အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Tuesday, April 15, 2008

၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်(၁)

ကြည်သာချမ်းမြေ့တဲ့ အတာသင်္ကြန်ရဲ့အတက်နေ့သို့ပင် ရောက်လာပေပြီ။ အသက်တွေသာ ကွာခြားလျှင်ကွာခြားမည် မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးသည့်စိတ်၊ ခုံမင်နှစ်သက်သည့်စိတ် ကတော့ အားလုံး အတူတူပင်ဖြစ်၏။ ထို့ကြောင့်လည်း ရေခြားမြေခြား ဝေးကွာသောအခါ မြန်မာတို့ အလွမ်းဆုံးပွဲတော် ၊ အမျှော်လင့်ဆုံး ပွဲတော်ကား သင်္ကြန်ပွဲတော်ပင်ဖြစ်နေသည် မဟုတ်ပါလော။ ယခုလဲကြည့်လေ သင်္ကြန်မောင်၊သင်္ကြန်မယ်၊ Blogerမောင်၊Blogerမယ် တို့ သင်္ကြန်(၄)ရက်လုံးလုံး သပြေခက်နှင့် ရေပက်သူကပက် ၊ရေမွှေးပုလင်းလေးတကိုင်ကိုင်နှင့် ခြေဆုံးခေါင်းဆုံး ရေမွှေးဖြန်းသူကဖြန်း၊ စတုဓီသာအလှုလုပ် ကျွေးသူကကျွေး ၊သင်္ကြန်သီချင်းဆိုကာ ကသူက ကနှင့် မြန်မာအပေါင်း မင်္ဂလာ ခညောင်း နေကြသည် မဟုတ်ပါလော။
သို့သော်ငြားလည်း အော့ကြောလန်မောင်မျိုးနှင့် သရုပ်ပျက်အညတရတို့ အုပ်စုကား ရေခွက်တလုံးနှင့် ခွက်စောင်းခုတ်သူကခုတ်၊ ချီးဖတ်(Chevas)ပုလင်း ခါးကြားထိုးပြီး မူးသူကမူး၊ မီးသတ်ပိုက်ကြီးတကိုင်ကိုင်နှင့် လာလည်သူဖော်သဟာ အပေါင်းအား သင်္ကြန်ရေပက်၍ အစွမ်းကုန်ဧည့်ခံနေ၏။ အလိုလေး အဲဒီလောက် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည့် ကာလသားတို့၏ မဏ္ဍ ယခုအခါသမယ သင်္ကြန်အတက်နေ့တွင် မဒီကညာ အပျိုကြီး အပျိုလေး အပျိုပေါက်စကွေး ပေါင်းစုံနှင့် ဆူဆူညံညံ တိုးမပေါက်အောင်စည်ကားနေ၏။ အံ့သြကုန်နိုင်ဖွယ် ထူးဆန်းပေစွ။ အဘယ် အကြောင်းများ ကြောင့်နည်း။ ကြိတ်ကြိတ်တိုးသည့် အကြောင်းရင်းကိုသိပါက ထူးသော်လည်းမဆန်းပေ။ အညတရမဏ္ဍ၏ လေးဖက်လေးတန်သော ထောင့်များတွင် နေရာယူထားသည့် ကြေငြာဆိုင်းဘုတ်ကြောင့်ပင် ဖြစ်၏။ အဘယ်သို့သော ကြေငြာဆိုင်းဘုတ်ပါလဲဟု အမေးမစောလိုက်ပါနှင့်။ ဖတ်ကြည့်တော်မူကြပါကုန်။

"မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ မဟာသင်္ကြန် အတက်နေ့ အထူးအစီအစဉ်"

မြန်မာ့ရိုးရာ သင်္ကြန်အခါသမယတွင် အညတရမဏ္ဍသို့ လာလည်ကြကုန်သော အပျိုကြီး၊အပျိုလေး၊
အပျိုကျန်ရစ်၊အပျိုရွာကျန် အပေါင်းနှစ်သစ်တွင်ပျော်ရပါစေခြင်း အကျိုးငှာ ကျွန်တော် အညတရ၏
ဦးရီးတော် "ဘူးတကာ့ထိပ်ခေါင်၊ ဦးလေးပြောင်"အား သင်္ကြန်အတက်နေ့တွင် ဦးရာလူစနစ်ဖြင့် မဲပေးရွေးချယ်ပြီး စုလျားရစ်ပတ်နေရာချထားမည်ဖြစ်ပါသဖြင့် စောစီးစွာကြွရောက်
နေရာယူပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။ဖုန်းကညာတပါးလုံးရာကပြားသူများမပါ။
ယခုအစီအစဉ်တွင် မပါဝင်သော်လည်း ထိုသူများအတွက် ကြောင်သူတော် ကိုရင်မျိုးက သီးသန့်အစီအစဉ်ရှိပါသဖြင့် ၎င်းထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ို"ဟိုက်ရှားပါး "မြတ်စွာဘုရား၊ မောင်အညတရတယောက် သူ့ဦးလေး ဘယ်လိုနည်းဖြင့် ကြိုးစားကြိုးစား ရည်းစားမရတဲ့ လူပျိုသိုးကြီး ရှေ့တတောင်လောက်ထွက်နေသည့် ဘီယာဗိုက်ပိုင်ရှင်ကို သင်္ကြန်ခါတော်မှီ အစွန်ထုတ်ဖို့ ကြိုးစားနေပါလားကွယ်ရို့။အော်... ဒါကြောင့် အညတရတို့မဏ္ဍက ဘုမသိဘမသိ အပျိုကြီးများ၊ သိသိကြီးနှင့် ဒီဘ၀က လွတ်ပြီးရောဆိုသည့် အပျိုကြီးများ၊ အပျိုကြီးဖြစ်မှာကြောက်သည့် အပျိုမကြီးတကြီးများ ၊ဦးလေးကြီးအရွယ်ကိုမှ ရင်ခုန်သောအပျိုမလေးများ၊ မဲမနှိုက်သော်လည်း လာကြည့်သည့် စပ်စပ်စုစု အပျိုလေးများနှင့် ကြိတ်ကြိတ်တိုး ကြက်ပျံမကျ ကြက်သစ်ပင်ပေါ်တက်နေရအောင် စည်ကားနေခြင်းကိုး....။ အံ့သြကုန်နိုင်ဖွယ် ပါတကား။ ဦးလေးပြောင်၏ တူတော်မောင်အညတရပင် တအံ့တသြဖြစ်ရ၏။ ရွာကျန်အပျိုကြီးများ ဒီလောက်များလိမ့်မည်ဟု သူကြိုတင်သိမထား။ နောက်ဆုံးမည်သို့မှ ထိန်းမရဖြစ်လာသဖြင့် အရက်ပုလင်း ခါးကြားထိုးပြီး မဏ္ဍချောင် တနေရာတွင် မူးပြီးမှေးနေသော အနက်ရောင်အိမ်မက်ကြီးကိုနိုးပြီး အကူအညီတောင်းရ၏။ မူးသာမူးသည် ဒီနေရာမှာတော့ ဒီကောင်ကြီးက အားကိုးရလောက်၏။ အခုလဲကြည့်ပါအုံး။
ကွိကွိကွကွလုပ်ပြီး ဖုန်းတလုံးနှင့်ဘာတွေပြောလိုက်သည်မသိ။တခဏအတွင်းမှာပင် မျှားပြာညိမ်းညိုမောင်ကောင်းအောင်မင်းကျန်စစ်တင့်ထူးရွှေနတ်ရှင်နောင်ကိုရင်ညိန်း ၊ တို့ ဦးဆောင်သည့် ဂေါ်မစွန်အုပ်စု ဂျင်းဘောင်းဘီဆင်တူဝတ်ပြီး အလျှိုလျှိုရောက်လာ၏။ ကိုမျှားပြာက "နှစ်သစ်မှာ အဆင်ပြေပါစေ ကိုအညတရရေ"ဟု ရေကစားမဏ္ဍပေါ်တက်ပြီးနှုတ်ဆက်၏။ မောင်အညတရကလည်း "အမျိုးသမီးတွေ ထိန်းမရသိမ်းမရ အရမ်းတိုးလို့ ဇောချွေးပြန်တာကလွဲရင် အဆင်ပြေပါတယ်ဗျာ"ဟုပြန်ဖြေရာ မျှားပြာက "ဒါတော့မပူနဲ့ ကျုပ်တို့တာဝန်ထား"ဟု အာမခံပြီးစင်အောက်ဆင်းသွား၏။ သူအာမခံ၍သာ "ကျေးဇူးပါဗျာ"ဟု ပြောလိုက်ရသည် အပျိုတွေကြောက်လောက်အောင် သူတို့ခါးကြားမှာ ဗျောက်လည်းမပါ၊ ရေပြွတ်သေနတ်လည်းမရှိ။ ရေမွှေးပုလင်းလေးတောင် အလှပြဆောင်မထားပေ။ ဒုတ်ခေါ သူတို့ဘယ်လို ထိန်းမည် မသိ။ ယနေ့တော့ မောင်အညတရတို့ အြံ့သစရာတွေချည်းဆက်တိုက်တွေ့နေရ၏။ ကိုမျှားပြာ တစုံတခု ပြောလိုက်ပြီးနောက် အမျိုးသမီးများတယောက်မှရှေ့တိုးမလာတော့ပေ။ စပ်စုသည့်အညတရ စင်ပေါ်မှာဆက်မနေနိုင်တော့ မျှားပြာ ဘာပြောလိုက်သည်ကို သိချင်ဇောဖြင့် စင်အောက်ဆင်းလိုက်လာ၏။
့်

ဆက်ရန်........


6 comments:

My Wonderful Moral Thoughts said...

Lu Pyo Tho Gyi yay..,

For myself a twet koung koung lay naw, U bar set yay dot mae so tar I thi nay tha lo pae.., I ko Saw yin twee mae twee mae, Let thee u ma lar, lat war u ma lar?? hinn hinn!! :)

Hahaha, set thar lote heey..,

Happy Myanmar New Year, 1370 ThinGyan 2008 remembrance a twet pae!!

Soe Mya Nandar Thet Lwin

စိုးထက် - Soe Htet ! said...

ဘာတွေ ပြောလိုက်လဲ မောင် မြားပြာက ... ဆက်ရေး :P

မောင်မျိုး said...

လုပ်ချလိုက်ပြန်ပြီနော် ကိုယ့်ပါသာ လာခေါ်ပြီးတော့ ကျနော့်ကိုပါ အဖော်ဆွဲထည့်လိုက်တာ ဟားဟား အော့ကြောလန် ဆိုပါလား ရထူးကတော့ မသေးဘူး လခကဘယ်လောက်ပေးမှာလည်း သေချာပြော ဒီက အလုပ်ခေါ်စာတွေ များလို့  စဉ်းစားနေတာနော်။ ကြောင်သူတော်လုပ်ရတာလဲ ကိုက်သားပဲ ကိုယ့်ပါသာ ရှာမနေရတော့ဘူးပေါ့ ဟီးးးးးးးးး မျှားပြာ ဘာပြောလဲ သိရင် ကျနော့်ကိုလည်း လာပြောပြအုံး အဲ့ဒါမျိုးစိတ်ဝင်စားတယ် ။

ein said...

ဆက်ရန်ကိုအမြန်ဆက်ပါအကိုမီးပြတိုက်ရေ မျှားပြာက ဘာပြောလိုက်တာပါလိမ့်နော်...:P

Apprenticeship said...

set yan myaw ne bar tal

BLACK DREAM said...

ငါ ကိုးနတ်ရှင်ကျနေတာကို အခွင့်ကောင်းယူပြီးတော့ နင် လက်စွမ်းတွေ ပြနေတယ်ပေါ့..။ ကြိုက်တယ်..။ ဒီတစ်ခါ ပုလင်းလာတောင်းရင် Chevas မပြောနဲ့ ထန်းရည်တောင် မပေးဘူး :P