အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, January 19, 2008

" တကယ်လို့များ ၊ သူမုန်းသွားရင်... "

နှင်းကြွင်းငွေ့ငွေ့...
ဆောင်းနှောင်းနေ့တွေ ၊ ငြိမ်သက်ရှည်လျား
ကိုယ့်ကိုထား၍ ၊ ဖြတ်သွားကျော်လွန်
အိမ်မက်နွံမှာ ၊ နစ်ကျွံကျန်ရစ် ။

သန်းယံတ၀က် ၊ ကာရန်ပျက်ည
နက်ရှိုင်းစွလေ ၊ တမ်းတညည်းညူ
ချစ်သူအဝေး ၊ ကိုယ့်အတွေးတွေ
သွေးလေခြောက်ခြား ၊ မေ့ပြီလားဟင် ။

ကလေးရေ...လို့
ခေါ်နေခဲ့မိ ၊ သူမသိချေ
တွယ်ငြိနှောင်ငင် ၊ သံယောဇဉ်တို့
ရှင်သန်နေမြဲ ၊ ကိုယ့်ရင်ထဲမှာ
စွဲလန်းတသ ၊ မေ့မရဘူး ။

" တကယ်လို့များ ၊ သူမုန်းသွားရင်... "
အားငယ်တတ်မြဲ ၊ မျက်ရည်ဝဲလို့
ကြေကွဲဆို့နင့် ၊ သောကဖြစ်မိ
မချစ်စဖူး ၊ အချစ်ဦးမို့
ရူးတယ်ဆိုလဲ ခံရုံပဲကွယ် ။

***
"ကိုထူးအိမ်သင်" ရေးသားခဲ့သောကဗျာ ကို မူရင်းအတိုင်း
htooeainthin.com မှကူးယူဖော်ပြပါသည်။***

1 comment:

Yan said...

မောင်စိန်ဝင်းကဗျာလေး ဖတ်နေရသလိုပဲ.

ကောင်းတယ်ဗျာ. နောက်လည်း ဒါမျိုးလေးတွေ ဝေမျှပေးပါဦး...