အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, April 4, 2008

မျက်မမြင် ပုဏ္ဏား ........ငါ

ချစ်သူသည်......
ရင်ခုန်နှုန်းမြန်စေပြီး
နှလုံးသားအားညှို့ယူနိုင်စွမ်း၏။
ထို့ကြောင့် ကဝေနှင့်တူ၏။

ချစ်သူသည်......
ခက်ခဲသောပြဿနာများကို
ကူညီဖြေရှင်းပေး၏။
ထို့ကြောင့် မိတ်ဆွေကောင်းနှင့်တူ၏။

ချစ်သူသည်......
မရှင်းလင်းသည်များကို
မကြာမကြာ မေးမြန်းတတ်၏။
ထို့ကြောင့် သမီးလေးနှင့်တူ၏။

ချစ်သူသည်......
ဆိုးနွဲ့တတ်ပြီး
အချော့အလွန်ကြိုက်၏။
ထို့ကြောင့် ညီမလေးနှင့်တူ၏။


ချစ်သူသည်......
အားငယ်သည့်အခါ
အားပေးနှစ်သိမ့်ပေး၏။
ထို့ကြောင့် အမကြီးနှင့်တူ၏။

ချစ်သူသည်......
မှားယွင်းသည်များကိုထောက်ပြပြီး
မှန်ကန်ရာကို ညွှန်းဆို၏။
ထို့ကြောင့် မိခင်နှင့်တူ၏။

ချစ်သူသည်......
ရည်ရွယ်ချက်များကို ပျောက်ဆုံးစေပြီး
အလွမ်းများနှင့်ကျန်ရစ်စေ၏။
ထို့ကြောင့် မာရ်နတ်နှင့်တူ၏။

ထိုထိုသောအရည်အချင်းများကြောင့်
ကျွန်ုပ် သူ့အားမေ့မရသည်ကို
အကြင်သူတို့ နားလည်ကြပါကုန်........

8 comments:

မောင်မျိုး said...

ချစ်သူသည် ဘာညာကွိကွက်တွေလုပ်တတ်သောကြောင့် မမူးပဲရစ်သော ဦးသာဂိ( အရက်သောက်တော်တယ် ) နှင့်တူသည်။

ချစ်သူသည် ပြဿနာများ အမြဲဖန်တီးတတ်သော ကြောင့် သားဆိုး နှင့်တူသည်။

ချစ်သူသည် သိရဲ့သားနဲ့  မသိချင်ယောင်ဆောင်မေးတတ်သောကြောင့်
အင်မတန်အမူပိုသော အကယ်ဒမီရ မင်းသမီးနှင့်တူသည်။

ချစ်သူသည်နှလုံးသားနဲ့ ဘ၀ကို
သတ်ဖြတ်ဖျက်ဆီးတတ်တဲ့
မာရ်နတ်တစ်ပါးပါပဲ။
ဖြူစင်သန့် ရှင်းအေးချမ်းကြည်လင်တဲ့
စိတ်ဓာတ်တွေ အကန့် အသတ်မဲ့
ဘ၀တိုးတက်မှုတွေကို နှောင့်နှေးရပ်တန့် 
ချုပ်ဆုံးသွားစေတဲ့အရာဟာ
အချစ်ခံ၇တဲ့ချစ်သူပါပဲ။

( ကဗျာကို ၀င်ဖျက်သွားတာ ဘာမှမဟုတ်ဘူး ချိတ်မဆိုးကြေးနော့် ဘုန်းကြီးရေ့ ..........
ပုံ/
ကိုရင် မောင်မျို

ရွှန်းမီ said...

သူရေးမှပဲ .. ဘာနဲ့တွေ့တွေ့ ချစ်သူကို သတိရနေတော့မှာပေါ့. ..
ကွန်ပြူတာနဲ့ရော တူနေဦးမယ်နော် . .. :P
စ တာပါ. . .
မမေ့နိုင်တာ မေ့သွားတာထက် ကောင်းပါတယ်.. မှတ်မိတာနဲ့ စွဲလမ်းတာ မတူဘူးလေ ..
အတင်း မေ့ပစ်ရပြီးတော့ စွဲလမ်းမှုကို မဖျောက်နိုင်ရင် မကောင်းဘူး . .

နွေမုန်တိုင်း said...

ဟုတ်လှချည်လား ကိုယ့်လူ .ကျန်သေးတယ် ချစ်သူက ဟိုဟာ နဲ့လည်းတူသေးတယ်လေ ..အဟီး ပန်းပွင့်လေး ပြောတာနော် :D စာသားလေးတွေလန်းတယ်ဗျာ မိုက်တယ် ထိတယ် :D

မေမိုးမခ said...

ကောင်းတဲ့ဖွဲ့ဆိုချက်လေးပါ
သေချာပြီ ကဗျာဆရာကိုယ်တိုင် ခံခဲ့ရလို့ထင်တယ် ဟီးဟီး

မြန်မာပြည်ကိုလွမ်းတယ် said...

နာတော့ချစ်သူကို ရေခဲသေတ္တာကြီးနဲ.ပဲ
တူစေချင်တယ်။ဟီးဟီး။အကြင်သူတို.နား
လည်ကြပါကုန်...။ဒူဝေ..ဝေ...ဝေ။

ရွှေပြည်သူ said...

အစအဆုံး ဖတ်အပြီးမှာ ပထမဆုံးတွေးမိတာက “မှန်လိုက်တာ”လို့... သိပ်ကောင်းတဲ့ ကဗျာလေးပါ။ ဘာလို့ မေ့မရလည်းဆိုတာကိုလည်း နားလည်သွားပါတယ်။ ကဗျာကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်။ ကိုအညတရ ပျော်ရွှင်နိုင်ပါစေ...

BLACK DREAM said...

ကဗျာကမိုက်လှချည်လား..ရင်ထဲကဟာတွေ အံထွက်လာပြီထင်တယ်...ကြိတ်ထားဟ..ပြတိုက်ကြီးရ :)

စိုးထက် - Soe Htet ! said...

ကဝေ၊ မာရ်နတ် ဆွေမျိုးသားချင်း မိတ်ဆွေ နှင့် တူသော ချစ်သူ ကဗျာကို လာရောက် ခံစားပါ၏ ... မှန်၏ :)