အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, April 16, 2008

၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်( ၂ )

မောင်စပ်စု ခေါ် မောင်အညတရက စင်အောက်ဆင်း ကိုမျှားပြာနားကပ်ပြီး " မောင်ရင့်စကား ထိရောက်လှ ချေလား။ ဘာပြောလိုက်တာတုန်းဟ"ဟု မေးရာ မျှားပြာက "မင်းကလဲ ဒါများး လွယ်လွယ်လေးပါကွာ။ တခွန်းထဲပဲ ပြောလိုက်တယ်။ " " အမျိုးသမီးတွေ တားထားတဲ့ကြားထဲက ဇွတ်ရှေ့မတိုးနဲ့နော်။ တားမရလို့ ငါတို့အုပ်စု စိတ်ဆိုးလာရင် စည်းကျော်သူမှန်သမျှ လူကြားသူကြားထဲ မွှေးမွှေးပေးလိုက်မယ်။ ဒါပဲလို့ ပြောလိုက်တယ်ကွာ" ဟု နှုတ်ခမ်းလေးချွန်ကာ ရီရင်းရှင်းပြ၏။ "ဟိုက်ရှားပါး၊" ကိုမျှားပြာကို မောင်အညတရက ဒီစကားတခွန်းတည်းဖြင့် သမ္ဘာကိုသိသွားပြီး အကြီးအကျယ် လေးစားသွား၏။ သူ့ပုံစံကလည်း အဟုတ်လုပ်မည့်ပုံပေါက်၏။ သြော် ဒီလိုအချက် သိတော့လည်း ငှက်ပျောသီး အခွံခွာ စားတာထက်တောင်လွယ်၏။ ဒါကြောင့်လည်း ဟိုအမူးပါး အမည်းရောင်တယောက် မဏ္ဍထောင့်မှာ ဆက်မမူး၊အိပ်မက်မမက်တော့ပဲ လူကောင်းယောင်ဆောင် ဂေါ်မစွန်အုပ်စုထဲ ၀င်ရောကာ ခြေသွက်လက်သွက် စေတနာတွေ ဗလပွနှင့် "ရှေ့မတိုးနဲ့နော်" ဟုတကြော်ကြော် အော်နေသည်ကိုး။ :P "ဘူးတကာ့ထိပ်ခေါင်၊ ဦးလေးပြောင်" ကိုစိတ်ဝင်စားသော်လည်း မျှားပြာတို့ လက်တွေ့သမားအုပ်စု ကိုတော့ အမျိုးသမီးများ ကြောက်ပုံရ၏။ တယောက်မျှ ရှေ့မတိုးရဲတော့ချေ။ သူ့ပညာနှင့်သူတော့ဟုတ်နေ၏။ :P

စင်ပေါ်တက်မည်အလုပ် အပျိုကြီးမရွှေပြည်က လှမ်းခေါ်ကာ ရန်ထောင်တော့သည်။ သူတို့ အပျိုကြီးများက အညတရကိုတော့ နိုင်သည်။ "ဒီမှာအညတရ၊ ငါ့ခေါင်းမှာ ပိတောက်ပန်းတွေ ဦးဦးဖျားဖျား ဘယ်သူမှပန်မပေးဖူးဘူး""ဟုတ်၊ဟုတ်" အညတရတယောက် ခေါင်းကုတ်ခါ နားထောင်နေ၏။ "ရေတခွက်ကိုလည်း ဦးဦးဖျားဖျား ဘယ်သူ့ကိုမှ မရည်စူးဖူးဘူး" "ဟုတ်၊ဟုတ်" နားသာထောင်နေ၏ အညတရတယောက် မရွှေပြည် ဘာဆိုလိုသည်ကို နားမလည်သေး။ "ဦးဦးဖျားဖျား စိတ်ကူးအဆန်းအပြားနဲ့ ရေပွဲသဘင် ဆင်နွှဲပျော်ရွှင်တာလည်း မရှိခဲ့ဖူးပါဘူး" "ဟုတ်၊ဟုတ်" ကြောက်၍သာ တဟုတ်ဟုတ် လုပ်နေသည် အပျိုကြီး ဘာတွေပြောနေသည်ကိုနားမလည်နိုင်။ "သိလားအညတရ ငါလေဒီသင်္ကြန်ပဲ အပျိုကြီး ဘ၀ကလွတ်အောင် အလည်ထွက်ဖူးတယ်။ နင်တို့မဏ္ဍမှာ ကြေငြာဆိုင်းဘုတ်တွေ့လို့ ကြုံတုန်းလေး ၀င်ပြီးကံစမ်းမလို့" အော်ဟော်... အခုမှသဘောပေါက်၏။ အပျိုကြီးက ဦးလေးကိုမျှော်ပြီး တူလေးကိုလာ ကြော်ငြာနေသကိုး။( မှတ်ချက်။ ။ မရွှေပြည်သင်္ကြန်လွမ်းချင်း ကဗျာကိုဖတ်ရှုပါရန်။ :P )




မောင်အညတရ တသက်လုံး လေးစားကြောက့်ရွံ လာရသည့် မရွှေပြည်ကို ဒီတခါ အခွင့်အရေးရတုန်းလေး ဟောက်ဖူးတယ်ရှိအောင် ဟောက်ထားအုံးမှ "အဲဒီလိုဆိုရင်လဲ မဲနှိုက်ဖို့ တိုကင်ယူလေဗျာ။" ဟီ...ဟိ ခပ်တည်တည်နှင့် ဟောက်ရတာ အရသာရှိလိုက်တာ။" "ဟိုလေ.... ဟိုဟို ၊ငါရောက်တာ နည်းနည်း နောက်ကျသွားတယ် အညတရ" "သြော်... ဟုတ်၊ဟုတ်" "အဲဒါနဲ့ မဲနှိုက်တဲ့တိုကင် နံပါတ်က နဲနဲနောက်ကျသွားတယ်။အဲဒါ ငါ့ရှေ့ကလူတွေတော့ မပေါက်ပါဖှူးနော် " "တော်ကြာငါ အစောင့်ကြီးစောင့်ပြီးမှ မပေါက်ရင် ရှက်စရာကြီးဟ။" ဒုက္ခ၊ အပျိုကြီးမရွှေပြည်နှယ် ပူတတ်ရန်ကော၊ ရှက်တတ်ရန်ကော။ "နင်ဟိုနေ့က မူးလဲတုန်းကလဲ ငါကူညီသေးတယ်လေ" "အခုဆို သင်္ကြန်အကျနေ့က မောင်လေးမူးပြထားလို့ အရက်မူးလွန်ပြီး မထနိုင်တဲ့သူကို ပြုစုနည်းလည်းသိပြီဟ" "နင့်ဦးလေးကြည့်ရတာ ဗိုက်လုံးလုံးလေးနဲ့။ ဧကန်န သူလဲ ဘီယာကြိုက်ပုံရတယ်။ "သြော်... ဟုတ်၊ဟုတ်" ဒါပေမယ့် အညတရရေ ငါတို့ဆီမှာ မီးခဏ၊ ခဏပျက်တော့ ရေခဲတုံးရဖို့ မလွယ်ဖူးဟ။ နင့်ဦးလေး အမူးလွန်ရင် ရေခဲတုန်းနဲ့ ထုဖို့မလွယ်ဘူး။ အဲဒီတော့ ငါသင်္ကြန်အကျနေ့က မောင်လေးကိုလောင်းတဲ့ ရေပုံးကြီးကြီးနဲ့ပဲ မထမချင်းထုတော့မယ်။ ဖြစ်တယ်မလား " ဟု မျက်လုံးလေး ကလယ်ကလယ်နှင့် မေး၏။ အောင်မလေးဗျာ မဲပေါက်ဖို့က ဘယ်ဆီနေမှန်းမသိ မရွှေပြည် တယောက်ကတော့ လွှတ်စိတ်ကူးယဉ်နေ၏။ ကြည့်ရသည်မှာ အပျိုကြီးဘ၀ကို အတော်စိတ်နာနေပုံရ၏။ ဟီ... ဟိ...:P ( မှတ်ချက်။ ။ အညတရအညတရရဲ့မဟာသင်္ကြန် ၀တ္ထုတိုကိုဖတ်ရှုပါရန်။ :P )

ဘုရားရေ အခုမှစဉ်းစားမိ၏။ မရွှေပြည် တယောက်မဲပေါက်၍ လုံးဝမဖြစ် အညတရဦးလေး အမူးလွန်ပါက မနိုးမချင်း၊ မထမချင်း ရေပုံးကြီးကြီးနဲ့ထုလို့ကတော့ နဂိုကမှပြောင်တဲ့ ဦးလေးပြောင်နဖူး အမာရွတ်များဖြင့် တန်းစီနေလိမ့်မည်။ ဒီအပျိုကြီး မဲပေါက်ရင် အညတရဦးလေးတော့ မလွယ်ရေးချာမလွယ်။ မရွှေပြည်မဲပေါက် ဖို့ထက် ဦးလေးပြောင် အသက်ရှည်ဖို့က အရေးကြီး၏။ တိုကင်ဝေဖို့နဲ့ မဲနှိုက်ဖို့ စီစဉ်သည့် ကြောင်မျိုးကို ရှင်းပြပြီး အပျိုကြီးမရွှေပြည်ကို ဗလာမဲကျအောင် စီစဉ်မှဖြစ်မည်။ ရွှေပြည်တော် မျှော်တိုင်းဝေးသည့် မရွှေပြည်ရေ့ အပျိုကြီးဘ၀နဲ့ပဲ ဆက်နေပါတော့ဗျာ။ အညတရလေးကို ခွင့်လွှတ်ပါတော့ဗျို့။ဟီ... ဟိ...:P

***အစအနောက်သန်သော အညတရကို စိတ်မဆိုးပဲ သည်းခံခွင့်လွှတ်ကြသော သူငယ်ချင်းများ အားအထူးကျေးဇူးတင်ပါသည်။ လာလည်ဖတ်ရှုပြီး ဆက်ရေးရန် အားပေးကြတဲ့ သူငယ်ချင်းများ ကိုလည်း အထူးကျေးဇူးတင်ပါသည်။***

ဆက်ရန်......


9 comments:

My Wonderful Moral Thoughts said...

ဆက်ရန်ကို စောင့်မျော်နေပါတယ်ဗျိုး :)

Soe Mya Nandar Thet Lwin

Apprenticeship said...

Heart Museum yay.. ရွှေပြည်က အညတရတာန်ယူမယ်ဆိုရင် ခွင့်လွတ်မယ်တဲ့ :P

မြန်မာပြည်ကိုလွမ်းတယ် said...

ဆက်ရန်ကိုဆက်သေးဘူးလားဟာ..။

ရွှေပြည်သူ said...

အမယ်လေး လုပ်ရက်ပါပေ့ ကိုအညတရရယ် ... နေမကောင်းလို့ Blog မလည်နိုင်တဲ့ ရက်ပိုင်းလေးအတွင်း စာတစောင်ပေတဖွဲ့ ရေးထားလိုက်တား)) အစပိုင်းကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဖတ်နေတာပါပဲ။ ကိုယ့်နာမည်တွေ့မှ ဆက်မပြုံးနိုင်တော့တား))

လာလည်ဖတ်ရှုကြသော ညီအကို မောင်နှမအပေါင်းတို့ရှင့်... ကျွန်မ မရွှေပြည်သူတစ်ယောက် အပျိုကြီးဘ၀ကို ကျေကျေနပ်နပ် မက်မက်မောမော ဖက်တွယ်ထားတာသာ ဖြစ်ပါကြောင်း၊ မည်သည့် ကံစမ်းမဲကိုမှလည်း ၀င်ရောက် ကံမစမ်းဖူးပါကြောင်း၊ ကိုအညတရ တခြားအမျိုးသမီး “ချောချော” တစ်ယောက်နှင့် လူမှားသွားတာသာ ဖြစ်ပါကြောင်း အတိအလင်း ကြေညာအပ်ပါတယ်ရှင်...း))))

မောင်အညတရ said...

ဟီ...ဟိ..... အနော်က ငါ့အမကြီး
comment ကိုစောင့်နေတာဗျ.......

မောင်မျိုး said...

ကိုပြတိုက်နှင့် ဂိုဏ်တူသားအဖြစ်မှ ကျနော့် အော့ကြောလန် မောင်မျိုး နှုတ်ထွက်စာတင်ပါတယ် အကြောင်းမှာ ဒီဦးလေးကြီးလုပ်ပုံနဲ့ အပျိုကြီးးမမ များ ဓားနှင့်လိုက်လျှင် ခြေထောက်နာနေတော့ ပြေးမနိုင်ဖြစ်ပြီး အသက်ထွက်မည်ဆိုးပါသောကြောင့်....ဟားဟား ကိုယ့်ပါသာရှင်းတော့ ဒို့ လက်ကလွတ် ဗွတ် ရွှတ် :P

HEARTMUSEUM said...

Apprenticeship ရေ..... မရွှေပြည်က ရွယ်တူပဲ
စိတ်ဝင်စားတာတဲ့ ....ဟီ....ဟိ
သားသားတို့လို ၁၈နှစ် ၁ရက်လျှော့တွေကို
သူရှာကျွေးရမှာကြောက်လို့ သုံးဖူးတဲ့။:P
မောင်မျိုးရေ ကိုရင်နှုတ်ထွက်စာက
စာတိုက်ကဖျောင်လိုက်လို့
နာ့ဆီရောက်ဖူးဟ။

ein said...

လာပြန်ပေါ့နော် ဆက်ရန်ဆိုတာက လုပ်ပီ အကိုပြတိုက်တှိုကတော့လေ ...း)

BLACK DREAM said...

နင်မသိလို့..ငါကမူးသာ မူးတာ အမူးပါးဟ :P