကိုင်ထားသည့်ပုလင်းက မြင်ဖူးသလိုလိုရှိ၏။ အခြေအနေကောင်းရင် ၀င်မော့ရအောင် အော်မေးပြီးစပ်စုကြည့်အုံးမှ။ " နန္ဒရေ ... အိုးတော့မရှိဖူး။ဒါပေမယ့် ရှိတာလှုပ်ပြပါ့မယ်။ ဒါနဲ့ ညည်းလက်ထဲက ချီးဖတ်က ဘယ်ကရတာတုန်းဟ။ ၀ယ်လာတာလား။" " ညံ့ပါ့ အညတရရယ် အောက်စဖို့တက္ကသိုလ်က စိန့်ကက်သရင်းကျောင်းတော်သူပဲလေ။
ဘာလို့်ဝယ်သောက်မလဲဟ။ ဟိုငမူး အနက်ရောင်အိပ်မက် ဆီက စီးပွားရေးပညာ တတ်၍မနေသာ အသာတကြည်နဲ့ ခိုးထားတာဟ။" ဟိုက်ရှားပါး သူသာ Bank Investment လုပ်ရင်တော့ မလွယ်ရေးချာမလွယ်။ ......ဟီ....ဟိ။ "ဒါပေမယ့် မမိုက်ပါဖူးဟာ... ပုလင်းက အခွံကြီးဟ။ အနက်ရောင်ကြီးက အကုန်သောက်ပြီး ခပ်တည်တည်နဲ့ ခါးကြားထိုးထားတာ။ အခု ငါတောင် ချီးဖတ်( Chevas ) နံ့ရှုပြီး မူးနေရတယ်ဟ။" "
ကဲ ကဲ အညတရကြီးရေ..... come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx come on! come on! အိုးလေးလှုပ်ပါဟေ့ xxxx အိုးလေးလှုပ်ပါဟေ့ xxx " "အေးပါဟ။ ငါ့မှာတော့ ဘာမှမရှိဘူး။ ငါ့လေးလေးပြောင်မှာတော့ Beer ဗိုက်ရှိတယ်။ လေးပြောင်ရေ.... come on! come on! ဗိုက်လေးလှုပ်ပါဟေ့ xxxx ဗိုက်လေးလှုပ်ပါဟေ့ xxx come on! come on! ဗိုက်လေးလှုပ်ပါဟေ့ xxxx ဗိုက်လေးလှုပ်ပါဟေ့ xxx " ဦးလေးပြောင်ကား ဗိုက်လေးလှုပ်ကာ ကွေးနေအောင်ကလေသတည်း။

ဆက်ရန်......

9 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

ဟီးဟီး တော်တော်ကောင်းတဲ့အစီအစဉ်။
ခွီးခွီးခွီး။ခုပြည့်စုံပြီဝေးးးးး ကြောင်မျိုးကိုခုပဲ
သွားရှာလိုက်တော့မယ်။ဟားဟား။ပြတိုက်ရေ
နင်ကတော့လေ နာတို.ရေးထားသမျှမှတ်မိ
တယ် ဒီလောက်ကောင်းတဲ့ခေါင်းကို ဖြုတ်
ယူသွားတယ်..ကဲဟယ်။ငှဲငှဲငှဲ။

Apprenticeship said...

Lote bi arrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
rrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
rrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
rrrrrrrRRRRRRRRRRRRRRRRRRRRRRRRRRRRR

tae bar bi.. byo.

My Wonderful Moral Thoughts said...

Yee Ya tae heeeeeeey..., A yann ko yeeee ya tae, thi lar??

While i read your posts., It's made me tears in my eyes with joys as your comedian written skills is awesome!!!

I cannot believe u can write it down every single words from every blogger...,

I applause your memories!!!

Weldone..,
Soe Mya Nandar Thet Lwin

MayMoe said...

ဟားဟားဟား အရမ်း ရီရတယ်။ ဦးလေးဂျီးက တော်တော် ရေးတတ်တာပဲ။ဇတ်သိမ်း မြန်မြန်ရေးပါဗျိုး

ရွှေပြည်သူ said...

မောင်အညတရရေ မှတ်လည်း မှတ်မိပါပေတယ်... ရေးလည်းရေးတတ်ပါပေတယ်း) ဒါပေမယ့် အပျိုကြီးတွေကို နှိပ်ကွပ်တာတွေ များနေပြီနော်... အပျိုကြီးတို့ရေ ဒီအတိုင်းကြည့်မနေကြပါနဲ့ (မေကတော့ ခြေမြန်လက်မြန် ခေါင်းကို ဖြတ်ယူသွားပြီ။ ဟိုမောင်မျိုး တစ်ယောက်လဲ ထွက်စာတင်ပြီး ကိုယ်လွတ်ရုန်း ပြေးပြီး)) ချိမ်းခြောက်တယ်လို့တော့ မထင်နဲ့နော်း))

HEARTMUSEUM said...

မမေကလဲ အကောင်းလဲ ဒီကအကြံပေးရသေးတယ်။
သူများသားသမီးကို ခေါင်းဖြတ်မလို့တဲ့......
ရက်စက်ပါနဲ့ နှမပျိုရယ်
မောင်မျိုးကိုရှာပေးမယ်။.........
Apprenticeship ရေ.... r u sure u don't want my pure uncle?...hee.......hee.....
နန္ဒာရေ.... နာနင့်အတွက် ကောင်းကောင်းလေးရေးပေးထားတာနော်....
ဘယ်မလဲ ချီးဖတ် နာ့ကိုပေး.....
နာ့ကို ဦးလေးဂျီး ခေါ်တဲ့မေမိုးတော့ နာရေခဲတုန်းနဲ့ ဗျင်းလိုက်လို့.. ဟင်း... :P
မရွှေပြည်ရေ.... ဟီး...ဟီး.... တခါထဲပါ....
ဇာတ်သိမ်းပါပြီ။.......ဟိ

မောင်မျိုး said...

အဒေါ်ကြီးးး ဇတ်လမ်းက ဘယ်နှပိုင်းရေးမှာလဲ ဖတ်ရင်းနဲ့ ကြောက်ကြောက်လာလို့  ဟီးးးးးးးးး မေက နှာစေးနေလို့ တဲ့ မလာတော့ဘူး အစ်ကိုပဲလာခဲ့တော့ နော့် ။

HEARTMUSEUM said...

xxx ကြောင်မျိုး ဆိုရင် ကြောက်ပါသည်။ xxx ထိုင်းကိုခေါ်လိမ့်မည်။ xxx

BLACK DREAM said...

လုပ်ထားကြဟေ့..လုပ်ထားကြ..ပြတိုက် နင်လုပ်တာနဲ့ ငါ့ဘလော့တောင်နာမည်ပြောင်းရတော့မယ် (Black Chevas) ဆိုပြီးတော့ ... ရက်စက်ကြပါပေ့ဗျာ..သူများသားသမီး သူ့ဘာသာ ဘုရားနဲ့ တရားနဲ့နေတာကို...( သူများသားသမီးကို ပြောတာနော်..နာဟုတ်ဖူး..ဟီး..ဟီး..စွတ်ပြီး အထင်ကြီးနေမှာစိုးလို့ :P)