အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Monday, March 17, 2008

ယနေ့တွတ်ပီကံမကောင်းပါလား။

ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်နေတဲ့ သူတို့သားလောင်းရဲ့ ကံမကောင်းအကြောင်းမလှတဲ့ ဇာတ်လမ်းလေးပါခင်ဗျာ။ ၂၈နှစ်ရှိပြီဖြစ်တဲ့ လဗ်ကို့(စ်)ဟာဂျီက သူ့ချစ်သူ လီနီ(၂၆နှစ်) အတွက် စေ့စပ်လက်စွပ် ၀ယ်ယူထားပေမယ့် သူ့ရဲ့ထူးထူးဆန်းဆန်းစိတ်ကူးကြောင့် လက်ထပ်မယ့် အခွင့်အရေး ဟာ လေထဲမှာလွှင့်မြောပျောက်ဆုံး သွားခဲ့ပါပြီ။အစထဲက ယဉ်တဲ့ဇာတ်လမ်းလေးက ဒီလိုပါတဲ့ခင်ဗျာ။

လန်ဒန်အရှေ့ပိုင်း၊ဟတ်နီအရပ်မှာနေတဲ့ ဟာဂျီက သူ့ချစ်သူနဲ့ လက်ထက်ဖို့အရေး ရှေ့ရေးတွေးပြီး စေ့စပ်လက်စွပ် တကွင်းကို ဒေါ်လာ၁၂,၀၀၀ ရင်းပြီးဝယ်ခဲ့ပါတယ်။ ဒီအခိုက်အတန့်လေးမှာပဲ ဇာတ်လိုက်ကျော်ကြီးက ထူးထူးဆန်းဆန်း စိတ်ကူးတခုရပါသတဲ့။ သူ့အတွေးကတော့ စိတ်ကူးယဉ်ဆန်ဆန် စေ့စပ်လက်စွပ်ကို မိုးပျံဘူဘောင်း ထဲမှာထည့်ပြီးချစ်သူကိုပေး၊ အဲဒီနောက် ချစ်သူက မိုးပျံဘူဘောင်းကိုဖောက် မျက်လှည့်ဆန်ဆန် စေ့စပ်လက်စွပ်က လက်ထဲရောက်ပေါ့ခင်ဗျာ။ ဖြစ်ချင်တော့ လက်စွပ်ကို မိုးပျံဘူဘောင်း ထဲထည့်ပြီး ဆိုင်ထဲကအထွက် လေပြေလေးအတိုးမှာ စိတ်ကူးမင်းသားလက်ထဲက မိုးပျံဘူဘောင်းတွေဟာ မိုးပေါ်ကိုပျံတက်သွားပါတယ်။ ကိုယ်ရွှေချော လိုက်ဖမ်းပေမယ့် ဘယ်လိုမှမမှီလိုက်ပါဘူးတဲ့။

တဖြည်းဖြည်းဝေးလွှင့်သွားတဲ့ မိုးပျံဘူဘောင်းနဲ့အတူ သူ့စိတ်ကူးတွေဟာလဲ မျောလွှင့်ပျောက်ကွယ်သွား ပါတော့တယ်။နောက်ဆုံးရလာဒ်ကတော့ သူ့ကို သူ့ကောင်မလေးက သတ်ချင်လောက်အောင် ဒေါသထွက်ပြီး လက်စွပ်မပါရင် ပြောမယ့်စကား ကတော့ sorry ပါတဲ့ခင်ဗျား။ မိုးပျံဘူဘောင်းလေးများ တွေ့ရင်ပြောကြပါခင်ဗျာ။ ကျေးဇူးဆပ်ပါမည်။

***http://news.yahoo.com/s/nm/20080314/od_nm/engagement_dc;_ylt=Aglnkx1E19CklIqvJQbo0VQDW7oF
ကို ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။***

1 comment:

Anonymous said...

မိုးပျံပူဖောင်းတော့တွေ့တယ်.. လက်စွပါမပါတော့ မသိဘူးနော်..။ကြံ၂ဖန်၂ လုပ်တာကိုး..။ လေးမတော့ အဲဒီပူဖောင်းလေး အိမ်ရှေ့ ကျလာရင် သိပ်ကောင်းမှာပဲလို့တောင်းတမိတယ်..။