အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Tuesday, February 12, 2008

ယုံလားတော့မသိဘူး.....

အိုး...မင်းကိုချစ်ချက်ကတော့ကွာ
ပြော...မပြောချင်ဘူး...။
အိပ်လဲ မင်းစိတ်၊
စားလဲ မင်းစိတ်၊
သွားလဲ မင်းစိတ်၊
စာဖတ်လဲ မင်းစိတ်၊
အလုပ်လုပ်လဲ မင်းစိတ်၊
လက်ဖက်ရည်ဆိုင်ထိုင်လဲ မင်းစိတ်၊
သူငယ်ချင်းနဲ့ စကားပြောလဲ မင်းစိတ်၊
အရက်သောက်လဲ မင်းစိတ်၊
အိုး.....ကုန်ကုန်ပြောမယ်ကွာ.....
တခြားမိန်းကလေးနဲ့ Dateထွက်သွားတောင်မှ
မင်းစိတ်နဲ့ ကိုယ့်ကိုပါကွာ။
အိုး.....မင်းကိုချစ်ချက်ကတော့လေ
ပြောမပြောချင်ဘူး.....
အဲဒီလို.....အဲဒီလို.....

No comments: