အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, February 25, 2011

အီဂျစ် ဒီမိုကရေစီ တော်လှန်ရေး အကြောင်း ဂူဂဲ(လ်)ကုမ္ပဏီ အမှုဆောင် အရာရှိ ဝေး(လ်)ဂူနင်(မ်)၏ ကမ္ဘာကျော် တွေ့ဆုံ မေးမြန်းခန်း

အီဂျစ်က ဒီမိုကရေစီ တော်လှန်ရေး အကြောင်း တစေ့တစောင်းကို ဂူဂဲ(လ်)ကုမ္ပဏီ အမှုဆောင် အရာရှိ ဝေး(လ်)ဂူနင်(မ်) နှင့် မီဒီယာများ တွေ့ဆုံ မေးမြန်းခန်းများ မှတဆင့် လေ့လာ သင်ခန်းစာ ယူနိုင်ပါတယ်။ သူတို့ အီဂျစ်မှာလဲ ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်အစိုးရ လိုပါပဲ ကိုယ့်အခွင့်အရေးကို ရဖို့ ကိုယ့်အသိစိတ်နဲ့ကို ဒီမိုကရေစီ တောင်းဆိုသူများကို နိုင်ငံခြား ကြိုးဆွဲရုပ်၊ ကလေကချေ အရှုပ်ထုပ်များ အဖြစ် ပုံဖော်စွပ်စွဲ တရားလက်လွတ် ဖမ်းဆီးထောင်ချ လူမသိသူမသိ သတ်ဖြတ်ခံကြ ရပါတယ်။ ဒီတွေ့ဆုံ မေးမြန်းခန်းတွေကို နားဆင်ခံစား ဆင်ခြင်သုံးသပ်ပြီး ထိုမှတဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား မျိုးချစ်များ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးများ လွတ်လပ် ငြိမ်းချမ်းရေး၊ ခွင့်တူ ညီမျှရေး၊ ဒီမိုကရေစီ အခွင့်အရေးများကို ခံစားရေးအတွက် တရားမျှတစွာ ကြိုးပမ်း နိုင်ကြပါစေ။

ဝေး(လ်)ဂူနင်(မ်)ဟာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး၊ လခအရဆုံး နာမည်အကြီးဆုံး ကုမ္ပဏီတွေထဲက တခု အပါအဝင်ဖြစ်တဲ့ ဂူဂဲလ် အင်တာနက် ကုမ္ပဏီရဲ့ အရှေ့အလယ်ပိုင်း ရုံးခွဲရှိရာ UAE မှာ အမှုဆောင် အရာရှိ အဖြစ် အလုပ်လုပ် နေရာက အီဂျစ်မှာ ဖြစ်ပွားတော့မယ့် ဒီမိုကရေစီ ဆန္ဒပြပွဲတွေမှာ ကိုယ့်အသိစိတ်နဲ့ကို ကိုယ်ကျိုးစွန့်ပြီး ပါဝင် ဆင်နွဲဖို့ အလုပ်ကနေ ခွင့်(၆)ရက် ယူပြီး ကိုင်ရိုမြို့ကို ပြန်လာခဲ့သူပါ။ ကိုင်ရိုက ဆန္ဒပြပွဲတွေမှာ ပါဝင်ရင်း အရပ်ဝတ် အီဂျစ်ရဲများရဲ့ စောင့်ကြည့် ဖမ်းဆီး ခံရပြီး လူမသိ သူမသိ သူကိုယ်တိုင်တောင် ဘယ်မှာ ရောက်နေမှန်း မသိနိုင်တဲ့ အချုပ်ခန်းတခုမှာ (၁၂)ရက်တိုင်တိုင် ဖမ်းခံရသူပါ။ အဖမ်းခံရာက ပြန်လွတ်မြောက်လာ ချိန်မှာ အများရဲ့ သူရဲကောင်းပြုမှုကို ခံရသော်လဲ ကိုယ့်ကိုယ်ကိုဖော် မသူတော် လုပ်မနေပဲ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆိုရင်း စစ်အာဏာပိုင်တို့ရဲ့ အကြမ်းဖက် နှိမ်နင်းရန် ကြိုးပမ်းမှုကြောင့် နိုင်ငံနဲ့ လူမျိုးအတွက် လမ်းမတွေပေါ်မှာ အသက်ပေး သွားကြတဲ့ ကျဆုံးလေပြီးသော အညတရ သူရဲကောင်းများကို ဦးညွတ် ဂုဏ်ပြုရင်း ဒီမိုကရေစီ ရရှိဖို့ သူပိုင်သမျှကို စွန့်လွှတ် အသက်ပေးမယ်လို့ ဂတိပြုသစ္စာဆိုရင်း အာဏာပိုင်များကို တွေ့ဆုံ မေးမြန်းခန်း မှတဆင့် စိန်ခေါ်ခဲ့သူပါ။ အောက်မှာ ဖော်ပြထားတဲ့ တွေ့ဆုံ မေးမြန်းခန်း တွေဟာ သူ့ရဲ့ ကမ္ဘာကျော် မေးမြန်းခန်းပါ။ အောက်က (၂)ခုက အာရပ်လို ဆိုပေမယ့် အာရပ်ဘာသာမှ အင်္ဂလိပ်လို ဘာသာပြန်ပြီး ဖြစ်ပါတယ်။ အချိန်မရလို့ မြန်မာ ဘာသာပြန် မပေးနိုင်တာ ကိုတော့ ခွင့်လွှတ်တော်မူ ကြပါရန်........)





Thursday, June 3, 2010

ကွဲကွာခြင်း


ထားခဲ့ပါတော့ မှားခဲ့တာကကိုယ်
အချစ်စစ် ခုံရုံးမှာ
သစ္စာမဲ့သူ ကတိမတည်သူ
မျက်နှာများသူ ပွေရှုပ်သူ
ကျေးဇူးမသိတတ်သူ မေ့လွယ်သူ
ကြိုက်ရာစွဲချက်နဲ့တင် အမိန့်ချလိုက်ပါတော့
ကိုယ်ဘာမှ လျှောက်လဲချက် မပေးလိုတော့ပါဘူး
နှလုံးမအေးပေမဲ့
ရင်နာစွာနဲ့ အရှုံးပေးလိုက်တယ်။



ချမှတ်တဲ့ အပြစ်ဒဏ်
အလွမ်းထောင်ဒဏ် တသက်
ကိုယ့်မျက်ရည်ကို အဖော်ပြု
တဆွေးမြေ့မြေ့ ခံပါ့မယ်။
ဒါပေမယ့်လဲ........
မင်းမယုံကြည်တဲ့ အသဲကို
သက်သေပြု သစ္စာတခု ဆိုပါရစေ........
မင်းကို ချစ်ခဲ့တယ် ချစ်နေဆဲ
နောက်ဆုံး ထွက်သက်ထိ
ချစ်သွားမယ်.......

***မေ(၃၁) အမှတ်တရ........***

Friday, April 30, 2010

Burma is a land of creation, innovation, inspiration.

The Burmese Student Association at UCLA is proud to present a screening of a brand new documentary: "Rangoon Cocoon", on another side of Burma, a vibrant Burma that hasn't stopped dreaming.

Join us Wed. May 12 @ De Neve Auditorium, starting at 7 pm to discover for yourself, the enduring spirit of the Burmese people.

Press release:
Headlines claim: Burma is a land of blood and tears. A land of raised fists against raised batons. A land scarred by cyclones and drug trade.

And yet, Burma is also a land of creation, innovation, inspiration. A cocoon where a thousand metamorphoses take place and a thousand butterflies take flight - rock stars and intellectuals, journalists and bar owners, high tech monks and transsexuals, contemporary artists and daredevil entrepreneurs. Even caught in a nightmare, Burma never stops dreaming.

The documentary presented this year at UCLA is the fruit of the 15,000 pictures and 40 hours of video they brought back. More than a tribute to the enduring spirit of the Burmese people, “Rangoon Cocoon – A story of Burmese Butterflies” illustrates how the faintest flapping of wings can herald the most profound changes.

Type : Music/Art Opening

Sample of Burmese Culture, Beauty & Art: Video; Music & View Point

Date : Wednesday, May 12, 2010

Time :7:oo P.M to 10:00 P.M

Location :De Neve Auditorium

Street :351 Charles E Young Drive

City/Town : Los Angeles, CA


http://www.rangooncocoon.com/

Friday, July 3, 2009

ရင်ထဲမှာ မင်းရှိတယ်

တချိန်ချိန်မှာ လာလေမလား ရယ်လို့
တယောက်သော သူကို စောင့်နေတယ်။
စက္ကန့်မှ မိနစ်၊ မိနစ်က နာရီ
တမိုးသစ်ပြီး တနေစောင်းလဲ
ချစ်သူလုံးဝ ပေါ်မလာပြီ။

သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လဲ မင်းမထူး
email ပို့လဲ အကြောင်းမပြန်
မင်းတယောက် နေမှကောင်းရဲ့လား............

တမိုးအောက်ထဲပေမယ့်
တယောက်တနေရာဆီ
သတိရရင် ခေါင်းကိုမော့
သာစဲ သာမြဲ လမင်းကြီးကိုကြည့်
စကားတွေ တ၀ကြီးပြော
ကို့အနားမှာ မင်းရှိသလို.............
ချစ်သူရောက်ရာအရပ်မှာ ပျော်ပါစေ။
ငါကတော့ တယောက်ထဲပဲ
ရင်ထဲမှာတော့ မင်းရှိတယ်။


***တချိန်က တနေရာရာမှာ ဖော်ပြခဲ့တဲ့ ကိုယ်တိုင်ရေးပါ။ ဆားချက်တယ်လို့ မထင်ပါနဲ့...... ဆားချက်တာပါ။ အမှတ်တရလေးမို့ မေ့မေ့ ပျောက်ပျောက်ထားရင် ကဗျာလေး ပျောက်ပျက်သွားမှာ စိုးရိမ်လို့ ပြန်လည်တင်ဆက် လိုက်ပါတယ်ဗျာ။ ***