အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, March 29, 2008

အကြည့်


စူးရှတဲ့အကြည့်၊မြူးကြွတဲ့အကြည့်
ခက်ထန်တဲ့အကြည့်၊အမျက်မာန်နဲ့အကြည့်
သောကပွေတဲ့အကြည့်၊မောဟထွေတဲ့အကြည့်
ရှက်ပြုံးဝေတဲ့အကြည့်၊ရမက်ခိုးဝေတဲ့အကြည့်
ကြည်ညိုတဲ့အကြည့်၊လေးစားတဲ့အကြည့်
ဘ၀င်ကျတဲ့အကြည့်၊ဘ၀င်မြင့်တဲ့အကြည့်
အားကျတဲ့အကြည့်၊နွားဟဆိုပြီးကြည့်တဲ့အကြည့်

မထီတဲ့အကြည့်၊ရီရွင်တဲ့အကြည့်
အေးမြတဲ့အကြည့်၊ဖေးမတဲ့အကြည့်
မကျေနပ်တဲ့အကြည့်၊အသေသတ်မဲ့အကြည့်
အထင်သေးတဲ့အကြည့်၊အမြင်ဝေးတဲ့အကြည့်
ရှုပ်ချတဲ့အကြည့်၊အဟုတ်ဟဆိုတဲ့အကြည့်
လွမ်းဆွေးတဲ့အကြည့်၊အချစ်ရည်ရွှမ်းလဲ့အကြည့်
ကြည်နူးတဲ့အကြည့်၊ဘ၀င်မြူးတဲ့အကြည့်



အကြည့်.......အကြည့်...............အကြည့်
ဘယ်သူတွေက ဘယ်အကြည့်နဲ့ပဲကြည့်ကြည့်
ဘယ်အကြည့်မှ မတည်မြဲဘူးဆိုတာ
ဘယ်ကတည်းက နားလည်ခဲ့မှန်း
ငါဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး...............

13 comments:

BLACK DREAM said...

သြော်...အကြည့်...အကြည့်..အကြည့်...အင်း...။ :(

စိုးထက် - Soe Htet ! said...

ကောင်းတယ် ... လေးနက်တဲ့ တိုက်ရိုက် စူးနစ် သက်ဆိုင်တဲ့ အကြည့်တွေ ရပါစေ :)

မြန်မာပြည်ကိုလွမ်းတယ် said...

ကဗျာဖတ်နေရင်းနဲ. ဓာတ်ပုံကြည့်လိုက်တာ
မျက်လုံးပုံနဲ.တူတော့ဘူးဟ။ပန်းကန်ထဲမုန်.
ထည့်ထားသလိုပဲ..နာဗိုက်ဆာလာပြီ...ဟီးဟီး
အဲ့ဒါငတ်ကြီးကျတဲ့ အကြည့်ဟ..။

ရွှေပြည်သူ said...

သဘောကျတဲ့အကြည့် အောချတဲ့အကြည့်နဲ့ ဖတ်လိုက်မိပါတယ်။ စကားလုံးကြွယ်ဝပါပေတယ်။ အဓိပ္ပါယ်ကိုလည်း နှစ်သက်မိပါတယ်။း)

မောင်မျိုး said...

ဇီးကွက်ရဲ့ အကြည့် ၊ ကျီးကန်းအကြည့် ကြေကွဲတဲ့ အကြည့် မောပန်းတဲ့အကြည့် ကြည့်ချင်တာကြည့် ဟားဟား ၀င်ပွားကြည့်တာ ဘာမှတော့မဟုတ်ဘူးးးးးးးးးးးးး။

ရွှန်းမီ said...

လာကြည့်သွားပါတယ်.. အကြည့်တွေကိုတော့ မီ မခွဲတတ်သေးဘူး.. ;)
-- ဘယ်သူတွေက ဘယ်အကြည့်နဲ့ပဲကြည့်ကြည့်
ဘယ်အကြည့်မှ မတည်မြဲဘူးဆိုတာ
--
When did you understand this? I didn't know, I didn't realize it!
--
Your expression of thought is a message to open my eyes :)

မောင်အညတရ said...

ကစိုးထက်ရေ...
ဆုတောင်းအတွက် ပျော်ရွှင်တဲ့အကြည့်၊
ပုံမှန်လာလည်တဲ့အတွက် လေးစားတဲ့အကြည့်
မရွှေပြည်ကို...
ကြည်နူးတဲ့အကြည့်၊ကျေးဇူးတင်တဲ့အကြည့်နဲ့
်ကြည့်တယ်...အဟိ...D;
ငတ်ကြီးကျတဲ့ အကြည့်နဲ့ မမေကိုတော့
သနားတဲ့အကြည့်၊အားနာတဲ့အကြည့်နဲ့
ပြန်ကြည့်တယ်ဟေ့ နာလဲဘိုင်ပြတ်နေလို့
ကျွေးဂျာရှိဝူး ဟီး.............
$100,$200 တောင်းတာ အဒူမှလဲပေးဝူးဟ..........
ဇီးကွက်မျက်ပြူးအကြည့်၊ကျီးကန်းတောင်းမှောက်အကြည့်နဲ့
မောင်မျိုး လာထား
ဒီက ကြောင်ကြည့်၊ခွေးကြည့်နေတယ်ဟင်း....
ဘိုင်ပြတ်ပြီး စားဂျာမရှိလို့
အတော်ပဲ တွယ်လိုက်လို့.....D;
ရွှန်းရေ....အကြည့်တွေကို မခွဲခြားတတ်ရင်
ရိုးသားတဲ့အကြည့်နဲ့ကြည့်ပြီး
လူတကာကို ဆက်ဆံဟ
တူသောအကျိုးနဲ့ ရောင်ပြန်ဟပ်ပါတယ်ဟာ
ငါလဲအဲဒီထုံးနှလုံးမူပြီး နေ... နေတာဟ
မှန်မမှန်တော့ တိဘူး
ထီကနဲဆို နာကကွဲပြီးသားပဲ....ဟီ....ဟိ....

HEARTMUSEUM said...

ဟီး..ဟီး...Black အကြည့်...အကြည့်
နင်တော နာ့ကိုဘာကြည့်ကြည့်လဲ
ဟီး... နာတော့ ယောကျာင်္းချင်းချင်း ခပ်ပါးပါးပဲ ...ဟီး
ကြည့်ဘူး.......ဟီး နောက်တာ...ဒေါကန်ပြီး
မိုက်ကြည့်ကြည့်နဲ့နော်........
နာမမေဆီက ဘီယာခိုးတိုက်မယ်.......
ဝမ်းသာတဲ့အကြည့်နဲ့ကြည့်တော့..........

BLACK DREAM said...

ဂလိုဆိုရင်တော့ ဇရက်မင်းစည်းစိမ် အကြည့်နဲ့ ကြည့်ပေးမယ် အဆင်ပြေရင် Dunhill တစ်ဘူးလောက်ပါ ဆွဲထားလိုက်...။ :P

ရွှန်းမီ said...

"အတွေ့" ဇာတ်လမ်း နာမည်ကြီးသလို "အကြည့်" ကဗျာ နာမည်ကြီးလာပြီ :)
အားပေးနေတယ် အစ်ကိုဟတ်..

ဝဿန်ဦး said...

မှိုရတဲ့အကြည့် နဲ့ ဂြိုလ်ထတဲ့အကြည့် ကျန်သေးသပ :P

မောင်အညတရ said...

ဟား...ဟား...ကြိုက်တယ်ဗျို့
ဘာတဲ့...မှိုရတဲ့အကြည့် နဲ့ ဂြိုလ်ထတဲ့အကြည့်
ဟုတ်လား...မိုက်တယ်ကွာ။

Layma said...

တောင်ကြည့် မြောက်ကြည့်.. ကျီးကြည့်ကြောင်ကြည့်နဲ့ ကြည့်သွားတယ်..ကိုအညတရရေ..။