အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, February 6, 2008

တလပြည့် မှတ်တမ်း

နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းခညောင်းပါစေလို့ ဆုတောင်းရင်း ကျွန်တော့် blog အသစ်ကလေးကို နှစ်သစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီblog ကလေး ဖြစ်မြောက်အောင်အစစအရာရာ အကူအညီပေး ခဲ့တဲ့ ညီလေး A.Mကို ကျေးဇူးတင်ပါတယ်လို့ ဦးဦးဖျားဖျား ကျေးဇူးစကား ဆိုချင်ပါတယ်။ သူ့အကူအညီမပါရင် ကျွန်တော် ဒီနေ့ ဒီpostကို ရေးနိုင်ဦးမှာမဟုတ်ပါ။ နည်းပညာနဲ့ ပက်သက်လာရင် အသိပညာနည်းပါးလှတဲ့ ကျွန်တော့်ကို မသိတာရှင်းပြ စိတ်မရှည်တာ သူကိုယ်တိုင် လုပ်ပေးရင်း ဒီ blogလေး ရုပ်လုံးပေါ် လာပါတော့ တယ်။ (ဟဲ...ဟ..ဲ. အဆဲခံရအောင် ပြောလိုက်အုံးမယ် ဘယ်လိုမှ စိတ်မရှိနဲ့ စာစီစာရိုက်နဲ့ postလေးလဲ ကူရေး ပေးအုံးနော့်။) ဒီနေ့ဒီအချိန်မှာ အခြား ကျေးဇူးတင်ရမယ့် သူတဦးကိုလည်း ကျေးဇူးတင်ကြောင်းဆိုပါရစေ။
်ကျေးဇူးစကား ဆိုသော်ငြားလည်း သူ့ကိုကျွန်တော် ထိုအချိန်က လုံးဝ မသိပါ။မှတ်မှတ်ရရ ကျွန်တော်သွားလည် နေကျ မလင်း(amhattaya.blogspot.com)ရဲ့ ညနေခင်းသတင်း ကိုဖတ်ရင်း မင်းကျန်စစ်ရဲ့ ရသကမ္ဘာထဲရောက် သွားပြီှး သူ့ရဲ့Blogသင်ပုန်းကြီးစာအုပ်ဖတ်မိပါတယ်။ ရေငတ်တုန်း ရေထဲကျတဲ့ကျွန်တော်ဟာ စိတ်ကူး ရပြီး ဒီBlogလေး ဖန်တီး ဖြစ်သွားပါတော့တယ်။ (ကိုယ်ကိုတိုင် လုပ်ရင်ကြာနေအုံးမယ်။သူ့ဟာက ချက်ပြီး အဆင်သင့် ခူးခပ်ပြီးရေးရုံပါ။ Blog ရေးလိုသော်လည်း ဦးနှောက်မစားလိုသော ကျွန်တော့်လိုငပျင်းများအား လက်တို့ပြီး ပြော လိုက်ပါသည် ခင်ဗျား။) ဒီနေရာလေးကို ကျွန်တော် ယုံကြည်တဲ့၊ခံစားရတဲ့ ရင်တွင်း ဖြစ်များအား ကျွန်တော်နဲ့ ယုံကြည်ချက်ခြင်း တူညီသော သူငယ်ချင်းများနဲ့ အမြင်ဖလှယ်ရာ၊ သတင်းဖလှယ်ရာ၊ ဆုံဆည်းရာ နေရာလေး တခုအဖြစ် ရည်ရွယ် ဖန်တီးပါတယ်။ (ထို့ကြောင့် လာလည်သူ နည်းသည် များသည်မှာ ကျွန်တော့် အတွက် အရေးမကြီးပါ။) နောက်ဆုံးအနေဖြင့် ကိုယ်ပိုင် Blogလေးတစ်ခုလုပ်ဖို့ အချွန်နဲ့မခဲ့ကြတဲ့ သူငယ်ချင်းများကို လည်း ကျေးဇူးတင်ကြောင်းဆိုပါရစေ။

1 comment:

ရတနာစိုး said...

တလပြည့်မှာသည် နောင်နှစ်ပေါင်း များစွာတိုင် ဘလော့ရေးခြင်းမှာ ပျော်မွေ့နိုင်ပါစေရှင်။