အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, April 2, 2008

ချစ်သူသို့

ချစ်သူရေ........
လွယ်လွယ်နဲ့ ကြွေခဲ့ပေမယ့်
လွယ်လွယ်နဲ့ ဝေခဲ့တာမဟုတ်ဘူး...


ရက်စက်တဲ့ ကံကြမ္မာလေဝေ့လို့
သစ်စိမ်းချိုးကျိုး သစ်ရွက်ခြွေကြွေခဲ့ပေမယ့်
လွှင့်မြောနေတဲ့ သံသရာထဲမှာ
တ၀ဲလည်လည် လည်ပတ်ရင်း
တချိန်တခါက ပျော်ရွှင်စွာဝေခဲ့ဘူးတဲ့
ရွှေနန်းဘုံယံဆီသို့သာငေး တွေးမိတာ...

ခြွေကြွေ ဝေးပေမယ့်
ဖြေမပြေ ဆွေးရယ်ကြောင့်.......
သူအထီးကျန်လေမလားရယ်လို့
ရင်မှာမင်းအတွက် စိုးနှောင့်ဗျာပွေ........



ထာဝစဉ်ပင်ယံမှာဖူး
ပင်ထက်မှာဝေခွင့်မရရင်လဲ
မင်းခြေမှာစင်း မင်းရင်ကိုအားသစ်စေဖို့
မြေဆီသြဇာဖြစ်ပါရစေ........
ချစ်သူ အခက်အသစ်မပွေပါစေနဲ့
ချစ်သူ ရွက်သစ်ဝေပါစေ......
ဘ၀ဟောင်းကိုမေ့
ဘ၀သစ်မှာ ပျော်ပါစေ........



***နွေဦးမှာဝေ နွေဦးမှာကြွေခဲ့ရတဲ့
ဟိုး...တချိန်တခါဆီသို့ အမှတ်တရ***

10 comments:

မောင်မျိုး said...

အော် အစ်ကိုလည်း နွေးဦးမှာ ကြွေဖူးတယ်ကို အသည်းး) ။ 1 ဂိုး 2 ကမ်းပေါ့ ဟုတ်ဘူးလား အကြည့်တွေ ဘယ်မှာ သွားထားလို့ လဲ ကြည့်ပစ်လိုက်စမ်းပါဗျ။

မြန်မာပြည်ကိုလွမ်းတယ် said...

ထာဝစဉ်ပင်ယံဖူး၊ပင်ထက်မှာဝေခွင့်မရရင်လဲ
မင်းခြေရင်းမှာစင်း၊မင်းရင်ကိုအားသစ်စေဖို.
မြေဆီသြဇာဖြစ်ပါရစေတဲ့။ဖတ်လိုက်ရတာနဲ.
စွန်.လွှတ်အနစ်နာခံချင်တဲ့ချစ်ခြင်းလေးကို
တွေ.လိုက်ရတယ်။ချစ်သူအတွက်စိတ်ပူပန်
ပြီးဆုတောင်းပေးနေတဲ့သူငယ်ချင်းရေ..
သူငယ်ချင်းရဲ့ချစ်ခြင်းကို သူငယ်ချင်းရဲ့
ချစ်သူကြားသိပါစေလို.ဆုတောင်းပေးလိုက်
ပါတယ်။

ရွှေပြည်သူ said...

“ချစ်သူ အခက်အသစ်မပွေပါစေနဲ့... ချစ်သူ ရွက်သစ်ဝေပါစေ” ဆိုတဲ့ နေရာလေးကို ထပ်ခါထပ်ခါ ခံစားသွားပါတယ်။ အရမ်းလှတဲ့ အသုံးအနှုန်းလေးပါ။ ကဗျာလေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ပျော်ရွှင်ပါစေ ကိုအညတရရေ...

မောင်လေးမောင်မျိုးကို ကြည့်ရတာ “အကြည့်”ရဲ့ အရှိန်မသေသေးဘူးထင်တယ်။ အခုထိ ကြည့်ခိုင်းတုန်း :D

စိုးထက် - Soe Htet ! said...

အမှတ်တရတွေ ပြေလည်ပါစေ :D

အိမ်လေး said...

ဟိုး...တချိန်တခါဆီကအမှတ်တရတွေတဲ့လားဗျ...း)

အမရာ said...

အချစ်ဆိုတာ
တကယ်ချစ်တတ်သူတွေ
အတွက်ထာဝရလွမ်းမောစရာပါ.....

စိုးထက် - Soe Htet ! said...

:)

Layma said...

ငိုတောင်ငိုချင်လာပြီ

ရွှန်းမီ said...

ဟုတ်တယ်..
ကဗျာက ငိုချင်စရာလေး အစ်ကိုဟတ်.. . .
လွမ်း တမ်းတ နေရာက ချစ်သူကိုလည်း အဆင်ပြေ ဝေ စေချင်တဲ့ စိတ်ကူးလေးကို လေးစားပါတယ်။

BLACK DREAM said...

ကြွေမယ်ဆိုလည်း တစ်ပင်လုံးကုန်အောင်ကြွေကွာ..ဒါမှ ထပ်ကြွေစရာမရှိတော့မှာ...နောက်တစ်နွေရောက်ရင် တော့လည်းတစ်မျိုးပေါ့..အဟောင်းတွေ ကြွေနေသ၍တော့ အသစ်တွေလည်း ဝေနေအုံးမှာပဲ